စီးပွားရေး

စက်သုံးဆီဈေး တစ်ရက်တည်း တစ်လီတာ ကျပ် ၃၀၀ ကျော်အထိဈေးတက်

မဲခေါင် 2 Dec - 2023
ရန်ကုန်တွင် စက်သုံးဆီဈေးနှုန်းများတစ်လီတာကို ၃၀၀ ကျော် မြင့်တက်လာပြီး ဆီဆိုင်အချို့ ဆီပြတ်လပ်မှုတွေဖြစ်ပေါ်နေတယ်လို့ ဈေးကွက်အတွင်း သတင်းအရသိရပါတယ်။

မဲခေါင်၊ ဒီဇင်ဘာ ၁

ရန်ကုန်တွင် စက်သုံးဆီဈေးနှုန်းများတစ်လီတာကို ၃၀၀ ကျော် မြင့်တက်လာပြီး ဆီဆိုင်အချို့ ဆီပြတ်လပ်မှုတွေဖြစ်ပေါ်နေတယ်လို့ ဈေးကွက်အတွင်း သတင်းအရသိရပါတယ်။

ဒီနေ့ စက်သုံးဆီဈေးနှုန်းမှာ 92 တစ်လီတာ ငွေကျပ် ၂၅၁၀ ကျပ်ရှိပြီး ယမန်နေ့က 92 တစ်လီတာ ၂၁၇၀ ကျပ်သာရှိပြီး တစ်ရက်အတွင်းတစ်လီတာကို ငွေကျပ် ၃၄၀ ကျပ် မြင့်တက်သွားတာပါ။

မနေ့ 95 တစ်လီတာ ၂၃၀၀ ကျပ်သာရှိခဲ့ပြီး ဒီနေ့မှာတော့ တစ်လီတာ ၂၆၄၀ ကျပ်အထိမြင့်တက်သွားတယ်လို့ သိရပါတယ်။

“ဆီဈေးက တစ်ရက်အတွင်းမြင့်တက်လာတာ၊ တစ်ချို့ ဆီဆိုင်တွေက ဆီမရဘူး ပြတ်လပ်တယ်တော့ မဟုတ်ဘူး၊ အခုမူဝါဒက အမျိုးမျိုးထုတ်နေတော့ လုပ်ငန်းရှင်တွေက ကုန်လှောင်ပြီး စောင့်ကြည့်နေတဲ့သဘော၊ စက်မှုဇုံသမားတွေကို အစိုးရကထုတ်မပေးဘူး၊ ကိုယ်တိုင်တင်သွင်းရမယ်ဆိုတော့ အဆင်မပြေမှုတွေက ကြုံလာတော့မယ်” လို့ စက်မှုလုပ်ငန်းရှင် တစ်ဦးကပြောပါတယ်။

ဒီဇင်ဘာ ၅ ရက်မှစတင်ကာ စက်မှုဇုန်များသို့ နိုင်ငံတော်အစီအစဉ်ဖြင့် စက်သုံးဆီ မရောင်းချပေးတော့ဘဲ လုပ်ငန်းရှင်များ မိမိကိုယ်တိုင် တင်သွင်းဖို့ အကြောင်းကြားလာတာကြောင့် စက်မှုဇုန်လုပ်ငန်းများ အခက်အခဲတွေဖြစ်ပေါ် နေတယ်လို့ ဆိုပါတယ်။

စက်သုံးဆီတင်သွင်းဖို့ လိုအပ်တဲ့ အမေရိကန်ဒေါ်လာကို တစ်ဒေါ်လာ ၂၁၀၀ ကျပ်နဲ့ စစ်ကောင်စီက ရောင်းမပေးတော့ဘဲ ဓာတ်ဆီဈေး တစ်လီတာ ၃၄၀ ကျော်မြင့်တက်တာလို့ ဆီလုပ်ငန်းရှင်အသိုင်းအဝိုင်းက လူမှုကွန်ယက်စာမျက်နှာပေါ်မှာ သတင်းဖော်ပြချက်တွေအရသိရပါတယ်။

၂၀၂၃- ဘဏ္ဍာရေးနှစ်အတွက် ဖြည့်စွက်ငွေစာရင်းတင်ပြတဲ့ ညှိနှိုင်းအစည်းအဝေးပွဲမှာ စက်သုံးဆီနဲ့ စားသုံးဆီကို အမြတ်တင်ရောင်းချခဲ့တဲ့ ကုမ္ပဏီ ၈ ခုနဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေထဲက တာဝန်ရှိတဲ့သူတွေကို သတ်မှတ်ဥပဒေတွေအတိုင်း အရေးယူခဲ့တယ်လို့စစ်ကောင်စီရဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောဆိုထားပါတယ်။

MK-006

#MeKongNews

#စက်သုံးဆီ

#ဈေးမြင့်

#ပြတ်လပ်

#ဆီဆိုင်

#ရန်ကုန်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြ၀တီ သေဆုံးခြင်း

“ ဘာတွေဖြစ်ပျက်သွားသလဲဆိုတာ ကျွန်တော်တို့ အတိအကျတော့မသိနိုင်ဘူး။ ဒါပေမဲ့ ကျယ်ပြန့်တဲ့ သီအိုရီ က နှစ်ခုပဲရှိတယ်။ တစ်ခုကတော့ စောချစ်သူက ဒီပွဲကို
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

PNO ပြည်သူ့စစ်တွေက ဘိန်းစိုက်တောင်သူတွေဆီကို ဘိန်းရောင်းရငွေကြောင့် ဓါးစာခံပြုလုပ်ထား

ရှမ်း/တောင် ဆီဆိုင်မြို့နယ်ထဲက ထမ်းယနဲ့ ပန်းအွန်ရွာသူ ရွာသားတွေကို ဘိန်းပေါ်ချိန်ဖြစ်တဲ့အတွက် ရောင်းရငွေတွေပေးမှ ကျေးရွာထဲက အပြင်ကို သွားလာခွင့်ပြုမယ်လို့ ဒေသခံတွေကပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်ပြည်နယ် တိုက်ပွဲတွေမှာ PPDF-KD လည်း ပါဝင်တိုက်ခိုက်၊ ရှေ့တန်းပြန် ရဲဘော်တွေကို ဂုဏ်ပြု

ကော့ကရိတ်-မြဝတီ စစ်ဆင်ရေးတွေမှာ KNLA၊ PDF တို့နဲ့အတူ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ခမ်းဒေါမ်) – PPDF-KD ရှေ့တန်းပြန် ရဲဘော်တွေကို ဂုဏ်ပြုခဲ့တယ်လို့ ပြောရေးဆိုခွင့်ရှိသူ ခွန်ဝေထူး က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

တရုတ်အပျော်မယားလုပ်ဖို့ လူမှုကွန်ယက်အသုံးပြု ခေါ်ဆိုတာတွေကြောင့် ဒေသခံ တိုင်းရင်းသားအမျိုးသမီးငယ်တွေ တရုတ်နိုင်ငံအတွင်း ရောင်းစားခံရ

စစ်ကောင်စီ အာဏာသိမ်းပြီး တရုတ်နိုင်ငံအတွင်းနဲ့ ကျားဖျဲန်ငွေလိမ်လုပ်ငန်က တရုတ်နိုင်ငံသားတွေအတွက် လပြတ်နဲ့ တရုတ်အပျော်မယားလုပ်ဖို့ လူမှုကွန်ယက်ကတဆင့် ခေါ်ဆိုတာတွေ ပိုမိုများပြားလာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှားတောမှာ KNDF နဲ့ KA က စစ်သင်တန်းဆင်းပွဲ ပြုလုပ်

ဆိုမို/ ဖေစိုးလေးဒေသမှာ ကရင်နီ တပ်မတော်(KA)နဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) တပ်ရင်း ၁၇ တို့က အခြေခံစစ်သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့တယ်လို့ တပ်ရင်း ၁၇ က ဒီနေ့ (မေ ၂) မှာ ထုတ်ပြန်ထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်နီ စစ်ဘေးရှောင် စာသင်ကျောင်းက ကျောင်းသား(၇၀၀၀)ကျော်အတွက် လာမယ့်စာသင်နှစ်အတွက် အကူအညီတွေ လိုအပ်နေ

စစ်ဘေးရှောင် စာသင်ကျောင်း(၂၄)ကျောင်းက ကျောင်းသား(၇)ထောင်ကျော်နဲ့ ဆရာ/ဆရာမ (၃၀၀)ကျော်အတွက် စာရေးကိရိယာနဲ့ အဝတ်အထည်အပါအဝင် သင်၊ ထောက်၊ ကူပစ္စည်းတွေ အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ်မှ ပြည်သူသုံးတံတားနဲ့ ရွှေတဂူဘုရားဝန်းကို စစ်ကောင်စီ ဗုံးကြဲဖျက်ဆီး

ဆီဆိုင်မြို့နယ်၊ နောင်စကာကျေးရွာနဲ့ ရွှေတဂူဘုရားအနီးမှာရှိတဲ့ သဘက်ချောင်းတံတားကို စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်အဖွဲ့တို့က မနေ့ မေ ၁ ရက်နေ့မှာ မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့ PNLA က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

စစ်ကောင်စီ ထုတ်ကုန် မြန်မာဘီယာကို ဝယ်ယူသောက်သုံးနေတဲ့ TLNA ရဲဘော် တွေကို ထောင်ဒဏ်နဲ့ ကြိမ်ဒဏ်တွေချမှတ်

တအာင်း TNLA တပ်သားတွေ မွေးနေ့ပါတီမှာ တားမြစ်ထားတဲ့ မြန်မာဘီယာဝယ်ယူ သောက်သုံးပြီး ကျင်းပခဲ့လို့ ကြိမ်ဒဏ်(၁၀)ချက်နဲ့ ထောင်ဒဏ်(၁)လအပြင် လူမှုရေးပြစ်ဒဏ်ဖြစ်တဲ့ အများပိုင်ဆေးရုံ၊ ဘုန်းကြီးကျောင်း သန့်ရှင်းရေး လုပ်အားပေးစေခဲ့တယ်လို့ PSLF/TNLA ရဲ့ သတင်းနဲ့ ပြန်ကြားရေးဌာနက သတင်းထုတ်ထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now