မဲခေါင် ၊ ဇူလိုင် ၁၃
စစ်ကောင်စီရဲ့ အမျိုးသား စည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ NSPNC နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS အဖွဲ့တို့ နေပြည်တော်မှာ ၂ ရက် တွေ့ဆုံခဲ့ကြပြီး သဘောတူညီချက်တွေ လက်မှတ်ရေးထိုးခဲ့တယ်လို့ စစ်ကောင်စီက ဒီကနေ့ ထုတ်ပြန်ပါတယ်။
ဇူလိုင်လ ၁၁ ရက်နဲ့ ၁၂ ရက်နေ့မှာ တွေ့ဆုံခဲ့တာဖြစ်ပြီး ဆွေးနွေးပွဲမှာ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်လိုတဲ့ အချက်တွေ နဲ့ ငြိမ်းချမ်းရေး ညီလာခံ ကျင်းပရေး ကိစ္စတွေ ဆွေးနွေးတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
ဒါ့အပြင် ၂ ရက် ဆွေးနွေးပွဲကနေ ရလာတဲ့ သဘောတူညီချက်တွေကို လက်မှတ် ရေးထိုးခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပေမယ့် သဘောတူညီချက်တွေ ကိုတော့ ဖော်ပြတာ မရှိပါဘူး။
ဒီဆွေးနွေးပွဲမှာ စစ်ကောင်စီဘက်က ဒုတိယဗိုလ်ချုပ်ကြီးဝင်းဗိုလ်ရှိန်နဲ့ ညီနှိုင်းရေး ကော်မတီ အဖွဲ့ဝင်များ တက်ရောက်ပြီး RCSS အဖွဲ့ဘက်မှာ အတွင်းရေးမှူး (၁) စဝ်းစိုင်းငင်း၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် စစ်းဆောင်းဟန် နဲ့ ဗဟိုဦးစီး ကော်မတီဝင် စဝ်းစိုင်းဟန် တို့ တက်ရောက်ကြပါတယ်။
စစ်ကောင်စီနဲ့ တွေ့ဆုံတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူတွေကို ဆက်သွယ်ပေမယ့် ဖုန်းလက်ခံ ဖြေတာ မရှိပါဘူး။
RCSS အဖွဲ့ဟာ တစ်နိုင်ငံလုံး ဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ဖြစ်ပြီး စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးနေတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေထဲက တစ်ဖွဲ့ ဖြစ်ပါတယ်။
CJ-002
#MekongNews
#နေပြည်တော်
#RCSS
#NSPNC