မြန်မာ့နွေဦး

တော်လှန်ရေးကို အားဖြည့်ဖို့ “မမများနဲ့ ပွဲကမယ်” ရန်ပုံငွေ အစီအစဉ် ထပ်မံပြုလုပ်

မဲခေါင် 4 Jan - 2023
စစ်အာဏာရှင် ဖြုတ်ချရေး လက်နက်ကိုင် တော်လှန်ရေးကို အားဖြည့်ဖို့အတွက် ရန်ပုံငွေ ထောက်တိုင် အဖြစ် ပါဝင်နေတဲ့ “မမများနဲ့ ပွဲကမယ်” ရန်ပုံငွေ အစီအစဉ်ကို (၄) ကြိမ်မြောက် ပြုလုပ်သွားမယ်လို့ သိရပါတယ်။

အခုတကြိမ် “မမများနဲ့ ပွဲကမယ်” ပရောဂျက်ကိုတော့ ဇန်နဝါရီလ ၅ ရက်နေ့ကနေ ဖေဖော်ဝါရီလ ၅ ရက်နေ့ထိ အလယ်ပိုင်းဒေသ – Central Region အတွက် ရည်ရွယ်ကာ ၁ လတိတိ ကျင်းပမှာဖြစ်ပြီး ငွေပမာဏ မသတ်မှတ်ထားတဲ့ ပုံစံနဲ့ ပြုလုပ်မှာ ဖြစ်တယ်လို့ သိရပါတယ်။

“မမများနဲ့ ပွဲကမယ်” ရန်ပုံငွေရှာဖွေတဲ့ ကမ်ပိန်းကို ပထမအကြိမ်မှာ ကရင်နီပြည်နယ်အတွက် ကျပ်သိန်း ၅,၀၀၀ ကျော်၊ ဒုတိယအကြိမ်မှာ စစ်ကိုင်းတိုင်း အတွက် ကျပ်သိန်း ၂၇,၀၀၀ ကျော်နဲ့ တတိယ အကြိမ်မှာတော့ ချင်းပြည်နယ်နဲ့ မကွေးတိုင်း အတွက် ကျပ်သိန်း ၁၅,၀၀၀ ရရှိဖို့ ရည်ရွယ်ပြုလုပ် အောင်မြင်ခဲ့ပြီး ဖြစ်ပါတယ်။

ဒီကမ်ပိန်းတိုင်းမှာ ပြည်တွင်း၊ ပြည်ပက ပါဝင်အားဖြည့်ခဲ့လို့ ရည်ရွယ်ထားတာထက် ရာခိုင်နှုန်းများစွာ အောင်မြင်ခဲ့တာကြောင့် ရည်မှန်းချက် ပန်းတိုင်ဖြစ်တဲ့ လက်နက်ကြီးတွေ တပ်ဆင်ပြီး တန်ပြန်ထိုးစစ်ဆင်နိုင်ရေး စတင် လုပ်ဆောင်နိုင်ပြီလို့ သိရပါတယ်။

“မမများနဲ့ပွဲကမယ်” ရန်ပုံငွေ ကမ်ပိန်းတွေက သက်ဆိုင်ရာ ဒေသတွေကို ထောက်ပို့ရာမှာ ဒေသရဲ့ မြေပြင် အနေအထားနဲ့ တိုက်ခိုက်ရေးပိုင်း ကျွမ်းကျင်သူတွေဖြစ်တဲ့ ဒေသ လက်နက်ကိုင် အဖွဲ့အစည်းတွေ၊ စစ်ဦးစီးချုပ်တွေကို ကာကွယ်ရေးဝန်ကြီးဌာနက ချိတ်ဆက် ထောက်ပို့တဲ့ စနစ်နဲ့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ထောက်ပို့ရာမှာ လက်နက်ကိုင် အဖွဲ့အစည်းတွေ အမှန်တကယ် ထိုးစစ်ဆင်နိုင်ဖို့ ကာကွယ်ရေးဝန်ကြီးဌာနက ဦးစီးပြီး လက်နက်တွေ ဝယ်ယူဖို့နဲ့ ပို့ဆောင်ဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

မြန်မာ့နွေဦး

Non-CDM အမျိုးသားဝန်ထမ်းတွေကို စစ်မှုထမ်းဖို့ ဆင့်ခေါ်တာကြောင့် ကလောမြို့ကဌာနဆိုင်ရာ ဝန်ထမ်းတွေ ထွက်ပြေး တိမ်းရှောင်နေ

ကလောမြို့နယ်တွင်း ဌာနဆိုင်ရာ အသီးသီးက ရာထူးကြီးပိုင်း ဝန်ထမ်းတွေဟာ အောက်ခြေဝန်ထမ်းတွေကို အသိမပေးဘဲ စစ်ကောင်စီကို စစ်မှုထမ်းစာရင်း ပေးထားတာကြောင့် အမျိုးသားဝန်ထမ်းတွေ တိမ်းရှောင်နေတယ်
မြန်မာ့နွေဦး

မြန်မာလုပ်သား ၁၇ ဦးကို ထောက်ပို့လို့စွပ်စွဲကာ လာအိုရဲဖမ်းဆီးပြီး မြန်မာစစ်တပ်ကိုလွှဲပေး

ရွှေတြိဂံနယ်စပ် လာအိုနိုင်ငံ၊ ကာစီနိုမြို့တော်မှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသား ၁၇ ယောက်ကို စစ်ကောင်စီက ထောက်ပို့လို့ စွပ်စွဲပြီး လာအိုရဲတွေဆီ အကြောင်းကြားပြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

လွတ်ငြိမ်းနဲ့လွှတ်ပြီးမှ ပြန်ဖမ်းသွားတဲ့ ဒေါက်တာခလမ်ဆမ်ဆွန်ကို နေအိမ်ပြန်ရောက်ဖို့ မျှော်လင့်တယ်လို့ KBC ထုတ်ပြန်

လွတ်ငြိမ်းနဲ့လွှတ်ပြီးမှ စစ်ကောင်စီက ပြန်ဖမ်းသွားတဲ့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC ) အကြံပေး သိက္ခာတော်ရဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်မှာ ကျန်းမာရေးအားနည်းပြီး ဆေးဝါးကုသမှုခံယူရန် လိုအပ်နေသူဖြစ်လို့ မိသားစုနေအိမ်သို့အမြန်ဆုံး ပြန်လည်ရောက်ရှိရန် အထူးမျှော်လင့်တယ်လို့ KBC က ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြ၀တီ သေဆုံးခြင်း

“ ဘာတွေဖြစ်ပျက်သွားသလဲဆိုတာ ကျွန်တော်တို့ အတိအကျတော့မသိနိုင်ဘူး။ ဒါပေမဲ့ ကျယ်ပြန့်တဲ့ သီအိုရီ က နှစ်ခုပဲရှိတယ်။ တစ်ခုကတော့ စောချစ်သူက ဒီပွဲကို ကစားတယ်ဆိုတာ။ သူက နှစ်ဖက်စလုံးဆီကနေ သူ့ အကျိုးအတွက် အကောင်းဆုံးသော အခြေအနေကို ရဖို့ကြိုးစားခဲ့တယ်ဆိုတာပဲ။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

PNO ပြည်သူ့စစ်တွေက ဘိန်းစိုက်တောင်သူတွေဆီကို ဘိန်းရောင်းရငွေကြောင့် ဓါးစာခံပြုလုပ်ထား

ရှမ်း/တောင် ဆီဆိုင်မြို့နယ်ထဲက ထမ်းယနဲ့ ပန်းအွန်ရွာသူ ရွာသားတွေကို ဘိန်းပေါ်ချိန်ဖြစ်တဲ့အတွက် ရောင်းရငွေတွေပေးမှ ကျေးရွာထဲက အပြင်ကို သွားလာခွင့်ပြုမယ်လို့ ဒေသခံတွေကပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်ပြည်နယ် တိုက်ပွဲတွေမှာ PPDF-KD လည်း ပါဝင်တိုက်ခိုက်၊ ရှေ့တန်းပြန် ရဲဘော်တွေကို ဂုဏ်ပြု

ကော့ကရိတ်-မြဝတီ စစ်ဆင်ရေးတွေမှာ KNLA၊ PDF တို့နဲ့အတူ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ခမ်းဒေါမ်) – PPDF-KD ရှေ့တန်းပြန် ရဲဘော်တွေကို ဂုဏ်ပြုခဲ့တယ်လို့ ပြောရေးဆိုခွင့်ရှိသူ ခွန်ဝေထူး က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှားတောမှာ KNDF နဲ့ KA က စစ်သင်တန်းဆင်းပွဲ ပြုလုပ်

ဆိုမို/ ဖေစိုးလေးဒေသမှာ ကရင်နီ တပ်မတော်(KA)နဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) တပ်ရင်း ၁၇ တို့က အခြေခံစစ်သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့တယ်လို့ တပ်ရင်း ၁၇ က ဒီနေ့ (မေ ၂) မှာ ထုတ်ပြန်ထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်နီ စစ်ဘေးရှောင် စာသင်ကျောင်းက ကျောင်းသား(၇၀၀၀)ကျော်အတွက် လာမယ့်စာသင်နှစ်အတွက် အကူအညီတွေ လိုအပ်နေ

စစ်ဘေးရှောင် စာသင်ကျောင်း(၂၄)ကျောင်းက ကျောင်းသား(၇)ထောင်ကျော်နဲ့ ဆရာ/ဆရာမ (၃၀၀)ကျော်အတွက် စာရေးကိရိယာနဲ့ အဝတ်အထည်အပါအဝင် သင်၊ ထောက်၊ ကူပစ္စည်းတွေ အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now