မဲခေါင်၊ မတ် ၅
ရှမ်းပြည်မြောက်ပိုင်းက မန်တုံ၊ နမ့်ဆန်၊ နမ္မတူ မြို့နယ် ၃ ခုကို စစ်အုပ်ချုပ်ရေးအာဏာကျင့်သုံးရန် မနေ့ မတ် ၄ ရက်မှာ စစ်ကောင်စီက ကြေညာပါတယ်။
စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူးကို အာဏာလွှဲအပ်တယ်လို့လည်း စစ်ကောင်စီကြေညာချက်မှာ ဖော်ပြပါတယ်။
စစ်အုပ်ချုပ်ရေးကြေညာလိုက်တဲ့ မြို့နယ် ၃ ခုဟာ ၁၀၂၇ စစ်ဆင်ရေးအတွင်းက TNLA က သိမ်းပိုက်လိုက်တဲ့မြို့နယ်တွေဖြစ်ပြီး စစ်ကောင်စီတပ်တွေရှုံးနိမ့်ထွက်ပြေးရတဲ့အပြင် နမ့်ဆန်က စစ်ရေးဆိုင်ရာအမြင့်ဆုံး ဗိုလ်မှူးချုပ်အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားကို သုံ့ပန်းအဖြစ်
ဖမ်းဆီးရမိခဲ့တာဖြစ်တဲ့အပြင် TNLA ရဲ့ အုပ်ချုပ်ရေးစနစ်နဲ့ စတင်အုပ်ချုပ်နေတဲ့ နယ်မြေတွေဖြစ်ပါတယ်။
မနေ့ကပဲ ၄ ကြိမ်မြောက်အဖြစ် တရုတ်က ကမ္မကထပြုတဲ့ ဟိုင်ဂင်တွေ့ဆုံပွဲမှာ စစ်ကောင်စီဟာ MNDAA AA တို့နဲ့အတူ TNLA ကိုတွေ့ဆုံခဲ့သလို သူတို့ TNLA ကို စစ်ရှုံးပြီးလက်လွှတ်လိုက်ရတဲ့ နယ်မြေတွေကို အခုလို စစ်အုပ်ချုပ်ရေးကြေညာ လိုက်တာဖြစ်ပါတယ်။
MK-012