စီးပွားရေး

ဈေးကွက်ပစ္စည်း ရှားပါးမှုများကြောင့် အင်းလေး ခရမ်းချဉ်သီးတွေ ၃ ဆခန့် ဈေးတက်

မဲခေါင် 22 Oct - 2024
ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်လေးဒေသထွက် ခရမ်းချဉ်သီးတွေဟာ ၃ ဆနီးပါး ဈေးတက်လာပြီး ဈေးကွက်မှာ ရောင်းမလောက် အနေအထား ဖြစ်လာတယ်လို့ ပွဲရုံလုပ်ငန်းရှင်တွေက ပြောပါတယ်။

မဲခေါင်၊ အောက်တိုဘာ ၂၂

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်လေးဒေသထွက် ခရမ်းချဉ်သီးတွေဟာ ၃ ဆနီးပါး ဈေးတက်လာပြီး ဈေးကွက်မှာ ရောင်းမလောက် အနေအထား ဖြစ်လာတယ်လို့ ပွဲရုံလုပ်ငန်းရှင်တွေက ပြောပါတယ်။

ရေကြီးရေလျှံမှု ကာလအတွင်း ခရမ်းချဉ်သီး ပျက်စီးဆုံးရှုံးမှုများကြောင့် ဈေးကွက်မှာ ပစ္စည်းရှားပါးလာပြီး ၈ ထောင်ကျပ်အထိ ဈေးတက်လာတယ်လို့ ဒေသတွင်း စိုက်ပျိုးတောင်သူ တစ်ဦးက ပြောပါတယ်။

“မနေ့ကတောင် ၆ ထောင်ပဲ။ ဒီနေ့တော့ ၂ ထောင်တက်တယ်။ တချို့နေရာတွေ တစ်သောင်း ဖြစ်ပြီလို့ ပြောတယ်။ အခုက အသီးကို မရှိတာ။ ကုန်းပေါ်သီးကတော့ ကြိုက်ရောင်း ကြိုက်ဝယ်ပဲ။ ၆ ထောင်လည်း ခေါ်နေတယ်” လို့ ဒေသတွင်း စိုက်ပျိုးတောင်သူ တစ်ဦးက ပြောပါတယ်။

စက်တင်ဘာလ အစပိုင်းက ခရမ်းချဉ်သီး တစ်ပိဿာကို ၂ ရာကျပ်သာ ရရှိတာကြောင့် တောင်သူတွေ စွန့်ပစ်ခဲ့ရပေမယ့် အောက်တိုဘာလအတွင်းမှာ ၃ ထောင်ကျပ်ကနေ တဖြည်းဖြည်း ခုန်တက်လာပြီး လက်ရှိ ဈေးကွက်အတွင်း ၈ ထောင်ကျပ်အထိ ရောင်းချနေကြတယ်လို့ သူက ဆက်ပြောပါတယ်။

အင်းလေးဒေသတွင်း ရေမမြုပ်ဘဲ တင်ကျန်ခဲ့တဲ့ စိုက်ခင်းတွေမှာလည်း မိုးများတာကြောင့် ခရမ်းချဉ်သီး ပျက်စီးခဲ့ရသလို ခရမ်းချဉ်သီးတွေ ရာသီဥတုဒဏ် မဖြစ်စေဖို့အတွက် ဆေးဖြန်းရတာကြောင့်လည်း ကုန်ကျစရိတ်များပြီး ဈေးတက်ရတာလို့ တောင်သူတွေက ဆိုပါတယ်။

“အတက်ကြမ်းဦးမယ်လို့ ခန့်မှန်းရတာပေါ့။ တစ်သောင်းကျော်ရင်တော့ အဝယ်မလိုက်တော့ရင် ဈေးကငြိမ်ပြီး တဖြည်းဖြည်း ပြန်ကျလာမှာပါ။ အခုက တချို့ဒေသတွေက သယ်ဖို့ဘာဖို့ အဆင်မပြေသေးတော့ အသီးကိုင်ထားတဲ့ သူတွေက ကြိုက်ဈေး ခေါ်ကြတာ” လို့ ပွဲရုံလုပ်ငန်းရှင် တစ်ဦးက သုံးသပ်ပါတယ်။

ညောင်ရွှေမြို့နယ်အတွင်း ရေကြီးရေလျှံမှုများကြောင့် ပွဲရုံအားလုံးနီးပါး ခရမ်းချဉ်သီးတွေ ရေထဲမျှောပါ ပျက်စီးခဲ့ရပြီး အင်းလေးဒေသမှာလည်း ခရမ်းချဉ်သီး ကျွန်ူးမျောဧကပေါင်းသောင်းချီ ရေမြုပ်ပျက်စီးခဲ့ရတယ်လို့ ဒေသတွင်း တောင်သူတွေဆီက သိရပါတယ်။

အင်းလေးဒေသမှာ ခရမ်းချဉ်သီးကို သပြေပင်၊ ပျားပင်၊ လယ်သစ်၊ မိုင်းသောက်အင်း၊ သလဲဦးအင်း၊ လင်းကင်း၊ ကေလာ၊ ဇရပ်ကြီး စတဲ့ ကျေးရွာတွေ အပါအဝင် ကျေးရွာပေါင်း ၅၀ ကျော်ခန့်မှာ စိုက်ပျိုးကြပြီး စိုက်ပျိုးမြေ ကျွန်းမျောဧကပေါင်း ၂ သိန်းနီးပါးခန့် ရှိနိုင်တယ်လို့ တောင်သူတွေက ခန့်မှန်းထားပါတယ်။

MK-014

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စီးပွားရေး နေ့စဥ်သတင်း မြန်မာ့နွေဦး

တရုတ် အဝယ်လိုက်နေ၍ မိုင်းလားတွင် ရာဘာစျေး မြင့်တက်

မဲခေါင်၊ ဧပြီ ၂၈ တရုတ်ဘက်မှ အဝယ်လိုက်၍ မိုင်းလားတွင် ရာဘာစျေး မြင့်တက်လာနေကြောင်း စျေးကွက်အတွင်းမှ သိရသည်။ သင်္ကြန်မတိုင်မီက အကောင်းဆုံး
စီးပွားရေး နေ့စဥ်သတင်း အာစီယံဒေသတွင်း

ပတ္တရားတွင် ကားပေါ် လိင်ဆက်ဆံသည့် ဗီဒီယိုရိုက်သူအား ထောင်ဒဏ်တစ်နှစ်နှင့် ပြည်ဝင်ခွင့် ၉၉ နှစ်ပိတ်

မဲခေါင်၊ ဇန်နဝါရီ ၂၇ ယမန်နှစ်ကုန်ပိုင်းက ထိုင်းနိုင်ငံ၊ ပတ္တရားမြို့လမ်းပေါ် အမြန်မောင်းနေသည့် ပစ်ကပ်ကား နောက်ခန်းတွင် ဝတ်လစ်စားလစ်ဖြင့် လိင်ဆက်ဆံသည့် ဗီဒီယိုရိုက်ကူးသော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဆောင်းပါး တိုင်းရင်းသားရေးရာ ဒေသတွင်းသတင်း

အရှိန်မြင့်လာသည့် ရှမ်းအရှေ့ ရွှေတူးဖော်မှုများနှင့် ခြိမ်းခြောက်ခံ နိုင်ငံတကာမြစ်ကြီးများ – ဘာသာပြန်ဆောင်းပါး

အဆိပ်သင့်မှုများ စီးဆင်းခြင်းသည် နယ်စပ်ဖြစ်သောကြောင့် သူ့နယ်မှာပင် ရပ်တန့်ချုပ်ငြိမ်းသွားသည် မဟုတ်ပေ။ ရှမ်းအရှေ့ရှိ ရွှေမိုင်းလုပ်ကွက်များသည် နိုင်ငံတကာသို့ စီးဆင်းသည့် မြစ်ကြီး ၂ သွယ်ဖြင့် ထိစပ်နေသည်။ မယ်ဆိုင်မြစ်နှင့် မဲခေါင်မြစ်ကြီးဖြစ်သည်။ မယ်ဆိုင်မြစ်နှင့် မဲခေါင်မြစ်ကြီးဖြစ်သည်။ မယ်ဆိုင်မြစ်သည် ထိုင်းနှင့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း

မိုင်းလားကုန်လမ်းကြောင်း တရားမဝင်လမ်းကြေး ပိုများလာပြီး ကုန်တင်ခတွေ ဈေးတက်

ဒေသတွင်း၌ ကုန်စည်အသစ်ဟု ဆိုနိုင်သည့် လက်ပံပွင့် အူတိုင်အခြောက်များ အောင်ပန်း၌ ဈေးကောင်းရနေ

ကြွက်ဘေး ကျရောက်သဖြင့် ကျိုင်းတုံမြို့နယ် တောင်ပေါ်ဒေသ၌ ဆန်ထွက်ရှိမှု သိသိသာသာကျဆင်းလာ

ကြွက်ဘေး ကျရောက်သဖြင့် ကျိုင်းတုံမြို့နယ် တောင်ပေါ်ဒေသ၌ ဆန်ထွက်ရှိမှု သိသိသာသာကျဆင်းလာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now