မဲခေါင်၊ ဖေဖော်ဝါရီ ၁၃
ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ဘန်းယဥ်ကျေးရွာအုပ်စု နန်းမွန်ရွာအနီးမှာ ဖေဖော်ဝါရီ ၁၂ ရက် ညနေပိုင်းမှာ PNLA နဲ့ စစ်ကောင်စီလက်အောက်ခံ PNA ပြည်သူ့စစ်တို့ တိုက်ပွဲဖြစ်ခဲ့ကြတယ်လို့ သိရပါတယ်။
အဲ့ဒီတိုက်ပွဲအတွင်းမှာ လက်နက်ခဲယမ်းနဲ့ မော်တော်ယဥ် ၁ စီးကို PNLA ဘက်က သိမ်းမိပြီး နယ်မြေရှင်းတဲ့အချိန်မှာ အလောင်း ၈ လောင်း သိမ်းမိခဲ့တယ်လို့ သိရပါတယ်။
ဆုတ်ခွာသွားတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေဟာ လက်နက်ကြီးတွေနဲ့ ပတ်ဝန်းကျင်ရွာတွေကို ပစ်ခတ်သွားတယ်လို့ PNLA ထုတ်ပြန်ချက်က ဆိုပါတယ်။
PNLA အနေနဲ့ ပအို၀်းအမျိုးသားချင်း တိုက်ခိုက်မည်မဟုတ်သော်လည်း ပအို၀်းဒေသကို နှစ်ပေါင်းများစွာ ဖျက်ဆီးခဲ့တဲ့ စစ်အာဏာရှင်အတွက် အသက်ပေးတိုက်နေတဲ့ ပြည်သူ့စစ်အဖွဲ့တွေကို အမျိုးသားလွတ်မြောက်ရေးလမ်းကြောင်းကို ကူးပြောင်းဖို့ တိုက်တွန်းထားပါတယ်။