စီးပွားရေး

လက်ဖက်လုပ်ငန်း လုပ်ကိုင်သူတွေ လိုက်နာရမဲ့ စည်းကမ်းချက် TNLA ထုတ်ပြန်

မဲခေါင် 23 Mar - 2023
မဲခေါင်၊ မတ် ၂၂ ရှမ်းပြည်နယ် မြောက်ပိုင်း၊ တအာင်း ပြည်နယ်အတွင်း လက်ဖက် ရောင်းဝယ်ရေး လုပ်ငန်း လုပ်ကိုင်သူတွေ လိုက်နာရမဲ့ စည်းကမ်းချက်ကို ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA က ထုတ်ပြန်လိုက်တယ်လို့ Ta'ang TV က ဒီကနေ့ ကြေညာလိုက်ပါတယ်။

မဲခေါင်၊ မတ် ၂၂

ရှမ်းပြည်နယ် မြောက်ပိုင်း၊ တအာင်း ပြည်နယ်အတွင်း လက်ဖက် ရောင်းဝယ်ရေး လုပ်ငန်း လုပ်ကိုင်သူတွေ လိုက်နာရမဲ့ စည်းကမ်းချက်ကို ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA က ထုတ်ပြန်လိုက်တယ်လို့ Ta’ang TV က ဒီကနေ့ ကြေညာလိုက်ပါတယ်။

လက်ဖက် လုပ်ငန်းတွေ အနေနဲ့ လက်ဖက်အတု ပြုလုပ်တာ၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ဓာတုဆေးဝါးတွေ ထည့်တာ၊ လက်ဖက် ကုန်ကြမ်း လာရောင်းတဲ့ လက်ဖက်စိုက် တောင်သူတွေ အပေါ် အကြွေးစနစ်နဲ့ ဝယ်တာ၊ ကုန်ပစ္စည်းချင်း အတင်းအကြပ် ရောင်းဝယ်တာတွေ မပြုလုပ်ရဘူးလို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ဒါ့အပြင် လက်ဖက်အစို၊ လက်ဖက်ခြောက် ၁ ပိဿာကို ၃ ဒသမ ၆ ပေါင် တစ်သမတ်ထဲ ထုတ်ပိုး ရောင်းချဖို့နဲ့ လက်ဖက်စိုနဲ့ လက်ဖက်စိမ်းတွေမှာ ရေမထည့်ရဘူးလို့ ဖော်ပြထားပါတယ်။

ဒီသတ်မှတ်ချက်တွေနဲ့ ပတ်သက်ပြီး လက်ဖက် လုပ်ငန်းရှင် တစ်ဦးကတော့ လိုက်နာသင့်တဲ့ အချက်တွေ ဖြစ်တယ်လို့ မှတ်ချက်ပြု ပါတယ်။

“ဒီအချက်တွေ ကတော့ လိုက်နာသင့်တဲ့ အချက်တွေလို့ပဲ ထင်တယ်။ အရမ်းကြီးလည်း တင်းကြပ်ထားတာ မဟုတ်တော့ ဒါက သိပ်ပြဿနာ မရှိပါဘူး’’ လို့ သူကပြောပါတယ်။

ထုတ်ပြန်ချက်မှာပါတဲ့ အချက်တွေကို လိုက်မနာရင် ပထမ အကြိမ် ပစ္စည်းတန်ဖိုး ၁၀ ရာခိုင်နှုန်း ဒဏ်ကြေးနဲ့ ခံဝန်၊ ဒုတိယ အကြိမ် ပစ္စည်း တန်ဖိုး ၅၀ ရာခိုင်နှုန်းနဲ့ ခံဝန် ရေးထိုးရမှာဖြစ်ပြီး တတိယအကြိမ် ထပ်ဖြစ်ပါက လက်ဖက်လုပ်ငန်း လုပ်ကိုင်ခွင့် ပိတ်သိမ်းမယ်လို့ ထုတ်ပြန်ချက်မှာ သတိပေးထားပါတယ်။

TNLA ဟာ မန်တုံနဲ့ နမ့်ဆန်မြို့နယ်အတွင်း အခြေစိုက်တဲ့ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့ဖြစ်ပြီး ဒေသတွင်း လက်ဖက်စိုက်ဧက အများအပြား ရှိနေတာ ဖြစ်ပါတယ်။

MK-007

#MeKongNews

#ရှမ်းပြည်နယ်မြောက်ပိုင်း

#PSLF/TNLA

#လက်ဖက်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စီးပွားရေး နေ့စဥ်သတင်း မြန်မာ့နွေဦး

တရုတ် အဝယ်လိုက်နေ၍ မိုင်းလားတွင် ရာဘာစျေး မြင့်တက်

မဲခေါင်၊ ဧပြီ ၂၈ တရုတ်ဘက်မှ အဝယ်လိုက်၍ မိုင်းလားတွင် ရာဘာစျေး မြင့်တက်လာနေကြောင်း စျေးကွက်အတွင်းမှ သိရသည်။ သင်္ကြန်မတိုင်မီက အကောင်းဆုံး
စီးပွားရေး နေ့စဥ်သတင်း အာစီယံဒေသတွင်း

ပတ္တရားတွင် ကားပေါ် လိင်ဆက်ဆံသည့် ဗီဒီယိုရိုက်သူအား ထောင်ဒဏ်တစ်နှစ်နှင့် ပြည်ဝင်ခွင့် ၉၉ နှစ်ပိတ်

မဲခေါင်၊ ဇန်နဝါရီ ၂၇ ယမန်နှစ်ကုန်ပိုင်းက ထိုင်းနိုင်ငံ၊ ပတ္တရားမြို့လမ်းပေါ် အမြန်မောင်းနေသည့် ပစ်ကပ်ကား နောက်ခန်းတွင် ဝတ်လစ်စားလစ်ဖြင့် လိင်ဆက်ဆံသည့် ဗီဒီယိုရိုက်ကူးသော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဆောင်းပါး တိုင်းရင်းသားရေးရာ ဒေသတွင်းသတင်း

အရှိန်မြင့်လာသည့် ရှမ်းအရှေ့ ရွှေတူးဖော်မှုများနှင့် ခြိမ်းခြောက်ခံ နိုင်ငံတကာမြစ်ကြီးများ – ဘာသာပြန်ဆောင်းပါး

အဆိပ်သင့်မှုများ စီးဆင်းခြင်းသည် နယ်စပ်ဖြစ်သောကြောင့် သူ့နယ်မှာပင် ရပ်တန့်ချုပ်ငြိမ်းသွားသည် မဟုတ်ပေ။ ရှမ်းအရှေ့ရှိ ရွှေမိုင်းလုပ်ကွက်များသည် နိုင်ငံတကာသို့ စီးဆင်းသည့် မြစ်ကြီး ၂ သွယ်ဖြင့် ထိစပ်နေသည်။ မယ်ဆိုင်မြစ်နှင့် မဲခေါင်မြစ်ကြီးဖြစ်သည်။ မယ်ဆိုင်မြစ်နှင့် မဲခေါင်မြစ်ကြီးဖြစ်သည်။ မယ်ဆိုင်မြစ်သည် ထိုင်းနှင့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း

မိုင်းလားကုန်လမ်းကြောင်း တရားမဝင်လမ်းကြေး ပိုများလာပြီး ကုန်တင်ခတွေ ဈေးတက်

မိုင်းလားကုန်လမ်းကြောင်း တရားမဝင်လမ်းကြေး ပိုများလာပြီး ကုန်တင်ခတွေ ဈေးတက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း

ဒေသတွင်း၌ ကုန်စည်အသစ်ဟု ဆိုနိုင်သည့် လက်ပံပွင့် အူတိုင်အခြောက်များ အောင်ပန်း၌ ဈေးကောင်းရနေ

ဒေသတွင်း၌ ကုန်စည်အသစ်ဟု ဆိုနိုင်သည့် လက်ပံပွင့် အူတိုင်အခြောက်များ အောင်ပန်း၌ ဈေးကောင်းရနေ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း

ကြွက်ဘေး ကျရောက်သဖြင့် ကျိုင်းတုံမြို့နယ် တောင်ပေါ်ဒေသ၌ ဆန်ထွက်ရှိမှု သိသိသာသာကျဆင်းလာ

ကြွက်ဘေး ကျရောက်သဖြင့် ကျိုင်းတုံမြို့နယ် တောင်ပေါ်ဒေသ၌ ဆန်ထွက်ရှိမှု သိသိသာသာကျဆင်းလာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now