စစ်ရေးသတင်း

ဆီဆိုင်မြို့မှ သူခိုးများကို ဖမ်းဆီးအရေးယူနေပြီး ပြည်သူ့စစ်အဖွဲ့က ရွာသားတစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တာကြောင့် စခန်းနားမသွားဖို့ PNLA သတိပေး

မဲခေါင် 6 Feb - 2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့ကို လက်ရှိထိန်းချုပ်ထားတဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA) ဒီနေ့ ဖေဖော်ဝါရီ ၆ ရက်နေ့ တွင် အများပြည်သူသို့ အထူးမေတ္တာရပ်ခံချက် တစ်ရပ် ထပ်မံထုတ်ပြန်လာပါတယ်။

မဲခေါင်၊ ဖေဖော်ဝါရီ ၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့ကို လက်ရှိထိန်းချုပ်ထားတဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA) ဒီနေ့ ဖေဖော်ဝါရီ ၆ ရက်နေ့ တွင် အများပြည်သူသို့ အထူးမေတ္တာရပ်ခံချက် တစ်ရပ် ထပ်မံထုတ်ပြန်လာပါတယ်။

ထိန်းချုပ်ထားတဲ့ ဆီဆိုင်မြို့ကို စစ်ကောင်စီနဲ့အပေါင်းပါတွေက လက်နက်ကြီးတွေ၊ လေယာဉ်တွေဖြင့် ပစ်ခတ်တိုက်ခိုက်နေခြင်းကြောင့် နေ့စဉ်တိုက်ပွဲပြင်းထန်နေလျက်ရှိရာ အခြေအနေ တည်ငြိမ်မှုမရှိတာကို အခွင့်ကောင်းယူတဲ့ လူဆိုး၊ သူခိုးတွေက ပြည်သူပိုင်အိမ်ယာများကို ဖောက်ထွင်းခိုးယူနေတာကို PNLA လုံခြုံရေးတပ်ဖွဲ့တွေက ဖမ်းဆီးအရေးယူလျက်ရှိတယ်လို့ ပြောပါတယ်။

တိုက်ပွဲပြင်းထန်နေသော်လည်း အချို့ပြည်သူတွေက အရဲစွန့်ကာ နေအိမ်ပြန်ကြည့်တာ၊ ပစ္စည်းပြန်သယ်တာ၊ မြို့တွင်းပြန်ဝင်ရောက်တာတွေ ပြုလုပ်နေကြရာမှာ စစ်ကောင်စီရဲ့ လက်နက်ကြီး၊ လေယာဉ်နဲ့ ဒရုန်းဗုံးဒဏ်များနဲ့ တိုက်ခိုက်ကြောင့် မလိုလားအပ်ဘဲ ပြည်သူတွေကို ထိခိုက်စေလျက် ရှိတဲ့အတွက် မြို့ထဲပြန်ဝင်၊ အိမ်ပြန်ကြည့် ပစ္စည်းယူတာတွေ မပြုလုပ်ဘဲ ယာယီဘေးကင်းရာမှာခိုလုံနေဖို့ တိုက်တွန်းတယ်လို့ ပါရှိပါတယ်။

PNLA အနေနဲ့ ဆီဆိုင်မြို့နဲ့ ပတ်သက်တဲ့ သတိပေးချက်တွေကို မကြာခဏ ထုတ်ပြန်လျက်ရှိတာပါ။

စစ်ဘေးရှောင်တော့ သူများဆီမှာနေရတာ၊ ဝင်ငွေလဲမရှိ၊ စားဖို့ကမရှိလာတော့ သူခိုး မခိုးခင် အိမ်က ရောင်းလို့ရနိုင်မှာလေးတွေ ပြန်ယူတာ လက်နက်ကြီးတွေ ကျပေါက်ကွဲလို့ ဘာမှ မယူနိုင်ဘူးအမြန် ပြန်ပြေးရတယ်၊ ဟိုခဲဘုန်းကြီးကျောင်းလဲ ဗုံးတွေထပ်ထိထားတယ်လို့ ဟိုခဲရပ်ကွက်က စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီနဲ့ အပေါင်းပါတပ်တွေဟာ ယမန်နေ့ ဖေဖော်ဝါရီ ၅ ရက်က နောင်အယ်ရွာသား အသက် ၅၀ အရွယ် ရွာသားတစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါကြောင့်ဖြစ်လို့ ပြည်သူတွေအနေနဲ့ စစ်ကောင်စီစခန်းအနီးမှာ သွားလာနေထိုင်တာတွေ မပြုလုပ်ဖို့ သတိဝရိယနဲ့ ဘေးကင်းလုံခြုံရာမှာ နေထိုင်ကြဖို့အလေးအနက်တိုက်တွန်းတယ်လို့ အထူးသတိပေးချက်ထုတ်ပြန်ထားပါတယ်။

MK-012

#MeKongNews

#PNLA

#PNO

#စစ်ကောင်စီ

#ဖမ်းဆီး

#သူခိုး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

မြန်မာ့နွေဦး

Non-CDM အမျိုးသားဝန်ထမ်းတွေကို စစ်မှုထမ်းဖို့ ဆင့်ခေါ်တာကြောင့် ကလောမြို့ကဌာနဆိုင်ရာ ဝန်ထမ်းတွေ ထွက်ပြေး တိမ်းရှောင်နေ

ကလောမြို့နယ်တွင်း ဌာနဆိုင်ရာ အသီးသီးက ရာထူးကြီးပိုင်း ဝန်ထမ်းတွေဟာ အောက်ခြေဝန်ထမ်းတွေကို အသိမပေးဘဲ စစ်ကောင်စီကို စစ်မှုထမ်းစာရင်း ပေးထားတာကြောင့် အမျိုးသားဝန်ထမ်းတွေ တိမ်းရှောင်နေတယ်
မြန်မာ့နွေဦး

မြန်မာလုပ်သား ၁၇ ဦးကို ထောက်ပို့လို့စွပ်စွဲကာ လာအိုရဲဖမ်းဆီးပြီး မြန်မာစစ်တပ်ကိုလွှဲပေး

ရွှေတြိဂံနယ်စပ် လာအိုနိုင်ငံ၊ ကာစီနိုမြို့တော်မှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသား ၁၇ ယောက်ကို စစ်ကောင်စီက ထောက်ပို့လို့ စွပ်စွဲပြီး လာအိုရဲတွေဆီ အကြောင်းကြားပြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

လွတ်ငြိမ်းနဲ့လွှတ်ပြီးမှ ပြန်ဖမ်းသွားတဲ့ ဒေါက်တာခလမ်ဆမ်ဆွန်ကို နေအိမ်ပြန်ရောက်ဖို့ မျှော်လင့်တယ်လို့ KBC ထုတ်ပြန်

လွတ်ငြိမ်းနဲ့လွှတ်ပြီးမှ စစ်ကောင်စီက ပြန်ဖမ်းသွားတဲ့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC ) အကြံပေး သိက္ခာတော်ရဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်မှာ ကျန်းမာရေးအားနည်းပြီး ဆေးဝါးကုသမှုခံယူရန် လိုအပ်နေသူဖြစ်လို့ မိသားစုနေအိမ်သို့အမြန်ဆုံး ပြန်လည်ရောက်ရှိရန် အထူးမျှော်လင့်တယ်လို့ KBC က ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြ၀တီ သေဆုံးခြင်း

“ ဘာတွေဖြစ်ပျက်သွားသလဲဆိုတာ ကျွန်တော်တို့ အတိအကျတော့မသိနိုင်ဘူး။ ဒါပေမဲ့ ကျယ်ပြန့်တဲ့ သီအိုရီ က နှစ်ခုပဲရှိတယ်။ တစ်ခုကတော့ စောချစ်သူက ဒီပွဲကို ကစားတယ်ဆိုတာ။ သူက နှစ်ဖက်စလုံးဆီကနေ သူ့ အကျိုးအတွက် အကောင်းဆုံးသော အခြေအနေကို ရဖို့ကြိုးစားခဲ့တယ်ဆိုတာပဲ။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

PNO ပြည်သူ့စစ်တွေက ဘိန်းစိုက်တောင်သူတွေဆီကို ဘိန်းရောင်းရငွေကြောင့် ဓါးစာခံပြုလုပ်ထား

ရှမ်း/တောင် ဆီဆိုင်မြို့နယ်ထဲက ထမ်းယနဲ့ ပန်းအွန်ရွာသူ ရွာသားတွေကို ဘိန်းပေါ်ချိန်ဖြစ်တဲ့အတွက် ရောင်းရငွေတွေပေးမှ ကျေးရွာထဲက အပြင်ကို သွားလာခွင့်ပြုမယ်လို့ ဒေသခံတွေကပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်ပြည်နယ် တိုက်ပွဲတွေမှာ PPDF-KD လည်း ပါဝင်တိုက်ခိုက်၊ ရှေ့တန်းပြန် ရဲဘော်တွေကို ဂုဏ်ပြု

ကော့ကရိတ်-မြဝတီ စစ်ဆင်ရေးတွေမှာ KNLA၊ PDF တို့နဲ့အတူ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ခမ်းဒေါမ်) – PPDF-KD ရှေ့တန်းပြန် ရဲဘော်တွေကို ဂုဏ်ပြုခဲ့တယ်လို့ ပြောရေးဆိုခွင့်ရှိသူ ခွန်ဝေထူး က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

တရုတ်အပျော်မယားလုပ်ဖို့ လူမှုကွန်ယက်အသုံးပြု ခေါ်ဆိုတာတွေကြောင့် ဒေသခံ တိုင်းရင်းသားအမျိုးသမီးငယ်တွေ တရုတ်နိုင်ငံအတွင်း ရောင်းစားခံရ

စစ်ကောင်စီ အာဏာသိမ်းပြီး တရုတ်နိုင်ငံအတွင်းနဲ့ ကျားဖျဲန်ငွေလိမ်လုပ်ငန်က တရုတ်နိုင်ငံသားတွေအတွက် လပြတ်နဲ့ တရုတ်အပျော်မယားလုပ်ဖို့ လူမှုကွန်ယက်ကတဆင့် ခေါ်ဆိုတာတွေ ပိုမိုများပြားလာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှားတောမှာ KNDF နဲ့ KA က စစ်သင်တန်းဆင်းပွဲ ပြုလုပ်

ဆိုမို/ ဖေစိုးလေးဒေသမှာ ကရင်နီ တပ်မတော်(KA)နဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) တပ်ရင်း ၁၇ တို့က အခြေခံစစ်သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့တယ်လို့ တပ်ရင်း ၁၇ က ဒီနေ့ (မေ ၂) မှာ ထုတ်ပြန်ထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now