မဲခေါင်၊ နိုဝင်ဘာ ၃၀
ချင်းပြည်နယ်၊ ရေဇွာမြို့ကို တော်လှန်ရေး ပူးပေါင်းအဖွဲ့တွေ ၅ ရက်ကြာ တိုက်ခိုက် သိမ်းပိုက်ခဲ့ရာ စစ်သုံ့ပန်းတွေ ဖမ်းဆီးရမိပြီး လက်နက်ခဲယမ်း အများအပြား ရရှိတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ဒီကနေ့ ထုတ်ပြန်ပါတယ်။
ရေဇွာမြို့သိမ်း တိုက်ပွဲကို နိုဝင်ဘာ ၂၅ ရက်နေ့က စတင်ခဲ့ပြီး နိုဝင်ဘာ ၂၉ ရက်နေ့ မနက်ပိုင်းမှာ ZZLMS ညီနောင်တွေနဲ့အတူ ချင်းအမျိုးသား တပ်ဉီး-CNA၊ CDF-MATUPI တို့ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
‘ZZLMS Operation’ လို့ အမည်ရတဲ့ အဆိုပါ မြို့သိမ်းတိုက်ပွဲ အတွင်း စစ်သုံ့ပန်းတွေ ဖမ်းဆီးရမိခဲ့ပြီး လက်နက်၊ ခဲယမ်း အများအပြား ရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပေမယ့် အရေအတွက် အတိအကျကိုတော့ ဖော်ပြထားခြင်း မရှိပါဘူး။
လက်ရှိအချိန်မှာ တော်လှန်ရေး တပ်ဖွဲ့တွေ မြို့ကို အလုံးစုံ သိမ်းပိုက် ထိန်းချုပ်ထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
MK-009
#MeKongNews
#ရေဇွာမြို့
#ZZLMS_Operation
#သုံ့ပန်း