ဒေသတွင်းသတင်း

ခရီးသွားလာခွင့် ပိတ်ပင်ရန် စစ်ကောင်စီ စတင်ပြင်ဆင်

မဲခေါင် 19 Mar - 2024
ခရီးသွားလာခွင့်ကန့်သတ်တာတွေ ပြုလုပ်လာနေတယ်လို့ အများပြည်သူခရီးသွားသယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေကို ချုပ်ကိုင်လာတယ်လို့သိရပါတယ်။

မဲခေါင်၊ မတ် ၁၉

စစ်ကောင်စီဟာ ပြည်သူ့စစ်မှုထမ်းဥပဒေကို အတင်းအကြပ်ဖော်ဖို့လုပ်ဆောင်နေရာမှာ လူစာရင်းတွေကောက်ယူနေသလို စစ်မှုထမ်းအကျုံးဝင်သူတွေ ထွက်ပြေးတိမ်းရှောင်လို့မရအောင် ခရီးသွားလာခွင့်ကန့်သတ်တာတွေ ပြုလုပ်လာနေတယ်လို့ အများပြည်သူခရီးသွားသယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေကို ချုပ်ကိုင်လာတယ်လို့သိရပါတယ်။

ခရီးသွားကားဂိတ်တွေကို ခရီးသွားမယ့်သူတွေကိုင်ဆောင်ရမယ့် စာတွေမှာ အလုပ်ခေါ်ရင် အလုပ်ခေါ်စာ၊ ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာ၊ ခရီးသွား နေထိုင်မယ့် ထောက်ခံချက် ၊ ဖုံးနံပတ် ၊ သွားရောက်မယ့်လိပ်စာနဲ့ ထောက်ခံစာတွေ လိုအပ်တယ်လို့ ကားဂိတ်တွေက ပြောပါတယ်။

အခု ထောက်ခံစာတွေပါမှ လက်မှတ်ရောင်းပေးဖို့၊ ထောက်ခံစာတွေမပါဘဲ လူတင်သွားရင် ကားမောင်းသမားရော ဂိတ်ရော အရေးယူခံရမယ်လို့ ပြောလာတာရှိတော့၊ ခရီးသွားတွေ အဲဒီစာတွေ မပြည့်စုံရင် လက်မှတ်မရောင်းပေးရဲတော့ဘူး၊ ကားသမားလဲ ထောက်ခံစာတွေ မပါဘဲတင်လို့ဖမ်းခံရရင် ဂိတ်တွေပါ ပါမှာဆိုပြီး မတင်ဖို့ မှာထားရတယ်ဟု မဲခေါင်က ဆက်သွယ်မေးမြန်းခဲ့တဲ့ ရန်ကုန်၊ တောင်ကြီး၊ မန္တလေး တွေမှာရှိတဲ့ ကားဂိတ်တွေက ပြောကြပါတယ်။

တောင်ကြီးက ကားဂိတ်တစ်ခုကတော့ ခရီးသည်ကို မရှိသလောက်ဖြစ်နေပြီး ရပြန်တော့လည်း လမ်းမှာ ဆွဲချခေါ်ခံရတာတွေ ရှိနေတာဖြစ်လို့ ခရီးသည်ကို မတင်ရဲလောက်အောင်ဖြစ်နေတယ်လို့ ပြောပါတယ်။ လူထက် ပစ္စည်းတွေနဲ့ပဲ ရသလောက်ပြေးဆွဲနေရတယ်လို့ ဆိုပါတယ်။

အထူးသဖြင့် တောင်ကြီး – မိုင်းရှူးဘက်နဲ့ နမ့်စန်ကျော်သွားတဲ့မြို့တွေကို သွားတဲ့ ကားလိုင်းတွေမှာ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း ရှမ်းနဲ့ ပအိုဝ်းလူငယ်တွေ ကို ရှမ်းအဖွဲ့တွေက ဆွဲခေါ်သွားမှာစိုးရိမ်လို့ မတင်ရဲဘူးလို့ ပြောပါတယ်။

ပြေးစရာလဲ မြေမရှိ၊ ပေးစရာလဲ ငွေမရှိ ၊ လုပ်စားဖို့လဲအလုပ်မရှိ၊ အားကိုးစရာလည်း သားတွေ မရှိတော့ ဒီကြားထဲ အဖမ်းခံရရင် သေဖို့ပဲရှိတော့တယ်လို့ သားသည်မိခင် တစ်ဦးက မဲခေါင်ကို ပြောပါတယ်။

စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေ ကြေညာတာကစပြီး လူငယ်တွေ အနာဂတ်ပျောက်ရသလို မိဘတွေမှာလည်း သောကမီးတွေနဲ့ လောင်မြိုက်ခံနေရတာဖြစ်ပြီး သားသမီးမလာရင် မိဘကို အရေးယူမယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေကလည်း မိဘတွေကိုပါ ထွက်ပြေးဖို့တွန်းလွှတ်နေသလိုပဲလို့ ပြောဆိုဝေဖန်နေကြပါတယ်။

MK-012

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

မြန်မာ့နွေဦး

Non-CDM အမျိုးသားဝန်ထမ်းတွေကို စစ်မှုထမ်းဖို့ ဆင့်ခေါ်တာကြောင့် ကလောမြို့ကဌာနဆိုင်ရာ ဝန်ထမ်းတွေ ထွက်ပြေး တိမ်းရှောင်နေ

ကလောမြို့နယ်တွင်း ဌာနဆိုင်ရာ အသီးသီးက ရာထူးကြီးပိုင်း ဝန်ထမ်းတွေဟာ အောက်ခြေဝန်ထမ်းတွေကို အသိမပေးဘဲ စစ်ကောင်စီကို စစ်မှုထမ်းစာရင်း ပေးထားတာကြောင့် အမျိုးသားဝန်ထမ်းတွေ တိမ်းရှောင်နေတယ်
မြန်မာ့နွေဦး

မြန်မာလုပ်သား ၁၇ ဦးကို ထောက်ပို့လို့စွပ်စွဲကာ လာအိုရဲဖမ်းဆီးပြီး မြန်မာစစ်တပ်ကိုလွှဲပေး

ရွှေတြိဂံနယ်စပ် လာအိုနိုင်ငံ၊ ကာစီနိုမြို့တော်မှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသား ၁၇ ယောက်ကို စစ်ကောင်စီက ထောက်ပို့လို့ စွပ်စွဲပြီး လာအိုရဲတွေဆီ အကြောင်းကြားပြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

လွတ်ငြိမ်းနဲ့လွှတ်ပြီးမှ ပြန်ဖမ်းသွားတဲ့ ဒေါက်တာခလမ်ဆမ်ဆွန်ကို နေအိမ်ပြန်ရောက်ဖို့ မျှော်လင့်တယ်လို့ KBC ထုတ်ပြန်

လွတ်ငြိမ်းနဲ့လွှတ်ပြီးမှ စစ်ကောင်စီက ပြန်ဖမ်းသွားတဲ့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC ) အကြံပေး သိက္ခာတော်ရဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်မှာ ကျန်းမာရေးအားနည်းပြီး ဆေးဝါးကုသမှုခံယူရန် လိုအပ်နေသူဖြစ်လို့ မိသားစုနေအိမ်သို့အမြန်ဆုံး ပြန်လည်ရောက်ရှိရန် အထူးမျှော်လင့်တယ်လို့ KBC က ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြ၀တီ သေဆုံးခြင်း

“ ဘာတွေဖြစ်ပျက်သွားသလဲဆိုတာ ကျွန်တော်တို့ အတိအကျတော့မသိနိုင်ဘူး။ ဒါပေမဲ့ ကျယ်ပြန့်တဲ့ သီအိုရီ က နှစ်ခုပဲရှိတယ်။ တစ်ခုကတော့ စောချစ်သူက ဒီပွဲကို ကစားတယ်ဆိုတာ။ သူက နှစ်ဖက်စလုံးဆီကနေ သူ့ အကျိုးအတွက် အကောင်းဆုံးသော အခြေအနေကို ရဖို့ကြိုးစားခဲ့တယ်ဆိုတာပဲ။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

PNO ပြည်သူ့စစ်တွေက ဘိန်းစိုက်တောင်သူတွေဆီကို ဘိန်းရောင်းရငွေကြောင့် ဓါးစာခံပြုလုပ်ထား

ရှမ်း/တောင် ဆီဆိုင်မြို့နယ်ထဲက ထမ်းယနဲ့ ပန်းအွန်ရွာသူ ရွာသားတွေကို ဘိန်းပေါ်ချိန်ဖြစ်တဲ့အတွက် ရောင်းရငွေတွေပေးမှ ကျေးရွာထဲက အပြင်ကို သွားလာခွင့်ပြုမယ်လို့ ဒေသခံတွေကပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်ပြည်နယ် တိုက်ပွဲတွေမှာ PPDF-KD လည်း ပါဝင်တိုက်ခိုက်၊ ရှေ့တန်းပြန် ရဲဘော်တွေကို ဂုဏ်ပြု

ကော့ကရိတ်-မြဝတီ စစ်ဆင်ရေးတွေမှာ KNLA၊ PDF တို့နဲ့အတူ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ခမ်းဒေါမ်) – PPDF-KD ရှေ့တန်းပြန် ရဲဘော်တွေကို ဂုဏ်ပြုခဲ့တယ်လို့ ပြောရေးဆိုခွင့်ရှိသူ ခွန်ဝေထူး က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

တရုတ်အပျော်မယားလုပ်ဖို့ လူမှုကွန်ယက်အသုံးပြု ခေါ်ဆိုတာတွေကြောင့် ဒေသခံ တိုင်းရင်းသားအမျိုးသမီးငယ်တွေ တရုတ်နိုင်ငံအတွင်း ရောင်းစားခံရ

စစ်ကောင်စီ အာဏာသိမ်းပြီး တရုတ်နိုင်ငံအတွင်းနဲ့ ကျားဖျဲန်ငွေလိမ်လုပ်ငန်က တရုတ်နိုင်ငံသားတွေအတွက် လပြတ်နဲ့ တရုတ်အပျော်မယားလုပ်ဖို့ လူမှုကွန်ယက်ကတဆင့် ခေါ်ဆိုတာတွေ ပိုမိုများပြားလာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှားတောမှာ KNDF နဲ့ KA က စစ်သင်တန်းဆင်းပွဲ ပြုလုပ်

ဆိုမို/ ဖေစိုးလေးဒေသမှာ ကရင်နီ တပ်မတော်(KA)နဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) တပ်ရင်း ၁၇ တို့က အခြေခံစစ်သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့တယ်လို့ တပ်ရင်း ၁၇ က ဒီနေ့ (မေ ၂) မှာ ထုတ်ပြန်ထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now