မဲခေါင်၊ ဖေဖော်ဝါရီ ၈
ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ဘန်းယဥ်တိုက်နယ်၊ ထီဗွာကျေးရွာအရှေ့ဘက်မှာ ဖေဖော်ဝါရီ ၈ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီတပ်နှင့် PNLA တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ဒေသအရင်းအမြစ်တွေက ပြောပါတယ်။
ထီဗွာကျေးရွာရဲ့မှာ စစ်ကောင်စီတပ်နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက် ရေးတပ်မတော် PNLA တို့ နေ့လယ်ပိုင်း က တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး ဒေသခံများထွက်ပြေး တိမ်းရှောင်လာနေရပြီလို့ သိရပါတယ်။
‘မြောက်ပိုင်းဖြစ်စဥ်တွေမှာ မထင်မှန်လောက်အောင် အချိန်တိုအတွင်းမှာ စစ်ဘောင်ကျယ်ပြန့်လာခဲ့သလို တစ်ပတ်လောက် တိုက်ရမှာကို ရက်ပိုင်းအတွင်း ရလိုက်တာမျိုးစစ်ရှိန်မြန်သွားတာ လက်တွေ့တွေပဲလေ၊ ခုလဲ ပြောလို့မရဘူး’လို့ အထက်မြန်မာနိုင်ငံနိုင်ငံရေး အကျဥ်းသားဟောင်းအဖွဲ့ဝင် တစ်ဦးက ပြောဆိုပါတယ်။
စစ်ကောင်စီက ဆိုက်ခေါင်စံပြရွာဘက်ကနေ လက်နက်ကြီးပစ်ကူပေးပြီး ထီဗွာဘုန်းကြီးကျောင်း မြောက်ဘက်ကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာရှိခဲ့တယ်လို့ သိရပါတယ်။
ဆိုက်ခေါင်စံပြရွာ ဘောလုံးကွင်းထဲမှာထိုင်ထားတဲ့ အမြောက်တပ်က လက်နက်ကြီးပစ်ကူခဲ့တာလို့ သိရပါတယ်။
MK-012
#MeKongNews
#ဘန်းယဥ်
#ဆိုက်ခေါင်
#စစ်ကောင်စီ
#လက်နက်ကြီး
#ထီဗွာ