မဲခေါင်၊ ဒီဇင်ဘာ ၉
မြိတ်မြို့အခြေစိုက် အမှတ် (၉၁၈) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းမှ တပ်ကြပ်ကြီးစာရေး ၁ ဦးဟာ ကရင်ပြည်နယ်အတွင်းက ကျားသစ်နက်စစ်ကြောင်းထံကို ဒီဇင်ဘာ ၇ ရက်နေ့မှာ CDM ပြုလုပ်လာတယ်လို့ သိရပါတယ်။
CDM ပြုလုပ်လာတဲ့ တပ်ကြပ်ကြီးစာရေးကို လုံခြုံနွေးထွေးစွာ စောင့်ရှောက်ထားတယ်လို့ ကျားသစ်နက်စစ်ကြောင်းက ဒီနေ့မှာ ထုတ်ပြန်အသိပေးပါတယ်။
ပြည်သူကိုကာကွယ်ရန် တာဝန်ရှိတယ်လို့ ခံယူထားတဲ့ တပ်မတော်သားတွေအနေနဲ့ ပြည်သူ့ဘက်မှ ရပ်တည်ရန်တိုက်တွန်းထားပြီး နွေးထွေးစွာကြိုဆိုသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီဘက်က ရပ်တည်ပြီး ဆက်လက်မိုက်တွင်းနက်နေမယ်ဆိုပါက ဆိုကျိုးတွေကိုသာ ခံစားရလိမ့်မယ်လို့ ကျားသစ်နက်စစ်ကြောင်းက သတိပေးထားပါသေးတယ်။
နိုင်ငံတဝှမ်းတော်လှန်တိုက်ခိုက်နေတဲ့ လက်နက်ကိုင်အဖွဲ့တွေက ပြည်သူဘက်ရပ်တည်ရန် တပ်မတော်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို မေတ္တာရပ်ခံထားပြီး စစ်တပ်အာဏာသိမ်းပြီးနောက် CDM ပြုလုပ်လာသူ တစ်သောင်းလေးထောင်ကျော်ရှိတယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။
#MeKongNews
#တပ်ကြပ်ကြီးစာရေး
#ကျားသစ်နက်
#စစ်ကြောင်း
#အလင်းဝင်
#အင်ဂျင်နီယာတပ်