မဲခေါင်၊ ဩဂုတ် ၁၁
ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့နယ်၊ မင်းကုန်းကျေးရွာကို ဩဂုတ်လ ၈ ရက်၊ ည ၉ နာရီ ကျော်ခန့်မှာ စစ်ကောင်စီက ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ မင်းကုန်း ဆိုတဲ့ ရှမ်းရွာမှာ ဗုံးလာကြဲတယ်” လို့ အဲဒီရွာနဲ့ နီးတဲ့ ဒေသခံ တစ်ဦးက ပြောပါတယ်။
တိုက်ပွဲ ဖြစ်ပွားတာ မရှိဘဲနဲ့ ဗုံးကြဲ တိုက်ခိုက်ရာ လူအထိအခိုက် မရှိပေမယ့် ရွာထဲ ကျရောက် ပေါက်ကွဲတာကြောင့် ဒေသခံတွေ ထိတ်လန့် စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။
“ ကျနော်တို့နဲ့ နည်းနည်းတော့ လှမ်းတယ်” လို့ နောက်ထပ် ဒေသခံ အမျိုးသား တစ်ဦးက ပြောပါတယ်။
အဲဒီ နယ်မြေမှာ KIA တပ်မဟာ (၄)၊ တပ်ရင်း (၃၄) လက်အောက်ခံ တပ်ခွဲ (၂) ရှိတဲ့နေရာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
ဒါ့အပြင် TNLA နဲ့ SSPP/SSA တို့ လှုပ်ရှားရာ ဒေသလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့က မိုင်းလုံမြို့နယ် မင်းကုန်း- တော့ဆန် လမ်းကို TNLA ဘက်က ပိတ်ထားတာကြောင့် လမ်းဖွင့်ပေးဖို့ သွားရောက် ညှိနှိုင်းခဲ့တဲ့ မင်းကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး စိုင်းတင်မြင့် ကို နေအိမ်မှာ လာရောက် ဖမ်းဆီးသွားခဲ့တဲ့ ဖြစ်စဥ် ဖြစ်ပွားခဲ့ပါသေးတယ်။
Photo-Crd-Z.N.G
CJ-008
#MeKongNews
#မိုင်းလုံမြို့နယ်
#TNLA
#ဗုံးကြဲ