မဲခေါင်၊ မတ် ၂၁
အင်းလေး PDF-၁၀၀၉တပ်ရင်းကို အင်အားဖြည့်တင်းဖို့အတွက် ဆိုပြီး စိန်လက်စွပ်ကိုတောင် ချွတ်လှူတဲ့ ပြည်သူတစ်ဦးကြောင့် ၀မ်းသာမျက်ရည်ကျရတယ်လို့ အင်းလေး PDF-၁၀၀၉တပ်ရင်း ရန်ပုံငွေရှာဖွေရေးအဖွဲ့က ဒီနေ့ပြောဆိုလိုက်ပါတယ်။
အင်းလေးပြည်သူတစ်ဦးက စိန်လက်စွပ်ကိုလှူတာဖြစ်ပြီး အင်းလေး PDF ကသက်သေတစ်ဦးနဲ့ ရန်ပုံငွေရှာဖွေရေးအဖွဲ့ကိုယ်တိုင် သွားရောက်လက်ခံယူခဲ့တယ်လို့ ပြောပါတယ်။
ဒီလို တန်ဖိုးကြီးတဲ့ စိန်လက်စွပ်ကိုတောင် ချွတ်ပြီး လှူဒါန်းတဲ့ ပြည်သူ့ ကြောင့် ၀မ်းသာမျက်ရည်ကြရတယ်လို့ဆိုပြီး အဆိုပါ လက်စွပ်ကို ရောင်းချလိုက်ရာ ငွေကျပ် ၂၇,၅၀၀၀၀ ရတယ်လို့ ဖော်ပြထားပါတယ်။
တပ်ရင်းကိုအားဖြည့်ဖို့ ရန်ပုံငွေလာရောက်လှုဒါန်းတဲ့ ပြည်သူတွေက အဖွဲ့ဆီက ငွေလက်ခံရရှိကြောင်းပြေစာတောင် မတောင်းကြတဲ့အတွက် အံ့သြရတယ်လို့ဆိုပြီး ဒါက မသာမာသူတွေအတွက် ဟာကွက်လိုဖြစ်နေလို့ ဂရုပြုကြဖို့ ပြည်သူတွေကို အင်းလေးPDF-၁၀၀၉ တပ်ရင်း ရန်ပုံငွေရှာဖွေရေးအဖွဲ့က သတိပေးထားပါတယ်။
MK-007