မဲခေါင်၊ မတ် ၅
ကိုယ်ကျိုးရှာပအိုဝ်းတိုင်းရင်းသားတွေကို အမည်ဖျက်နေတဲ့ အဖွဲ့အစည်းကို ဖြိုဖျက်ရာမှာ လက်တွဲသွားမယ်လို့ အင်းလေး PDF က ဒီနေ့ကျရောက်တဲ့ ၇၄ နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ အတွက် ပေးပို့တဲ့ ဂုဏ်ပြုသ၀ဏ်လွှာမှာ ပအိုဝ်းပြည်သူတွေကို အသိပေးလိုက်ပါတယ်။
ပအိုဝ်းလူမျိုးတွေဟာ ခေတ်အဆက်ဆက်မတရားမှုတွေကို တော်လှန်ခဲ့ကြတာ အခုဆို ၇၄ နှစ်တိုင် ရှိလာပြီလို့ဆိုကာ ပအိုဝ်းအမျိုးသားနေ့ကို နောင်နှစ်ပေါင်းများစွာတိုင် မှတ်မိရမဲ့နေ့တစ်နေ့လို့ အင်းလေး PDFက နှိုးဆော်လိုက်ပါတယ်။
သမိုင်းသိက္ခာကြီးမားတဲ့ ပအိုဝ်းလူမျိုးတွေကို နာမည်ဖျက်နေတဲ့ ပအိုဝ်းအဖွဲ့အစည်းတွေကို ဖြိုဖျက်ရာမှာ ပြည်သူတွေနဲ့အတူလက်တွဲသွားမယ်လို့ အင်းလေး PDF က သ၀ဏ်လွှာမှာ ကတိပြု ပြောခဲ့ပါတယ်။
MK-007
#MeKongNews