မဲခေါင်၊ နိုဝင်ဘာ ၂၀
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်အတွင်းက အကျဉ်းစခန်း ၄ ခုကို တော်လှန်ရေးအင်အားစုတွေ မနေ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်အများအပြားရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။
နောင်ချိုမြို့နယ်အတွင်းက လွင်ကြီး၊ ကျူအင်း၊ ခိုဟို၊ ကုန်းစံ အကျဉ်းဦးစီးစခန်းတွေကို မနေ့က နိုဝင်ဘာ ၁၉ ရက်မှာ TNLA၊ MDY PDF ပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
အဆိုပါ အကျဉ်းထောင်သိမ်းတိုက်ပွဲအတွင်း MA-11 (၅၀) လက်၊ MA-12 (၉) လက်၊ MA-5 (၁၃) လက်၊ Shot Gun (၃၂) လက် စုစုပေါင်း သေနတ်အလက် ၁၀၄ လက်ရခဲ့သလို 5.56 ကျည် (၈၂၄၅၈) တောင့်၊ 9 MM (၅၁၁) တောင့်၊ 12 Bolt ကျည် (၁၅၉၂) တောင့် အပါအဝင် စစ်သုံးပစ္စည်းတွေ သိမ်းရခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ တော်လှန်ရေးအင်အားစုတွေက အကျဉ်းဦးစီးစခန်းတွေကို ထိန်းချုပ်ထားတယ်ဆိုပေမယ့် နောက်ဆက်တွဲအခြေအနေကို မဲခေါင် သတင်းအနေနဲ့ စုံးစမ်းနေဆဲဖြစ်ပါတယ်။
ဒီနေ့မှာလည်း နောင်ချို-ဂုတ်တွင်းလမ်းပိုင်းမှာ TNLA ၊ MDY PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတို့ စစ်ရေးအခြေအနေတင်းမာနေပြီး တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ သိရပါတယ်။
MK-007
#MeKongNews
#အကျဉ်းဦးစီး
#လေးခု
#ဝင်စီး
#တော်လှန်ရေး