စီးပွားရေး

လျှပ်စစ်ကားတင်သွင်းမှုက ပွင့်လင်းမြင်သာမှုမရှိတဲ့ ပရော့ချက်တစ်ခုသာဖြစ်တယ်လို့ ကား လောကသားတွေ ဝေဖန်

မဲခေါင် 27 Jan - 2023
မဲခေါင်၊ ဇန်နဝါရီ ၂၆ စစ်ကောင်စီရဲ့ လျှပ်စစ်ကားတင်သွင်းမှုဟာ ရေပေါ်ဆီ လူတန်းစာတစ်ရပ် အတွက်သာ ဖြစ်ပြီး ပွင့်လင်းမြင်သာမှု မရှိတဲ့ နိုင်ငံတော်ဆိုင်ရာ ပရောဂျက်တစ်ခုသာ ဖြစ်တယ်လို့ ကားဈေးကွက်ကျွမ်းကျင်သူပညာရှင်တွေက သုံးသပ်ပြောကြားပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၂၆

စစ်ကောင်စီရဲ့ လျှပ်စစ်ကားတင်သွင်းမှုဟာ ရေပေါ်ဆီ လူတန်းစာတစ်ရပ် အတွက်သာ ဖြစ်ပြီး ပွင့်လင်းမြင်သာမှု မရှိတဲ့ နိုင်ငံတော်ဆိုင်ရာ ပရောဂျက်တစ်ခုသာ ဖြစ်တယ်လို့ ကားဈေးကွက်ကျွမ်းကျင်သူပညာရှင်တွေက သုံးသပ်ပြောကြားပါတယ်။

လျှပ်စစ်ကားရဲ့ စျေးနှုန်းကတစ်စီးကို သိန်း ၇၀၀ နဲ့ သိန်း ၁၀၀၀ ကျော်နီးပါးရှိနေတဲ့အတွက် စျေးကွက်ထဲမှာ ပြည်သူတွေ တကယ် လက်လှမ်းမှီနိုင်တဲ့စျေး မဟုတ်ဘဲ အခုလိုတင်သွင်းမှုက အခြားစပ်ဆက်အကြောင်းအရာတွေ ပတ်သတ်မှုတွေရှိ​နိုင်တယ်လို့လည်း ဝေဖန်မှုတွေ ရှိနေတာပါ။

“နိုင်ငံ အတွင်းမှာတောင် လျှပ်စစ်မီး အပြည့်အဝ မသုံးနိုင်ချိန်မှာ ဒါကိုတင်သွင်းတာကတစ်ပိုင်း EV ကိုလေ့လာကြည့်ချက်အရ ဖုန်းအားသွင်းသလိုမျိုးမရဘူး။ ဒါက Pilot project ဖြစ်တဲ့ Invset ကကြီးတယ်။ ၁၀ နှစ်လောက်အချိန်ယူရမယ့် အလုပ်။ နောက်ပြီးစျေးနှုန်းအရ ကြည့်ရင်လည်း ရေပေါ်ဆီလူတန်းစားအတွက် သီးသန့်လိုဖြစ်နေတယ်။ ပွင့်လင်းမြင်သာမှုမရှိတဲ့ နိုင်ငံတော်ဆိုင်ရာ ပရောဂျက်တစ်ခုလို့မြင်တယ်။ ပြောစရာရေးစရာရအောင် Issue ထုတ်ပေးလိုက်တဲ့ သဘောသာဖြစ်တယ်လို့” ကားစျေးကွက် ကျွမ်းကျင်ပညာရှင်တစ်ဦးကဆိုပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စက်သုံးဆီလျှော့ချသုံးစွဲဖို့ မြန်မာနိုင်ငံတွင်း လျှပ်စစ်ရထားနဲ့ ကားစီမံကိန်းတွေ ဖော်ဆောင်မယ်လို့ ပြောဆိုမှုရဲ့ တစ်နှစ်အကြာမှာ အခုလိုတင်သွင်းလာခဲ့တာလည်း ဖြစ်ပါတယ်။

လျှပ်စစ်ကားတွေကို စစ်ကောင်စီရဲ့ စီမံဘဏ္ဍာဝန်ကြီးဌာနက အကောက်ခွန် ကင်းလွတ်ခွင့်နဲ့ တင်သွင်းခွင့်ပေးခဲ့ပြီး လက်ရှိမှာတော့ Chin Dwin Shan Construction ကုမ္ပဏီနဲ့ NPK Motors ကုမ္ပဏီတို့က ပထမဦးဆုံးအနေနဲ့ BYD ကုမ္ပဏီထုတ် လူစီးနဲ့ တက္ကစီလျှပ်စစ်ကားအစီး ၄၀ တင်သွင်းလာတာ ဖြစ်ပါတယ်။

အခုလို တင်သွင်းမှုကြောင့် ပြည်တွင်းကားစျေးကွက်အပေါ် သက်ရောက်မှုရှိလာနိုင်မှာ မဟုတ်သလို မော်တော်ယာဥ် အဌားစျေးကွက်ပေါ်လည်း ထိခိုက်လာနိုင်စရာမရှိဘူးလို့ မော်တော်ယာဥ် တင်သွင်းထုတ်လုပ်ရောင်းချသူများ အသင်းတာဝန်ရှိသူက ပြောပါတယ်။

“ဘာသက်ရောက်မှုမှ မရှိလာနိုင်ဘူး။ တရုတ်ကားက သိန်း ၆၀၀ ကနေ၊ သိန်းတစ်ထောင်ကျော်ဆိုတော့ လူလတ်တန်းစားနဲ့ အခြေခံလူတန်းစားက ဝယ်စီးနိုင်မှာမဟုတ်ဘူး။ ငွေပိုနေတဲ့သူတွေ အဆင်တန်ဆာအဖြစ်သာ အလှဝယ်ထားတာမျိုးပဲရှိမှာ။ တက္ကစီအရကြည့်ရင်လည်း အုံနာကြေး တစ်ရက် ၅ သောင်းလောက်ရမှ ကိုက်မယ့်သဘောဆိုတော့ စိုးရိမ်စရာမရှိပါဘူးလို့” တာဝန်ရှိသူကဆိုပါတယ်။

လျှပ်စစ်ကားတင်သွင်းဖို့ ကုမ္ပဏီ ၂၆ ခုကို ခွင့်ပြုထားတဲ့အနက် ကုမ္ပဏီ နှစ်ခုက ပထမဆုံးတင်သွင်းလာတာဖြစ်ပြီး တရုတ်နိုင်ငံထုတ် BYD အမျိုးအစား E2 Model ဖြစ်ပါတယ်။

ဒီလျှပ်စစ်ကားတွေထဲကမှ ရန်ကုန်လေဆိပ်မှာ အခြေပြုကာ တက္ကစီ ၁၀ စီး နဲ့ နေပြည်တော် သပြေကုန်းဈေးမှာ အခြေပြုပြီး တက္ကစီ ၁၀ စီး ပြေးဆွဲမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

MK-006

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စီးပွားရေး နေ့စဥ်သတင်း မြန်မာ့နွေဦး

တရုတ် အဝယ်လိုက်နေ၍ မိုင်းလားတွင် ရာဘာစျေး မြင့်တက်

မဲခေါင်၊ ဧပြီ ၂၈ တရုတ်ဘက်မှ အဝယ်လိုက်၍ မိုင်းလားတွင် ရာဘာစျေး မြင့်တက်လာနေကြောင်း စျေးကွက်အတွင်းမှ သိရသည်။ သင်္ကြန်မတိုင်မီက အကောင်းဆုံး
စီးပွားရေး နေ့စဥ်သတင်း အာစီယံဒေသတွင်း

ပတ္တရားတွင် ကားပေါ် လိင်ဆက်ဆံသည့် ဗီဒီယိုရိုက်သူအား ထောင်ဒဏ်တစ်နှစ်နှင့် ပြည်ဝင်ခွင့် ၉၉ နှစ်ပိတ်

မဲခေါင်၊ ဇန်နဝါရီ ၂၇ ယမန်နှစ်ကုန်ပိုင်းက ထိုင်းနိုင်ငံ၊ ပတ္တရားမြို့လမ်းပေါ် အမြန်မောင်းနေသည့် ပစ်ကပ်ကား နောက်ခန်းတွင် ဝတ်လစ်စားလစ်ဖြင့် လိင်ဆက်ဆံသည့် ဗီဒီယိုရိုက်ကူးသော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဆောင်းပါး တိုင်းရင်းသားရေးရာ ဒေသတွင်းသတင်း

အရှိန်မြင့်လာသည့် ရှမ်းအရှေ့ ရွှေတူးဖော်မှုများနှင့် ခြိမ်းခြောက်ခံ နိုင်ငံတကာမြစ်ကြီးများ – ဘာသာပြန်ဆောင်းပါး

အဆိပ်သင့်မှုများ စီးဆင်းခြင်းသည် နယ်စပ်ဖြစ်သောကြောင့် သူ့နယ်မှာပင် ရပ်တန့်ချုပ်ငြိမ်းသွားသည် မဟုတ်ပေ။ ရှမ်းအရှေ့ရှိ ရွှေမိုင်းလုပ်ကွက်များသည် နိုင်ငံတကာသို့ စီးဆင်းသည့် မြစ်ကြီး ၂ သွယ်ဖြင့် ထိစပ်နေသည်။ မယ်ဆိုင်မြစ်နှင့် မဲခေါင်မြစ်ကြီးဖြစ်သည်။ မယ်ဆိုင်မြစ်နှင့် မဲခေါင်မြစ်ကြီးဖြစ်သည်။ မယ်ဆိုင်မြစ်သည် ထိုင်းနှင့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း

မိုင်းလားကုန်လမ်းကြောင်း တရားမဝင်လမ်းကြေး ပိုများလာပြီး ကုန်တင်ခတွေ ဈေးတက်

မိုင်းလားကုန်လမ်းကြောင်း တရားမဝင်လမ်းကြေး ပိုများလာပြီး ကုန်တင်ခတွေ ဈေးတက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း

ဒေသတွင်း၌ ကုန်စည်အသစ်ဟု ဆိုနိုင်သည့် လက်ပံပွင့် အူတိုင်အခြောက်များ အောင်ပန်း၌ ဈေးကောင်းရနေ

ဒေသတွင်း၌ ကုန်စည်အသစ်ဟု ဆိုနိုင်သည့် လက်ပံပွင့် အူတိုင်အခြောက်များ အောင်ပန်း၌ ဈေးကောင်းရနေ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း

ကြွက်ဘေး ကျရောက်သဖြင့် ကျိုင်းတုံမြို့နယ် တောင်ပေါ်ဒေသ၌ ဆန်ထွက်ရှိမှု သိသိသာသာကျဆင်းလာ

ကြွက်ဘေး ကျရောက်သဖြင့် ကျိုင်းတုံမြို့နယ် တောင်ပေါ်ဒေသ၌ ဆန်ထွက်ရှိမှု သိသိသာသာကျဆင်းလာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now