မဲခေါင်၊ ဖေဖော်ဝါရီ ၁၉
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်မှာ အခြေစိုက်တဲ့ စစ်ကောင်စီ စကခ-၉ လက်အောက်ခံ၊ နည်းဗျူဟာ ၂၊ ခမရ-၃၇၉၊ ခမရ-၃၈၀ နဲ့ ခမရ-၅၄၁ တို့မှ သိမ်းမိတဲ့ လက်နက်တွေကို ရက္ခိုင့်တပ်တော် (AA) ဒီနေ့မှာ ထုတ်ပြန် ပြသပါတယ်။
AAသိမ်းတဲ့ လက်နက်တွေထဲမှာ အတွဲလိုက်ပစ်ခတ်လို့ရတဲ့ ဒုံးလက်နက်တွေပါ ပါဝင်နေတာကို ထုတ်ပြန်တဲ့ ဓာတ်ပုံတွေအရ တွေ့ရပါတယ်။
AA ဟာ စစ်ဆင်ရေး ၃ လတာအတွင်း ပလက်ဝ၊ ပေါက်တော၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ မြေပုံ မြို့တွေပေါ်မှ စစ်ကောင်စီစခန်းတွေကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။
ရခိုင်ဒေသမှာ စစ်ကောင်စီစခန်းတစ်ခုမကျန်ကိုလည်း ဆက်လက်တိုက်ခိုက်နေတယ်လို့ AA က သတင်းထုတ်ပြန်ထားပါတယ်။