စီးပွားရေး

ဒေါ်လာရှားပါးနေတဲ့ စစ်ကောင်စီ စက်သုံးဆီနဲ့ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်တွေကို နေပြည်တော်မှာ အရေးပေါ်စည်းအဝေး ခေါ်

မဲခေါင် 22 Jul - 2023
မဲခေါင်၊ ဇူလိုင် ၂၂ နိုင်ငံခြားငွေ ရှားပါးလာတဲ့စစ်ကောင်စီက ဒေါ်လာအသုံးပြုရတဲ့လုပ်ငန်းရှင်တွေကို ဖိအားပေးထပ်မံတင်းကြပ် ငွေရှာဖို့အတွက် စက်သုံးဆီလုပ်ငန်းရှင်တွေအပါအဝင် ဒေါ်လာအသုံးပြုကာလုပ်ဆောင်နေရတဲ့ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တွေကို အထူးအစည်းဝေးခေါ်ယူထားတယ်လို့ သိရပါတယ်။

မဲခေါင်၊ ဇူလိုင် ၂၂

နိုင်ငံခြားငွေ ရှားပါးလာတဲ့စစ်ကောင်စီက ဒေါ်လာအသုံးပြုရတဲ့လုပ်ငန်းရှင်တွေကို ဖိအားပေးထပ်မံတင်းကြပ် ငွေရှာဖို့အတွက် စက်သုံးဆီလုပ်ငန်းရှင်တွေအပါအဝင် ဒေါ်လာအသုံးပြုကာလုပ်ဆောင်နေရတဲ့ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တွေကို အထူးအစည်းဝေးခေါ်ယူထားတယ်လို့ သိရပါတယ်။

စီးပွားရေးပိတ်ဆို့မှုတွေကြောင့်‌ ဒေါ်လာဝင်ငွေရလမ်း နည်းလာတဲ့အပေါ် ဒေါ်လာအသုံးပြုတင်သွင်းရတဲ့ ကုန်ပစ္စည်းများ ပြတ်လပ်မှုရှိကာ၊ ဈေးမြင့်တက်မှုကိုထိန်းချူပ်ဖို့နည်းလမ်းရှာဖွေဖို့ လုပ်ငန်းရှင်တွေအပေါ် ဖိအားပေးလုပ်ဆောင်မှုရှိလာမည်ကို စိုးရိမ်နေတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။

စက်သုံးဆီ လုပ်ငန်းရှင်များကို ဇူလိုင်လ ၂၂ ရက်နေ့မှာ နေပြည်တော်သို့ အထူးအစည်းအဝေး ခေါ်ယူထားပြီး ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တွေကိုတော့ လာမယ့်အပတ်ထဲမှာ မတက်မနေရ အထူးအစည်းဝေးဟုဆိုကာ ခေါ်ယူထားကြောင်းသိရပါတယ်။

“လာမယ့်အပတ်ထဲ့ အရေးပေါ်အစည်းဝေးလို့ပြောတယ်၊ ဆီသမားတွေတော့ မနက်ဖြန်ခေါ်ထားတယ်၊ ဘာတွေထပ်ဖိအုံးမလည်း ဘဲစိုးရိမ်တယ်၊ အခြေနေစောင့်ကြည့်ရမှာပေါ့ ၊မတက်ရင်လည်း သိတဲ့အတိုင်း ၊ကိုယ်အခက်ခဲတွေလည်း မတင်ပြချင်တော့ဘူး၊ဘာမှမထူးတာသိနေတာဘဲ၊ ကုန်ကလည်းမသွင်းရဲ၊မပို့ရဲ အခြေနေလေ ဒေါ်လာဈေးကလည်း ဒီအခြေနေတိုင်းဆိုထပ်တက်မယ့်သဘောရှိတယ်” လို့ အမည်မဖော်လိုသူ သွင်းကုန်လုပ်ငန်းရှင်တစ်ဦးကဆိုပါတယ်။

ဒေါ်လာဝင်ငွေမရှိတော့ခြင်းနှင့် စီးပွားရေးပိတ်ဆို့မှုများကြောင့် စက်သုံးဆီများကို အကြီးအကျယ် လျှော့ချတင်သွင်းခြင်း၊ ဒေါ်လာဈေးကစားသူများကို ဖမ်းဆီးခြင်းတို့ လုပ်ဆောင်လျက်ရှိပြီး များမကြာမီ စက်သုံးဆီ ဝယ်ယူရောင်းချခွင့်များကို ကန့်သတ်ခြင်းများ လုပ်ဆောင်လာနိုင်တယ်လို့ လုပ်ငန်းရှင်များက သုံသပ်ပြောဆိုထားပါတယ်။

ဒေါ်လာလိုအပ်ချက်မြင့်တက်နေတဲ့ စစ်ကောင်စီကို ပြည်ပနိုင်ငံများရှိ ဘဏ်များတွင် အပ်နှံထားသော မြန်မာနိုင်ငံရဲ့ နိုင်ငံခြားအရန်ငွေတွေ သုံးစွဲခွင့်မရှိစေရေး ကမ္ဘာ့ဘဏ်အပါအဝင် ငွေရေးကြေးရေးအဖွဲ့တွေနဲ့ချိတ်ဆက်လုပ်ကိုင်နေတယ်လို့ NUG ဘဏ္ဍာရေး၊စီမံကိန်းနှင့်ရင်းနှီးမြှပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်က နွေဦးဖွံ့ဖြိုးရေးဘဏ် မိတ်ဆက်တဲ့ သတင်းစာရှင်းလင်းပွဲပြောဆိုထားပါတယ်။

အမေရိကန်က ထိန်းချုပ်ထားသော အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံ ရရှိရေး ညှိနှိုင်းဆောင်ရွက်နေသော်လည်း လက်ရှိအချိန်အထိ မရရှိသေးကြောင်းလည်း ပြောဆိုထားပါတယ်။

စင်ကာပူရှိဘဏ် ၃ ဘဏ်တွင် မြန်မာနိုင်ငံပိုင်အရန်ငွေ ဒေါ်လာ ၄ ဒဿမ ၂ ဘီလီယံရှိနေပြီး စစ်ကောင်စီထုတ်ယူသုံးစွဲခွင့်မရအောင် လုပ်ဆောင်နေကာ၊ စစ်ကောင်စီထုတ်ယူခွင့်မရရန်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဗဟိုဘဏ်နှင့် ဗဟိုဘဏ် အကြံ ပေး မစ္စတာ ရှောင်တာနယ်တို့ တိုင်ပင်ပြီး တရားဝင်လမ်းကြောင်းမှ ချိတ်ဆက်ပြီးဆောင်ရွက်နေတယ်လို့သိရပါတယ်။

MK-006

#MeKongNews

#ဗဟိုဘဏ်

#ဒေါ်လာ

#စစ်ကောင်စီ

#စက်သုံးဆီ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စီးပွားရေး နေ့စဥ်သတင်း မြန်မာ့နွေဦး

တရုတ် အဝယ်လိုက်နေ၍ မိုင်းလားတွင် ရာဘာစျေး မြင့်တက်

မဲခေါင်၊ ဧပြီ ၂၈ တရုတ်ဘက်မှ အဝယ်လိုက်၍ မိုင်းလားတွင် ရာဘာစျေး မြင့်တက်လာနေကြောင်း စျေးကွက်အတွင်းမှ သိရသည်။ သင်္ကြန်မတိုင်မီက အကောင်းဆုံး
စီးပွားရေး နေ့စဥ်သတင်း အာစီယံဒေသတွင်း

ပတ္တရားတွင် ကားပေါ် လိင်ဆက်ဆံသည့် ဗီဒီယိုရိုက်သူအား ထောင်ဒဏ်တစ်နှစ်နှင့် ပြည်ဝင်ခွင့် ၉၉ နှစ်ပိတ်

မဲခေါင်၊ ဇန်နဝါရီ ၂၇ ယမန်နှစ်ကုန်ပိုင်းက ထိုင်းနိုင်ငံ၊ ပတ္တရားမြို့လမ်းပေါ် အမြန်မောင်းနေသည့် ပစ်ကပ်ကား နောက်ခန်းတွင် ဝတ်လစ်စားလစ်ဖြင့် လိင်ဆက်ဆံသည့် ဗီဒီယိုရိုက်ကူးသော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဆောင်းပါး တိုင်းရင်းသားရေးရာ ဒေသတွင်းသတင်း

အရှိန်မြင့်လာသည့် ရှမ်းအရှေ့ ရွှေတူးဖော်မှုများနှင့် ခြိမ်းခြောက်ခံ နိုင်ငံတကာမြစ်ကြီးများ – ဘာသာပြန်ဆောင်းပါး

အဆိပ်သင့်မှုများ စီးဆင်းခြင်းသည် နယ်စပ်ဖြစ်သောကြောင့် သူ့နယ်မှာပင် ရပ်တန့်ချုပ်ငြိမ်းသွားသည် မဟုတ်ပေ။ ရှမ်းအရှေ့ရှိ ရွှေမိုင်းလုပ်ကွက်များသည် နိုင်ငံတကာသို့ စီးဆင်းသည့် မြစ်ကြီး ၂ သွယ်ဖြင့် ထိစပ်နေသည်။ မယ်ဆိုင်မြစ်နှင့် မဲခေါင်မြစ်ကြီးဖြစ်သည်။ မယ်ဆိုင်မြစ်နှင့် မဲခေါင်မြစ်ကြီးဖြစ်သည်။ မယ်ဆိုင်မြစ်သည် ထိုင်းနှင့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း

မိုင်းလားကုန်လမ်းကြောင်း တရားမဝင်လမ်းကြေး ပိုများလာပြီး ကုန်တင်ခတွေ ဈေးတက်

မိုင်းလားကုန်လမ်းကြောင်း တရားမဝင်လမ်းကြေး ပိုများလာပြီး ကုန်တင်ခတွေ ဈေးတက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း

ဒေသတွင်း၌ ကုန်စည်အသစ်ဟု ဆိုနိုင်သည့် လက်ပံပွင့် အူတိုင်အခြောက်များ အောင်ပန်း၌ ဈေးကောင်းရနေ

ဒေသတွင်း၌ ကုန်စည်အသစ်ဟု ဆိုနိုင်သည့် လက်ပံပွင့် အူတိုင်အခြောက်များ အောင်ပန်း၌ ဈေးကောင်းရနေ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း

ကြွက်ဘေး ကျရောက်သဖြင့် ကျိုင်းတုံမြို့နယ် တောင်ပေါ်ဒေသ၌ ဆန်ထွက်ရှိမှု သိသိသာသာကျဆင်းလာ

ကြွက်ဘေး ကျရောက်သဖြင့် ကျိုင်းတုံမြို့နယ် တောင်ပေါ်ဒေသ၌ ဆန်ထွက်ရှိမှု သိသိသာသာကျဆင်းလာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now