ဒေသတွင်းသတင်း

လားရှိုးမြို့မှာ ဆိုင်ကယ် အစီး ၁၅၀ ကျော်ကို ဖမ်းဆီးပြီး စစ်တပ်ထဲ သယ်သွား

မဲခေါင် 16 Oct - 2023
ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့မှာ မနေ့က နံပါတ်ပြား မတပ်ထားတဲ့ ဆိုင်ကယ် ၁၅၀ ကျော်ကို ဖမ်းဆီးကာ စစ်ကားများနဲ့ စစ်တပ်ထဲ သယ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မဲခေါင်၊ အောက်တိုဘာ ၁၆

ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့မှာ မနေ့က နံပါတ်ပြား မတပ်ထားတဲ့ ဆိုင်ကယ် ၁၅၀ ကျော်ကို ဖမ်းဆီးကာ စစ်ကားများနဲ့ စစ်တပ်ထဲ သယ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လားရှိုးမြို့ မန်ဆူပလာဇာရှေ့၊ ခရိုင်ရဲရုံးနဲ့ အကောက်ခွန်ရုံးရှေ့မှာ ယာဉ်ထိန်းရဲက ဆိုင်ကယ်တွေကို လက်နက် အပြည့်အစုံ ကိုင်ဆောင်ထားတဲ့ ပြည်သူ့စစ်၊ ရဲ၊ စစ်သား အများအပြား ခြံရံ စစ်ဆေးကာ ၂ ဦးထက် ပိုစီးနင်းတာနဲ့ ဦးထုတ် မဆောင်းသူတွေကို ဒဏ်ငွေ ၃ သောင်း ရိုက်ပြီး နံပါတ်ပြား မတပ်ထားတဲ့ ဆိုင်ကယ်တွေကို စစ်တပ်ထဲပို့ပြီး သိမ်းဆည်းလိုက်တာလို့ ရဲအရာရှိ တစ်ဦးက အတည်ပြုပါတယ်။

“မနေ့က ဆိုင်ကယ်တွေ စစ်ဆေးမယ်ဆိုပြီး ယာဉ်ထိန်းရဲက ရပ်ကွက်ထဲ မိုက်နဲ့ လှည့်အော်တယ်။ ပြီးတော့ သူတို့ အသုံးချနေကြဖြစ်တဲ့ မြဝတီ သတင်းထောက် တစ်ယောက်ရယ်၊ ပြန်/ဆက်က သတင်းထောက် တစ်ယောက်ရဲ့ Facebook ကိုယ်ပိုင် အကောင့်တွေမှာပဲ တင်ပြီး ဖမ်းမယ်ဆီးမယ် ဆိုတာကို ပြည်သူကို ချပြခဲ့ပါတယ်” လို့ မြို့ခံ တစ်ဦးက ပြောပါတယ်။

ခရိုင်ရဲရုံးအနီး ဖမ်းဆီးစစ်ဆေးမှုမှာ အဝေးသင် လာတက်တဲ့ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ များရဲ့ ဆိုင်ကယ်များ အဖမ်းခံခဲ့ရပြီး တချို့ စစ်တပ် သိမ်းယူသွားခဲ့တဲ့ အထဲ ပါဝင်တယ်လို့ စုံစမ်းသိရှိရပါတယ်။

“ ကျွန်တော်တို့က လားရှိုးက မဟုတ်ပါဘူး။ တခြားမြို့ကနေ တက္ကသိုလ် လာတက်တာပါ။ စာမေးပွဲ လာဖြေတာပါ။ သူတို့ ဆိုင်ကယ်တွေ စစ်မယ် ဆိုတာလည်း ကျွန်တော် မသိဘူး၊ ကြားလည်း မကြားဘူး၊ အခုလို အပြီး သိမ်းခံရတာကတော့ အတော်လေး နှမြောဖို့ ကောင်းပါတယ်။ ကျောင်းသွားတက်ရင် သွားဖို့ လာဖို့ အဆင်ပြေအောင် အိမ်က မိဘတွေက မရှိမဲ့၊ ရှိမဲ့လေးတွေနဲ့ ဝယ်ပေးလိုက်တာဗျာ့။ အလကားရလာတာ မဟုတ်ဘူး။ အဲ့ဒါကို အချောင် လိုချင်တဲ့ စစ်တပ်က သိမ်းသွားတယ် ဆိုတာတော့ အတော်လေး မိုက်ရိုင်းလွန်းတယ်” လို့ ဆိုင်ကယ် အသိမ်းခံလိုက်ရတဲ့ ပထမနှစ် တက္ကသိုလ် ကျောင်းသား တစ်ဦးက ပြောပါတယ်။

လက်ရှိ စစ်တပ်ထဲ သယ်ဆောင် သိမ်းဆည်းသွားတဲ့ ဆိုင်ကယ် အစီး ၁၅၀ ကျော်နဲ့ ပတ်သက်ပြီး မြို့အာဏာပိုင်တွေက ပွင့်လင်းမြင်သာစွာ ချပြဖို့ လိုအပ်တယ်လို့ မြို့ခံတွေက ပြောပါတယ်။

CJ-010

#MekongNews

#လားရှိုးမြို့

#ဆိုင်ကယ်_နံပတ်ပြား

#ယာဥ်ထိန်းရဲ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြ၀တီ သေဆုံးခြင်း

“ ဘာတွေဖြစ်ပျက်သွားသလဲဆိုတာ ကျွန်တော်တို့ အတိအကျတော့မသိနိုင်ဘူး။ ဒါပေမဲ့ ကျယ်ပြန့်တဲ့ သီအိုရီ က နှစ်ခုပဲရှိတယ်။ တစ်ခုကတော့ စောချစ်သူက ဒီပွဲကို
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

PNO ပြည်သူ့စစ်တွေက ဘိန်းစိုက်တောင်သူတွေဆီကို ဘိန်းရောင်းရငွေကြောင့် ဓါးစာခံပြုလုပ်ထား

ရှမ်း/တောင် ဆီဆိုင်မြို့နယ်ထဲက ထမ်းယနဲ့ ပန်းအွန်ရွာသူ ရွာသားတွေကို ဘိန်းပေါ်ချိန်ဖြစ်တဲ့အတွက် ရောင်းရငွေတွေပေးမှ ကျေးရွာထဲက အပြင်ကို သွားလာခွင့်ပြုမယ်လို့ ဒေသခံတွေကပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်ပြည်နယ် တိုက်ပွဲတွေမှာ PPDF-KD လည်း ပါဝင်တိုက်ခိုက်၊ ရှေ့တန်းပြန် ရဲဘော်တွေကို ဂုဏ်ပြု

ကော့ကရိတ်-မြဝတီ စစ်ဆင်ရေးတွေမှာ KNLA၊ PDF တို့နဲ့အတူ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ခမ်းဒေါမ်) – PPDF-KD ရှေ့တန်းပြန် ရဲဘော်တွေကို ဂုဏ်ပြုခဲ့တယ်လို့ ပြောရေးဆိုခွင့်ရှိသူ ခွန်ဝေထူး က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

တရုတ်အပျော်မယားလုပ်ဖို့ လူမှုကွန်ယက်အသုံးပြု ခေါ်ဆိုတာတွေကြောင့် ဒေသခံ တိုင်းရင်းသားအမျိုးသမီးငယ်တွေ တရုတ်နိုင်ငံအတွင်း ရောင်းစားခံရ

စစ်ကောင်စီ အာဏာသိမ်းပြီး တရုတ်နိုင်ငံအတွင်းနဲ့ ကျားဖျဲန်ငွေလိမ်လုပ်ငန်က တရုတ်နိုင်ငံသားတွေအတွက် လပြတ်နဲ့ တရုတ်အပျော်မယားလုပ်ဖို့ လူမှုကွန်ယက်ကတဆင့် ခေါ်ဆိုတာတွေ ပိုမိုများပြားလာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှားတောမှာ KNDF နဲ့ KA က စစ်သင်တန်းဆင်းပွဲ ပြုလုပ်

ဆိုမို/ ဖေစိုးလေးဒေသမှာ ကရင်နီ တပ်မတော်(KA)နဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) တပ်ရင်း ၁၇ တို့က အခြေခံစစ်သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့တယ်လို့ တပ်ရင်း ၁၇ က ဒီနေ့ (မေ ၂) မှာ ထုတ်ပြန်ထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်နီ စစ်ဘေးရှောင် စာသင်ကျောင်းက ကျောင်းသား(၇၀၀၀)ကျော်အတွက် လာမယ့်စာသင်နှစ်အတွက် အကူအညီတွေ လိုအပ်နေ

စစ်ဘေးရှောင် စာသင်ကျောင်း(၂၄)ကျောင်းက ကျောင်းသား(၇)ထောင်ကျော်နဲ့ ဆရာ/ဆရာမ (၃၀၀)ကျော်အတွက် စာရေးကိရိယာနဲ့ အဝတ်အထည်အပါအဝင် သင်၊ ထောက်၊ ကူပစ္စည်းတွေ အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ်မှ ပြည်သူသုံးတံတားနဲ့ ရွှေတဂူဘုရားဝန်းကို စစ်ကောင်စီ ဗုံးကြဲဖျက်ဆီး

ဆီဆိုင်မြို့နယ်၊ နောင်စကာကျေးရွာနဲ့ ရွှေတဂူဘုရားအနီးမှာရှိတဲ့ သဘက်ချောင်းတံတားကို စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်အဖွဲ့တို့က မနေ့ မေ ၁ ရက်နေ့မှာ မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့ PNLA က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

စစ်ကောင်စီ ထုတ်ကုန် မြန်မာဘီယာကို ဝယ်ယူသောက်သုံးနေတဲ့ TLNA ရဲဘော် တွေကို ထောင်ဒဏ်နဲ့ ကြိမ်ဒဏ်တွေချမှတ်

တအာင်း TNLA တပ်သားတွေ မွေးနေ့ပါတီမှာ တားမြစ်ထားတဲ့ မြန်မာဘီယာဝယ်ယူ သောက်သုံးပြီး ကျင်းပခဲ့လို့ ကြိမ်ဒဏ်(၁၀)ချက်နဲ့ ထောင်ဒဏ်(၁)လအပြင် လူမှုရေးပြစ်ဒဏ်ဖြစ်တဲ့ အများပိုင်ဆေးရုံ၊ ဘုန်းကြီးကျောင်း သန့်ရှင်းရေး လုပ်အားပေးစေခဲ့တယ်လို့ PSLF/TNLA ရဲ့ သတင်းနဲ့ ပြန်ကြားရေးဌာနက သတင်းထုတ်ထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now