မဲခေါင်၊ ဒီဇင်ဘာ ၆
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့မှာ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်း ၉၈ ယောက် အလင်းဝင်တယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။
ပညာရေး၊ စည်ပင်၊ အခွန်၊ လျှပ်စစ်၊ သစ်တော၊ သစ်လုပ်ငန်း၊ သစ်ထုတ်လုပ်ရေး၊ မီးသတ်၊ မြန်မာ့စီးပွားရေးဘဏ်၊ စိုက်ပျိုးရေး၊ မီးရထား၊ ဆက်သွယ်ရေး၊ မြေစာရင်း၊ လဝကနဲ့ ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေး စတဲ့ စစ်ကောင်စီလက်အောက်ခံဌာနတွေက ဝန်ထမ်းတွေ အလင်းဝင်လာတယ်လို့ ဆိုပါတယ်။
ကောလင်းမြို့ကို နိုဝင်ဘာ ၆ ရက်မှာ PDF နဲ့တော်လှန်ရေးအဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီလက်အောက်ခံဝန်ထမ်းတွေ ဒီဇင်ဘာ ၂၅ ရက်နေ့ နောက်ဆုံးထားပြီး အလင်းဝင်ကြဖို့ ကြေညာခဲ့တာပါ။
ကောလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က Non CDM စီမံခန့်ခွဲရေးကော်မတီကိုလည်း ဖွဲ့စည်းထားပြီး CDM မူဝါးနဲ့အညီ စီမံခန့်ခွဲနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်းအတွင်းမှာရှိတဲ့ စစ်ကောင်စီဝန်ထမ်းတွေ CDM လုပ်ကြဖို့ NUG က တိုက်တွန်းထုတ်ပြန်ထားပြီး လိုက်နာမှုမရှိရင် ဥပဒေအရ အရေးယူသွားမယ်လို့ ကြေညာထားပါတယ်။
#MeKongNews
#ကောလင်း
#ဝန်ထမ်း
#ဘက်ပြောင်း
#အလင်းဝင်
#စစ်ကောင်စီ