ဒေသတွင်းသတင်း

ပဲခူးမှာ ရာစုနှစ်တစ်ခုနီးပါးအတွင်း အဆိုးဆုံးရေဘေးနဲ့ကြုံနေ၊ MPT လိုင်းများလည်း ပြတ်တောက်နေ

မဲခေါင် 9 Oct - 2023
ပဲခူးမြို့မှာ နှစ်ပေါင်း ၁၀၀ နီးပါးအတွင်း အဆိုးရွားဆုံးရေကြီးမှုနဲ့ ကြုံတွေနေရပြီး ရပ်ကွက်တချို့မှာ မြို့နေပြည်သူတွေ ပိတ်မိနေတယ်လို့ မြို့ခံတွေထံကနေ အောက်တိုဘာလ ၉ရက်မှာ သိရပါတယ်။

မဲခေါင်၊ အောက်တိုဘာ ၉

ပဲခူးမြို့မှာ နှစ်ပေါင်း ၁၀၀ နီးပါးအတွင်း အဆိုးရွားဆုံးရေကြီးမှုနဲ့ ကြုံတွေနေရပြီး ရပ်ကွက်တချို့မှာ မြို့နေပြည်သူတွေ ပိတ်မိနေတယ်လို့ မြို့ခံတွေထံကနေ အောက်တိုဘာလ ၉ရက်မှာ သိရပါတယ်။

ရေကြီးလေ့မရှိတဲ့ အပိုင်းတွေဖြစ်တဲ့ မှော်ကန်၊ ဆိုရှယ်လစ်၊ ပုဏ္ဏားစု အပိုင်းတွေနဲ့ ပဲခူးဆေးရုံကြီးရှိတဲ့ ပြည်တော်သာရပ်ကွက်တွေမှာပါ ရေကြီးနေပြီး ကြိုတင်ပြင်ဆင်ချိန် နည်းခဲ့တဲ့အတွက် နေအိမ်မှာ ပိတ်မိတာ၊ စားစရာမရှိတာတွေကြုံနေရတယ်လို့ ပဲခူးမြို့မှာ ရေဘေးကူညီနေသူတစ်ဦးက မဲခေါင်ကို ပြောပါတယ်။

“ဒီဘက်ကမ်း (ပဲခူးမြစ်အရှေ့ဘက်ခြမ်း)က ရပ်ကွက်တွေက ရေကြီးလေ့မရှိဘူး။ အဲဒီတော့ ရေကြီးတာနဲ့ ပတ်သက်ပြီး သိပ်ပြင်ဆင်ထားတာမျိုး မရှိဘူးလေ။ ဟိုဘက်ကမ်း (ပဲခူးမြစ်အနောက်ဘက်ခြမ်း)မှာကတော့ ၂နှစ်တစ်ခါ၊ ၃နှစ်တစ်ခါ ကြီးလေ့ရှိတော့ ပြင်ပြင်ဆင်ဆင်ရှိတယ်။ မှော်ကန်တို့၊ ပုဏ္ဏားစုတို့ဘက်မှာဆို သက်ကြီးရွယ်အိုတွေ အိမ်ပေါ်မှာ ပိတ်မိနေတာတွေရှိတယ်။ ကယ်ဆယ်ရေးလည်း အားနည်းတယ်” လို့ သူက ပြောပါတယ်။

ဒီလိုရေကြီးတာဟာ နှစ်ပေါင်းများစွာအတွင်း အဆိုးဆုံးဖြစ်ပြီး သူ့ဘဝတစ်လျှောက် တခါမျှ မကြုံဖူးဘူးလို့ အသက် ၉၀ နီးပါး အရွယ်ရှိတဲ့ ပဲခူးမြို့ခံ အဘွားတစ်ဦးက ပြောပါတယ်။

“အရင်ကဆို ဇိုင်းတောင်၊ ဇိုင်းမြောက်တို့ ရွှေသာလျောင်းတို့ဘက်ပဲ ကြီးတာ။ အခုက မှော်ကန်တို့၊ ဆိုရှယ်လစ်တို့ပါကြီးတာ။​ တသက်နဲ့တကိုယ်တခါမှ မကြုံဖူးဘူး” လို့ သူက ပြောပါတယ်။

ပဲခူးမြို့မှာရှိတဲ့ ဇိုင်းဂနိုင်းတောင်ပိုင်း၊ ဇိုင်းဂနိုင်းမြောက်ပိုင်း၊ ကလျာဏီ စတဲ့ ရပ်ကွက်တွေမှာ ၃နှစ်တစ်ကြိမ်နီးပါး ရေကြီးနစ်မြုပ်မှုကို ကြုံတွေ့ရလေ့ရှိပြီး ဒီနှစ်မှာတော့ တစ်နှစ်အတွင်း ၂ကြိမ်ကြီးတာကို ကြုံရတယ်လို့ ကလျာဏီရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောပါတယ်။ ပထမအကြိမ် ရေကြီးမှုဟာ ဩဂုတ်လအတွင်းမှာ ဖြစ်ခဲ့တာပါ။

ရပ်ကွက်အများစု ရေကြီးနစ်မြုပ်နေတာကြောင့် ဖုန်းဆက်သွယ်ရေးစခန်းတွေလည်း ရေနစ်သွားတာကြောင့် MPT လိုင်းတွေ လုံးဝပြတ်တောက်နေသလို တခြားဖုန်းလိုင်းတွေလည်း လိုင်းမကောင်းဘူးလို့ မြို့ခံတွေထံက သိရပါတယ်။

ပဲခူးမြို့ရေကြီးတာဟာ ပဲခူးမြစ်အထက်ပိုင်းမှာရှိတဲ့ ဇောင်းတူဆည် ရေလွှတ်တာကြောင့် အများစုဖြစ်ပြီး လက်ရှိမှာ ဇောင်းတူဆည်က ရေဆက်လွှတ်နေဆဲဖြစ်တယ်လို့ ဇောင်းတူရွာအနီးမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

လက်ရှိမှာတော့ ပြည်သူတွေပိတ်မိနေတဲ့ ပုဏ္ဏားစု၊ မှော်ကန်၊ ဆိုရှယ်လစ်အပိုင်းတွေထဲ ကယ်ဆယ်ရေးအဖွဲ့ပေါင်းစုံ သွားရောက်ကယ်ဆယ်နေတယ်လို့ သိရပါတယ်။

Photo – Credit
MK – 004

#MeKongNews

#ပဲခူးမြို့

#ရေကြီး

#MPT

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြ၀တီ သေဆုံးခြင်း

“ ဘာတွေဖြစ်ပျက်သွားသလဲဆိုတာ ကျွန်တော်တို့ အတိအကျတော့မသိနိုင်ဘူး။ ဒါပေမဲ့ ကျယ်ပြန့်တဲ့ သီအိုရီ က နှစ်ခုပဲရှိတယ်။ တစ်ခုကတော့ စောချစ်သူက ဒီပွဲကို
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

PNO ပြည်သူ့စစ်တွေက ဘိန်းစိုက်တောင်သူတွေဆီကို ဘိန်းရောင်းရငွေကြောင့် ဓါးစာခံပြုလုပ်ထား

ရှမ်း/တောင် ဆီဆိုင်မြို့နယ်ထဲက ထမ်းယနဲ့ ပန်းအွန်ရွာသူ ရွာသားတွေကို ဘိန်းပေါ်ချိန်ဖြစ်တဲ့အတွက် ရောင်းရငွေတွေပေးမှ ကျေးရွာထဲက အပြင်ကို သွားလာခွင့်ပြုမယ်လို့ ဒေသခံတွေကပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်ပြည်နယ် တိုက်ပွဲတွေမှာ PPDF-KD လည်း ပါဝင်တိုက်ခိုက်၊ ရှေ့တန်းပြန် ရဲဘော်တွေကို ဂုဏ်ပြု

ကော့ကရိတ်-မြဝတီ စစ်ဆင်ရေးတွေမှာ KNLA၊ PDF တို့နဲ့အတူ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ခမ်းဒေါမ်) – PPDF-KD ရှေ့တန်းပြန် ရဲဘော်တွေကို ဂုဏ်ပြုခဲ့တယ်လို့ ပြောရေးဆိုခွင့်ရှိသူ ခွန်ဝေထူး က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

တရုတ်အပျော်မယားလုပ်ဖို့ လူမှုကွန်ယက်အသုံးပြု ခေါ်ဆိုတာတွေကြောင့် ဒေသခံ တိုင်းရင်းသားအမျိုးသမီးငယ်တွေ တရုတ်နိုင်ငံအတွင်း ရောင်းစားခံရ

စစ်ကောင်စီ အာဏာသိမ်းပြီး တရုတ်နိုင်ငံအတွင်းနဲ့ ကျားဖျဲန်ငွေလိမ်လုပ်ငန်က တရုတ်နိုင်ငံသားတွေအတွက် လပြတ်နဲ့ တရုတ်အပျော်မယားလုပ်ဖို့ လူမှုကွန်ယက်ကတဆင့် ခေါ်ဆိုတာတွေ ပိုမိုများပြားလာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှားတောမှာ KNDF နဲ့ KA က စစ်သင်တန်းဆင်းပွဲ ပြုလုပ်

ဆိုမို/ ဖေစိုးလေးဒေသမှာ ကရင်နီ တပ်မတော်(KA)နဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) တပ်ရင်း ၁၇ တို့က အခြေခံစစ်သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့တယ်လို့ တပ်ရင်း ၁၇ က ဒီနေ့ (မေ ၂) မှာ ထုတ်ပြန်ထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်နီ စစ်ဘေးရှောင် စာသင်ကျောင်းက ကျောင်းသား(၇၀၀၀)ကျော်အတွက် လာမယ့်စာသင်နှစ်အတွက် အကူအညီတွေ လိုအပ်နေ

စစ်ဘေးရှောင် စာသင်ကျောင်း(၂၄)ကျောင်းက ကျောင်းသား(၇)ထောင်ကျော်နဲ့ ဆရာ/ဆရာမ (၃၀၀)ကျော်အတွက် စာရေးကိရိယာနဲ့ အဝတ်အထည်အပါအဝင် သင်၊ ထောက်၊ ကူပစ္စည်းတွေ အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ်မှ ပြည်သူသုံးတံတားနဲ့ ရွှေတဂူဘုရားဝန်းကို စစ်ကောင်စီ ဗုံးကြဲဖျက်ဆီး

ဆီဆိုင်မြို့နယ်၊ နောင်စကာကျေးရွာနဲ့ ရွှေတဂူဘုရားအနီးမှာရှိတဲ့ သဘက်ချောင်းတံတားကို စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်အဖွဲ့တို့က မနေ့ မေ ၁ ရက်နေ့မှာ မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့ PNLA က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

စစ်ကောင်စီ ထုတ်ကုန် မြန်မာဘီယာကို ဝယ်ယူသောက်သုံးနေတဲ့ TLNA ရဲဘော် တွေကို ထောင်ဒဏ်နဲ့ ကြိမ်ဒဏ်တွေချမှတ်

တအာင်း TNLA တပ်သားတွေ မွေးနေ့ပါတီမှာ တားမြစ်ထားတဲ့ မြန်မာဘီယာဝယ်ယူ သောက်သုံးပြီး ကျင်းပခဲ့လို့ ကြိမ်ဒဏ်(၁၀)ချက်နဲ့ ထောင်ဒဏ်(၁)လအပြင် လူမှုရေးပြစ်ဒဏ်ဖြစ်တဲ့ အများပိုင်ဆေးရုံ၊ ဘုန်းကြီးကျောင်း သန့်ရှင်းရေး လုပ်အားပေးစေခဲ့တယ်လို့ PSLF/TNLA ရဲ့ သတင်းနဲ့ ပြန်ကြားရေးဌာနက သတင်းထုတ်ထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now