ဒေသတွင်းသတင်း

မူဆယ်မှာ တရုတ်နယ်စပ်ဖြတ်ကျော်ခွင့် လုပ်ပေးမယ်ဆိုပြီး သိန်းရာချီ လိမ်လည် ထွက်ပြေး

မဲခေါင် 26 Feb - 2024
ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မှာ နယ်စပ်ဖြတ်ကျော်ခွင့် လုပ်ပေးမယ် ဆိုပြီး သိန်းရာချီ လိမ်လည် ထွက်ပြေး နေတာရှိနေကြောင်း နယ်စပ်ဒေသခံတွေဆီက သိရပါတယ်။

မဲခေါင်၊ ဖေဖော်ဝါရီ ၂၆

ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မှာ နယ်စပ်ဖြတ်ကျော်ခွင့် လုပ်ပေးမယ် ဆိုပြီး သိန်းရာချီ လိမ်လည် ထွက်ပြေး နေတာရှိနေကြောင်း နယ်စပ်ဒေသခံတွေဆီက သိရပါတယ်။

“ ကျွန်မမိတ်ဆွေ တစ်ဦးကို သိန်း ၂၂၀ ကျော်၊ နောက်တစ်ဦးကို ၆၀ ကျော်၊ တစ်ဦးက ၁၁ သိန်း ကျွန်မဆီက ၁၃၅ သိန်း တခြားသူတွေဆီကကောဆို သိန်းထောင်ချီရှိမလားပဲ ခုတော့ မူဆယ်အိမ်လဲမရှိတော့ဘူး။ တိမ်းရှောင်နေပြီး အကုန်အဆက်ဖြတ်ထားတယ်” လိမ်လည်ခံရသူ တစ်ဦးက ပြောပါတယ်။

လိမ်လည်သူ လင်မယားဟာ မူဆယ်မြို့တောင်ရပ်ကွက်နေမှာ နေထိုင်တဲ့ မခမ်းလွန်းခေါ် မရှမ်းမ နဲ့ သူ့ယောက်ျား အောင်မိုးဆိုသူ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဇွန်လပိုင်းက စာအုပ်အနီလုပ်ပေးမယ် ၃ ရက်အတွင်းရမယ်ပြောကာ တစ်ယောက်ကို ၂၅ သိန်း ယူထားပြီး လက်ရှိချိန်ထိ စာအုပ်လည်းမလုပ်ပေးသလို ငွေလည်းပြန်မအမ်း ပေးဘူးလို့ ဆိုပါတယ်။

“ မြန်မာ – တရုတ်နယ်စပ် ဖြတ်ကျော်ခွင့် စာအုပ်အနီ လုပ်ပေးမယ်ဆိုပြီး လိမ်စားသွားတာ။ အခု အဆက်အသွယ် လုံးဝဖြတ်ပစ်တာ” လို့ လိမ်လည် ခံရသူတွေနဲ့ နီးစပ်သူက ပြောပါတယ်။

နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ်အပြင် ယာယီနယ်စပ် ဖြတ်ကျော်ခွင့် ၇ ရက် ကဒ်ကိုလည်း ချက်ချင်းဝင်ရမယ်ဆိုပြီး မသိသူတွေအပေါ် ငွေလိမ်လည် ‌နေတာရှိတယ်လို့ ဆိုပါတယ်။

လက်ရှိ အဲဒီ လင်မယား ၂ ဦး ရဲ့‌ ငွေလိမ်လည်ခံရသူ အများအပြားရှိနေပြီး ပြည်သူတွေကို နောက်ထပ် အလိမ်လည် မခံစေလိုတဲ့အပြင် ကြိုတင်ရှောင်ရှား စေလိုတာကြောင့် ဖော်ထုတ်ရခြင်း ဖြစ်တယ်လို့ ကာယကံ ရှင်တွေက ပြောပါတယ်။

တရုတ် – မြန်မာနယ်စပ် ဖြတ်ကျော်ခွင့်စာအုပ် အနီကို တရုတ်နဲ့မြန်မာနယ်စပ် ခရိုင်ဖြစ်တဲ့ မြန်မာဘက် မူဆယ်ခရိုင် အိမ်ထောင်စု ကိုင်ဆောင်သူ ဒေသခံတွေကိုသာ တရားဝင် ပြုလုပ်ပေးပြီး တရုတ်ဘက်ခြမ်းကလည်း မြန်မာနဲ့ထိစပ်နေတဲ့ တယ်ဟုန်ပြည်နယ်ခွဲက ဒေသခံတွေကိုသာ တရားဝင် နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ် ထုတ်ပေးတာ ဖြစ်ပါတယ်။

ယာယီ နယ်စပ် ဖြတ်ကျော်ခွင့် တခါသုံး တပ်တ်ကဒ်ကိုတော့ မြန်မာနိုင်ငံသား ဖြစ်ပါက ပြုလုပ်ပေးပေမယ့် တရုတ်ဘက်မှာ ၆ ညအိပ်၊ ၇ ရက်သာ နေထိုင်လည်ပတ်ခွင့်ရှိပြီး တရားဝင် အလုပ်လုပ်ခွင့် မရှိပါဘူး။

ဒါပေမယ့် မူဆယ် နယ်စပ်မှာတော့ နယ်စပ်ဖြတ်ကျော်ခွင့် ကြားခံပွဲစားတွေက စာအုပ်အနီကို သိန်း ၁၂ သိန်း ကနေ သိန်း ၆၀ အထိ၊ တပတ်ကဒ်ကို ၅ သောင်း ကနေ ၃ သိန်းခွဲနဲ့ ဝန်ဆောင်မှု ပေးဟန်လုပ်ပြီး လိမ်လည်လုပ်စားနေသူ အများအပြား ရှိနေတာကို တွေ့ရကြောင်း ဒေသခံတွေဆီက သိရပါတယ်။

CJ-008

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြ၀တီ သေဆုံးခြင်း

“ ဘာတွေဖြစ်ပျက်သွားသလဲဆိုတာ ကျွန်တော်တို့ အတိအကျတော့မသိနိုင်ဘူး။ ဒါပေမဲ့ ကျယ်ပြန့်တဲ့ သီအိုရီ က နှစ်ခုပဲရှိတယ်။ တစ်ခုကတော့ စောချစ်သူက ဒီပွဲကို
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

PNO ပြည်သူ့စစ်တွေက ဘိန်းစိုက်တောင်သူတွေဆီကို ဘိန်းရောင်းရငွေကြောင့် ဓါးစာခံပြုလုပ်ထား

ရှမ်း/တောင် ဆီဆိုင်မြို့နယ်ထဲက ထမ်းယနဲ့ ပန်းအွန်ရွာသူ ရွာသားတွေကို ဘိန်းပေါ်ချိန်ဖြစ်တဲ့အတွက် ရောင်းရငွေတွေပေးမှ ကျေးရွာထဲက အပြင်ကို သွားလာခွင့်ပြုမယ်လို့ ဒေသခံတွေကပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်ပြည်နယ် တိုက်ပွဲတွေမှာ PPDF-KD လည်း ပါဝင်တိုက်ခိုက်၊ ရှေ့တန်းပြန် ရဲဘော်တွေကို ဂုဏ်ပြု

ကော့ကရိတ်-မြဝတီ စစ်ဆင်ရေးတွေမှာ KNLA၊ PDF တို့နဲ့အတူ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ခမ်းဒေါမ်) – PPDF-KD ရှေ့တန်းပြန် ရဲဘော်တွေကို ဂုဏ်ပြုခဲ့တယ်လို့ ပြောရေးဆိုခွင့်ရှိသူ ခွန်ဝေထူး က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

တရုတ်အပျော်မယားလုပ်ဖို့ လူမှုကွန်ယက်အသုံးပြု ခေါ်ဆိုတာတွေကြောင့် ဒေသခံ တိုင်းရင်းသားအမျိုးသမီးငယ်တွေ တရုတ်နိုင်ငံအတွင်း ရောင်းစားခံရ

စစ်ကောင်စီ အာဏာသိမ်းပြီး တရုတ်နိုင်ငံအတွင်းနဲ့ ကျားဖျဲန်ငွေလိမ်လုပ်ငန်က တရုတ်နိုင်ငံသားတွေအတွက် လပြတ်နဲ့ တရုတ်အပျော်မယားလုပ်ဖို့ လူမှုကွန်ယက်ကတဆင့် ခေါ်ဆိုတာတွေ ပိုမိုများပြားလာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှားတောမှာ KNDF နဲ့ KA က စစ်သင်တန်းဆင်းပွဲ ပြုလုပ်

ဆိုမို/ ဖေစိုးလေးဒေသမှာ ကရင်နီ တပ်မတော်(KA)နဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) တပ်ရင်း ၁၇ တို့က အခြေခံစစ်သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့တယ်လို့ တပ်ရင်း ၁၇ က ဒီနေ့ (မေ ၂) မှာ ထုတ်ပြန်ထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်နီ စစ်ဘေးရှောင် စာသင်ကျောင်းက ကျောင်းသား(၇၀၀၀)ကျော်အတွက် လာမယ့်စာသင်နှစ်အတွက် အကူအညီတွေ လိုအပ်နေ

စစ်ဘေးရှောင် စာသင်ကျောင်း(၂၄)ကျောင်းက ကျောင်းသား(၇)ထောင်ကျော်နဲ့ ဆရာ/ဆရာမ (၃၀၀)ကျော်အတွက် စာရေးကိရိယာနဲ့ အဝတ်အထည်အပါအဝင် သင်၊ ထောက်၊ ကူပစ္စည်းတွေ အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ်မှ ပြည်သူသုံးတံတားနဲ့ ရွှေတဂူဘုရားဝန်းကို စစ်ကောင်စီ ဗုံးကြဲဖျက်ဆီး

ဆီဆိုင်မြို့နယ်၊ နောင်စကာကျေးရွာနဲ့ ရွှေတဂူဘုရားအနီးမှာရှိတဲ့ သဘက်ချောင်းတံတားကို စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်အဖွဲ့တို့က မနေ့ မေ ၁ ရက်နေ့မှာ မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့ PNLA က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

စစ်ကောင်စီ ထုတ်ကုန် မြန်မာဘီယာကို ဝယ်ယူသောက်သုံးနေတဲ့ TLNA ရဲဘော် တွေကို ထောင်ဒဏ်နဲ့ ကြိမ်ဒဏ်တွေချမှတ်

တအာင်း TNLA တပ်သားတွေ မွေးနေ့ပါတီမှာ တားမြစ်ထားတဲ့ မြန်မာဘီယာဝယ်ယူ သောက်သုံးပြီး ကျင်းပခဲ့လို့ ကြိမ်ဒဏ်(၁၀)ချက်နဲ့ ထောင်ဒဏ်(၁)လအပြင် လူမှုရေးပြစ်ဒဏ်ဖြစ်တဲ့ အများပိုင်ဆေးရုံ၊ ဘုန်းကြီးကျောင်း သန့်ရှင်းရေး လုပ်အားပေးစေခဲ့တယ်လို့ PSLF/TNLA ရဲ့ သတင်းနဲ့ ပြန်ကြားရေးဌာနက သတင်းထုတ်ထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now