မဲခေါင်၊ ဇူလိုင် ၁၉
မန္တလေးတိုင်းအတွင်း စစ်ကောင်စီကို ကိုယ်တိုင်ထုတ် ပစ္စတို သေနတ်တွေနဲ့ တိုက်ခိုက်နေပြီဖြစ်တယ်လို့ ယက္ခညီနောင် PDF တပ်ဖွဲ့ဆီက သိရပါတယ်။
ပြည်သူတွေရဲ့ ကူညီထောက်ပံ့မှုနဲ့ ထုတ်လုပ်ခြင်းဖြစ်ပြီး ၉ မမ Semi auto နဲ့ ၂၀ မမ ပစ္စတိုအမျိုးအစားတို့ဖြစ်ကာ လက်ရှိအချိန်အထိ စုစုပေါင်း အလက် ၅၀ ထုတ်လုပ်ခဲ့ပြီးပြီဖြစ်တယ်လို့ ဆိုပါတယ်။
“လက်နက်ထုတ်လုပ်လာတာကတော့ ကြာပြီ။ အခုဒီဇိုင်းတွေက နဂိုထုတ်ပြီးသားပုံစံကို ဒီဇိုင်းပြောင်းထားတာပါ။ စုစုပေါင်းထုတ်လုပ်လာတာ အလက် ၅၀ ရှိပြီ” လို့ ယက္ခညီနောင် PDF တပ်ဖွဲ့ရဲ့ တာဝန်ခံရဲဘော်က ပြောပါတယ်။
ဒါ့အပြင် ၄၀၊ ၆၀၊ ၈၀ မမ အမျိုးအစား လက်နက်ကြီးတွေကိုလည်း ၁၅ လက်အထိထုတ်လုပ်နိုင်ခဲ့ပြီး လက်ရှိမှာတော့ ပစ္စတိုလက်နက်ကိုသာ ထုတ်လုပ်ဖို့ရှိနေတယ်လို့ ဆိုပါတယ်။
“နီးစပ်ရာမှာရှိတဲ့ ကုန်ကြမ်းတွေနဲ့ပဲ ထုတ်လုပ်တာပါ။ အဓိကလိုအပ်ချပ်ကတော့ ကျည်ဆံပါပဲ။ လက်နက်ကြီးထုတ်မှုကို အခုရပ်နားထားပါတယ်။ ပစ္စတိုကတော့ ဆက်ထုတ်ဖို့ ရှိပါတယ်” လို့ ၎င်းက ဆက်ပြောပါတယ်။
ထုတ်လုပ်ထားတဲ့ ၂၀ မမ ပစ္စတိုမှာတော့ ကျည် ၅ ထောင့်ထည့်ပစ်လို့ရပြီး ၉ မမ Semi auto သေနတ်မှာ ကျည် ၇ ထောင့်ထည့်ပစ်လို့ရပေမယ့် ၅ ထောင့်သာထည့်သုံးရင် အကောင်းဆုံးဖြစ်တယ်လို့လည်း ဆိုပါတယ်။
CJ – 005
#MeKongNews
#ယက္ခညီနောင် PDF
#လက်နက်ထုတ်လုပ်
#ပစ္စတိုသေနတ်
#20mm
#9mm