မဲခေါင်၊ မတ် ၁
ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့က အရှေ့ပိုင်းမြို့များသို့ သွားသည့် တောင်ကြီး-တာချီလိတ် ပြည်ထောင်စုကားလမ်းမကြီး ယနေ့ မတ်လ ၁ ရက် မနက် ၁၀ နာရီက ပြန်ဖွင့်လို့ ကားများသွားလာနိုင်ပြီဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ ရက်က စစ်ကောင်စီနဲ့အပေါင်းပါတွေနဲ့ PNLA တိုက်ပွဲတွေအတွင်း လေယာဉ်နဲ့ဗုံးကြဲ၊ လက်နက်ကြီးနဲ့ပစ်ခတ်မှုတွေနဲ့ ကားလမ်းအနီး တိုက်ပွဲတွေကြောင့် စစ်ကောင်စီက အဆိုပါ လမ်းအား ပိတ်ထားရာမှာ ယနေ့မနက်မှာ ပြန်လည်ဖွင့်လိုက်တာပါ။
ယာယီခဏဖွင့်တာပါ၊ မိုင်းပွန်မြို့တပ်အတွင်း ရိတ်ခါပြတ်ဖို့ နီးနီး ဖြစ်သွားလို့ မိုင်းပွန်မြို့ ပြည်သူ့ကုန်စိမ်း ရိတ်ခါ ဆေးဝါး အစားအသောက်အစုံ ပြတ်တောက်သွားလို့ ခဏတာ တောင်ကြီးမြို့ဘက် ကုန်ကား ရိတ်ခါကားတွေ တက်လာလို့ရအောင် ခဏဖွင့်ပေးတဲ့ သဘောပါ
မိုင်းပွန်ဒေသခံတစ်ဦးက ၎င်းရဲ့လူမှုကွန်ရက်မှာ ရေးလာတာတွေ့ရပါတယ်။ ၎င်းကပင် အခြေအနေမကောင်းသေးဘူး လေကြောင်းမကြာခဏကြားနေရဆဲပါလို့ ရေးသားထားပါတယ်။
ဟိုပုံးနဲ့ မွန်းပွန်ဘက်က ကားတွေ လမ်းဖွင့်ပေးတဲ့အတွက် ပိတ်မိနေရာက ရာချီထွက်လာတာဖြစ်လို့ လမ်းကြောကြပ်နေပြီး ကားတွေကျော်တက်လို့မရ၊ အမြန်မောင်းလို့မရဘူးလို့ ကားမောင်းသမားတစ်ဦးက မဲခေါင်ကို ပြောပါတယ်။
ပိုက်ဆံက ပြတ်နေတာ၊ တော်သေးတယ်၊ ဒါပေမယ့် ခဏပဲလို့ကြားလို့ ကားတွေ အလုအယက် မောင်းနေကြတယ်
ဟု ဆိုသည်။
တောင်ကြီး-မိုင်းပွန် ပြေးဆွဲနေတဲ့ ကားလိုင်းအချို့ကတော့ လမ်းကြောင်းများတွင် အဆင်ပြေစေရန် အလံဖြူထောင်သွားလာနေရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီက မိုင်းပွန်မြို့အနီးက နမ့်ဗော်ခံးရွာကို လေယာဉ်နဲ့ဗုံးကြဲတဲ့ ဖေဖော်ဝါရိ ၁ရက်နေ့က စပြီးလမ်းပိတ်ရာက ၁၀ ရက်အကြာ ယနေ့ မတ်လ ၁ ရက် နေ့မှာ ပြန်လည်ဖွင့်လှစ်ခဲ့တာဖြစ်ပေမယ့် တိုက်ပွဲတွေ ဆက်ဖြစ်နေဆဲဖြစ်လို့ အချိန်မရွေး လမ်းပြန်လည်ပိတ်သွားနိုင်တယ်လို့ယူဆပြီး ခရီးသွားတွေ ၊ ကုန်ကားတွေ၊ အလုအယက် အမြန်မောင်းနှင်နေကြတယ်လို့သိရပါတယ်။
MK-012