မဲခေါင်၊ ဖေဖော်ဝါရီ ၆
ရှမ်းပြည်မြောက်ပိုင်း၊ မန်တုံမြို့နယ်ရှိ စစ်ကောင်စီရဲ့ ခလရ-၁၃၀ စခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိပ်ပိုင်းခေါင်းဆောင်တွေက သွားရောက်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
TNLA ရဲ့ ဒုတိယဥက္ကဌ ၁ ဗိုလ်ချုပ် တားဂျုတ်ဂျားနဲ့ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တားဘုန်းကျော်တို့က ဖေဖော်ဝါရီ ၃ ရက်နေ့မှာ သွားရောက်ကြည့်ခဲ့ပြီး NUG ဖက်ဒရယ်ရေးရာဝန်ကြီးဌာန ဝန်ကြီး မိုင်းဝင်းထူးနဲ့ တအင်းနိုင်ငံရေးအတိုင်ပင်ခံကောင်စီ TPCC အတွင်းရေးမှူး မိုင်းနိုင်ဂေါင်ဇားတို့လည်း ပါဝင်တယ်လို့ သိရပါတယ်။
မိုင်းတုံ စစ်ကောင်စီ ခလရ-၁၃၀ ကို TNLA က ဒီဇင်ဘာ ၂၂ ရက်နေ့မှာ သိမ်းပိုက်ခဲ့ပြီး မန်တုံမြို့ဟာ TNLA သိမ်းပိုက်ခဲ့တဲ့ ၄ ခုမြောက်မြို့လည်း ဖြစ်ပါတယ်။
#MeKongNews
#TNLA
#မန်တုံ
#စစ်ကောင်စီ
#သိမ်းပိုက်