စစ်ရေးသတင်း

တောင်ကြီးက Non-CDM ဝန်ထမ်းတွေ စစ်မီးကူးလျှင် အသင့်ရှောင်နိုင်ဖို့ ရှမ်းဝန်ကြီးချုပ် ပြင်ဆင်ခိုင်း

မဲခေါင် 29 Jan - 2024
စစ်ကောင်စီလက်အောက်ခံ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက တောင်ကြီးမြို့နယ်က စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေကို တောင်ကြီးမြို့ကို တိုက်ပွဲကူးစက်လာရင် အသင့်ရှောင်နိုင်အောင် ပြင်ဆင်ခိုင်းထားတယ်လို့ သိရပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၂၉

စစ်ကောင်စီလက်အောက်ခံ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက တောင်ကြီးမြို့နယ်က စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေကို တောင်ကြီးမြို့ကို တိုက်ပွဲကူးစက်လာရင် အသင့်ရှောင်နိုင်အောင် ပြင်ဆင်ခိုင်းထားတယ်လို့ သိရပါတယ်။

တောင်ကြီးမြို့နယ် ဌာနဆိုင်ရာအသီးသီးက ဝန်ထမ်းတွေကို လစာ ၃ လစာ ကြိုထုတ်ပေးဖို့ ဝန်ကြီးချုပ်က ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။

တောင်ကြီးမြို့က CDM ဆရာမ တစ်ဦးက “တောင်ကြီးက ဝန်ထမ်းတွေကို လစာ ၃ လစာကြိုထုတ်ပြီး ရှောင်ဖို့ပြင်ဆင်ခိုင်းနေတယ်။ လစာတော့ ကြိုမထုတ်ပေးသေးဘူး။ ပြင်ဆင်ခိုင်းတာပဲရှိသေးတယ်“ လို့ ပြောပါတယ်။

ဒါ့အပြင် ဇန်နဝါရီ ၂၇ ရက် ညနေပိုင်းမှာ စစ်ကောင်စီတပ်က တောင်ကြီးမြို့ အထက်တန်းကျောင်းတွေက စာရွက်စာတမ်းအချို့ကို လာသိမ်းပြီးနောက် ဝန်ထမ်းတွေကို အထုပ်အပိုးတွေ အသင့်ပြင်ထားဖို့နဲ့ သတင်းမပေါက်ကြားစေဖို့ မှာသွားတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

တောင်ကြီးမြို့ အမှတ်(၂) အထက်တန်းကျောင်းက ဆရာတွေကို အခြားမြို့ကိုပြောင်းရွှေ့တာဝန်ထမ်းဆောင် ချင်သူတွေ ကိုယ့်သဘောနဲ့ကိုယ် အလွယ်တကူ ပြောင်းနိုင်အောင် ဆားဗစ်ဘုတ် (Service Book )တွေ ထုတ်ပေးခဲ့တယ်လို့ သိရပါတယ်။

CDM ကျောင်းဆရာမတစ်ဦးက “ ဆားဗစ်ဘုတ် (Service Book )ဆိုတာ အလုပ်စဝင်တဲ့အချိန်ကနေ အခုလက်ရှိ လုပ်နေတဲ့ဟာတွေ မှတ်တမ်းတင်ထားတာ။ အပြောင်းအရွှေ့သွားရင် အဲ့ကျောင်းနာမည်တွေကော ထည့်ရေးပြီးမှတ်ထားတာပေါ့။ လစာ လည်း ၂ နှစ်ခြား တစ်ခါ နှစ်ထောင်တိုးတာတွေ မှတ်တမ်းထားတဲ့ စာအုပ်။ သူက အရေးကြီးတယ်။ မူလရင်းမြစ်ဟာမျိုးပေါ့။ သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်၊ ပြည်နယ်/တိုင်း ပညာရေးရုံးတွေကပဲ သိမ်းထားရတာ။ ဆရာမတွေလက်ထဲ ထည့်ပေးလေ့မရှိဘူး” လို့ ရှင်းပြပါတယ်။

တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးကျေးရွာ အထက်တန်းကျောင်းကတော့ ပြီးခဲ့တဲ့ သောကြာနေ့(ဇန်နဝါရီ ၂၆) ကစပြီး တပတ်တိတိကျောင်းပိတ်ထားတယ်လို့ သိရပါတယ်။

လက်ရှိ တောင်ကြီးမြို့မှာ စစ်မဖြစ်ခင်ကတည်းက တိမ်းရှောင်လာတဲ့ ဆီဆိုင်မြို့နဲ့ ဟိုပုံးမြို့က ဝန်ထမ်းတွေဟာ တောင်ကြီးက သက်ဆိုင်ရာရုံးတွေမှာ စုပြုံရောက်နေပြီး ဆီဆိုင်ရဲစခန်းက ရဲနဲ့မိသားစုတွေကို တောင်ကြီးမြို့၊ ပလီလင်းဘုန်းကြီးကျောင်းက နေစရာပေးထားတယ်လို့လည်း သိရပါတယ်။

CJ-001

#MeKongNews

#တောင်ကြီး

#စစ်ကောင်စီ

#ဝန်ထမ်း

#စစ်မီး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြ၀တီ သေဆုံးခြင်း

“ ဘာတွေဖြစ်ပျက်သွားသလဲဆိုတာ ကျွန်တော်တို့ အတိအကျတော့မသိနိုင်ဘူး။ ဒါပေမဲ့ ကျယ်ပြန့်တဲ့ သီအိုရီ က နှစ်ခုပဲရှိတယ်။ တစ်ခုကတော့ စောချစ်သူက ဒီပွဲကို
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

PNO ပြည်သူ့စစ်တွေက ဘိန်းစိုက်တောင်သူတွေဆီကို ဘိန်းရောင်းရငွေကြောင့် ဓါးစာခံပြုလုပ်ထား

ရှမ်း/တောင် ဆီဆိုင်မြို့နယ်ထဲက ထမ်းယနဲ့ ပန်းအွန်ရွာသူ ရွာသားတွေကို ဘိန်းပေါ်ချိန်ဖြစ်တဲ့အတွက် ရောင်းရငွေတွေပေးမှ ကျေးရွာထဲက အပြင်ကို သွားလာခွင့်ပြုမယ်လို့ ဒေသခံတွေကပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်ပြည်နယ် တိုက်ပွဲတွေမှာ PPDF-KD လည်း ပါဝင်တိုက်ခိုက်၊ ရှေ့တန်းပြန် ရဲဘော်တွေကို ဂုဏ်ပြု

ကော့ကရိတ်-မြဝတီ စစ်ဆင်ရေးတွေမှာ KNLA၊ PDF တို့နဲ့အတူ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ခမ်းဒေါမ်) – PPDF-KD ရှေ့တန်းပြန် ရဲဘော်တွေကို ဂုဏ်ပြုခဲ့တယ်လို့ ပြောရေးဆိုခွင့်ရှိသူ ခွန်ဝေထူး က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

တရုတ်အပျော်မယားလုပ်ဖို့ လူမှုကွန်ယက်အသုံးပြု ခေါ်ဆိုတာတွေကြောင့် ဒေသခံ တိုင်းရင်းသားအမျိုးသမီးငယ်တွေ တရုတ်နိုင်ငံအတွင်း ရောင်းစားခံရ

စစ်ကောင်စီ အာဏာသိမ်းပြီး တရုတ်နိုင်ငံအတွင်းနဲ့ ကျားဖျဲန်ငွေလိမ်လုပ်ငန်က တရုတ်နိုင်ငံသားတွေအတွက် လပြတ်နဲ့ တရုတ်အပျော်မယားလုပ်ဖို့ လူမှုကွန်ယက်ကတဆင့် ခေါ်ဆိုတာတွေ ပိုမိုများပြားလာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှားတောမှာ KNDF နဲ့ KA က စစ်သင်တန်းဆင်းပွဲ ပြုလုပ်

ဆိုမို/ ဖေစိုးလေးဒေသမှာ ကရင်နီ တပ်မတော်(KA)နဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) တပ်ရင်း ၁၇ တို့က အခြေခံစစ်သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့တယ်လို့ တပ်ရင်း ၁၇ က ဒီနေ့ (မေ ၂) မှာ ထုတ်ပြန်ထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်နီ စစ်ဘေးရှောင် စာသင်ကျောင်းက ကျောင်းသား(၇၀၀၀)ကျော်အတွက် လာမယ့်စာသင်နှစ်အတွက် အကူအညီတွေ လိုအပ်နေ

စစ်ဘေးရှောင် စာသင်ကျောင်း(၂၄)ကျောင်းက ကျောင်းသား(၇)ထောင်ကျော်နဲ့ ဆရာ/ဆရာမ (၃၀၀)ကျော်အတွက် စာရေးကိရိယာနဲ့ အဝတ်အထည်အပါအဝင် သင်၊ ထောက်၊ ကူပစ္စည်းတွေ အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ်မှ ပြည်သူသုံးတံတားနဲ့ ရွှေတဂူဘုရားဝန်းကို စစ်ကောင်စီ ဗုံးကြဲဖျက်ဆီး

ဆီဆိုင်မြို့နယ်၊ နောင်စကာကျေးရွာနဲ့ ရွှေတဂူဘုရားအနီးမှာရှိတဲ့ သဘက်ချောင်းတံတားကို စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်အဖွဲ့တို့က မနေ့ မေ ၁ ရက်နေ့မှာ မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့ PNLA က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

စစ်ကောင်စီ ထုတ်ကုန် မြန်မာဘီယာကို ဝယ်ယူသောက်သုံးနေတဲ့ TLNA ရဲဘော် တွေကို ထောင်ဒဏ်နဲ့ ကြိမ်ဒဏ်တွေချမှတ်

တအာင်း TNLA တပ်သားတွေ မွေးနေ့ပါတီမှာ တားမြစ်ထားတဲ့ မြန်မာဘီယာဝယ်ယူ သောက်သုံးပြီး ကျင်းပခဲ့လို့ ကြိမ်ဒဏ်(၁၀)ချက်နဲ့ ထောင်ဒဏ်(၁)လအပြင် လူမှုရေးပြစ်ဒဏ်ဖြစ်တဲ့ အများပိုင်ဆေးရုံ၊ ဘုန်းကြီးကျောင်း သန့်ရှင်းရေး လုပ်အားပေးစေခဲ့တယ်လို့ PSLF/TNLA ရဲ့ သတင်းနဲ့ ပြန်ကြားရေးဌာနက သတင်းထုတ်ထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now