မဲခေါင်၊ ဇူလိုင် ၂၇
မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ ကန်ချောင်းရွာအနီး၊ မြင်းကာတောင်ခြေမှာ အင်အား ၁၃၀ ခန့်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းကို PDF နဲ့ မဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်း တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဇူလိုင် ၂၆ ရက်နေ့၊ နေ့လယ် ၁၂ နာရီ ဝန်းကျင်ကနေ ၃ နာရီ ၀န်းကျင်အထိ အဆိုပါ စစ်ကောင်စီ စစ်ကြောင်းကို PDF ဂန့်ဂေါခရိုင် အမှတ်(၃)၊ (၅)၊ (၈)၊ (၁၃) တပ်ရင်း၊ CDF မင်းတပ်၊ CDF ကန်ပက်လက်၊ ဆောPDF (YRPA)၊ YDF-Saw ပူးပေါင်း အဖွဲ့တွေ စောင့်ကြို တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ တိုက်ပွဲ အတွင်း စစ်သား ၄ ဦး သေဆုံးပြီး PDF မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များဘက်မှ အထိခိုက်မရှိ ဆုတ်ခွါနိုင်ခဲ့တယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD) က ထုတ်ပြန်ထားပါတယ်။
#Mekongnews
#MOD
#ဆော
#စစ်ကောင်စီစစ်ကြောင်း
ဓာတ်ပုံ-မကွေးတိုင်းအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်သားများ။