စစ်ရေးသတင်း

စစ်ကောင်စီပေးတဲ့ သေနတ်တွေကို တပ်သားသစ်စုပြီး တစ်လက် သိန်း ၁၆၀ နဲ့ PNO ပြည်သူ့စစ် ပြန်ရောင်း

မဲခေါင် 14 Feb - 2024
ရှမ်းပြည်တောင်ပိုင်းမှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က စစ်ကောင်စီထံက အလကားရတဲ့လက်နက်တွေကို ၁ လက် ကျပ် သိန်း ၁၆၀ နဲ့ ရွာတွေဆီက ကောက်ခံနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မဲခေါင်၊ ဖေဖော်ဝါရီ ၁၄

ရှမ်းပြည်တောင်ပိုင်းမှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က စစ်ကောင်စီထံက အလကားရတဲ့လက်နက်တွေကို ၁ လက် ကျပ် သိန်း ၁၆၀ နဲ့ ရွာတွေဆီက ကောက်ခံနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

PNO ထိန်းချုပ်ရွာတွေမှာ တစ်ရွာ ၅ ယောက် ပြည်သူ့စစ်ထဲ မ၀င်မနေရ လူသစ်စုနေသလို စစ်သင်တန်း ၁၀ ရက်ပေးပြီး စစ်တပ်ပေးတဲ့ သေနတ်တွေကို တစ်လက် သိန်း ၁၆၀ နဲ့ ၅ ယောက်စာ ကျပ်သိန်း ၈၀၀ ပေးဖို့ ကောက်ခံနေတာလို့ သိရပါတယ်။

ဒီအတိုင်း ၁၆၀ လုံး တပ်ကိုပြန်ပေးရတာလား၊ သူတို့ယူတာလား မသိဘူး၊ ပေးတာတော့ ပေးနေရတယ်၊ ၀င်ငွေမရှိတဲ့ကြားက လူလဲပေးရ၊ ထမင်းလဲကျွေးရ၊ သေနတ်ဖိုးလဲပေးရ ယူနီဖောင်းဖိုးလဲပေးရနဲ့ ပေးစရာလဲ မရှိလည်း ရှာပေးရ ၊ စားဖို့တောင် ငတ်လာလို့ ဖြစ်နေတဲ့စစ်တွေ မြန်မြန်ပြီး စေချင်ပါပြီလို့ လဲသက်အုပ်စုကျေးရွာတစ်ရွာက ပအို၀်းဒေသခံတစ်ဦး က ပြောပါတယ်။

လဲသပ်ကျေးရွာအုပ်စုအနီး ဝ တပ်ဖွဲ့ UWSA အဖွဲ့တွေလည်း ရှိပြီး PNO ပြည်သူ့စစ်က လူသစ်စုတာ၊ ငွေတောင်းတာတွေလုပ်နေတာလို့ ဆိုပါတယ်။ ဟိုပုံးမြို့နယ် နောင်ဒေးကျေးရွာ အုပ်စုမှာလည်း PNO ပြည်သူ့စစ်က လက်နက်ဖိုးငွေတာင်းတာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဆိုပါ ကျေးရွာအုပ်စုအတွင်းရှိတဲ့ မှော်ဘီ၊ မောက်လွစ်ကျေးရွာ အနီး၀န်းကျင်တွေမှာ ရှမ်းတပ်တွေဖြစ်တဲ့ RCSS နဲ့ SSPP တို့ရှိနေကြသလို UWSA တပ်ဖွဲ့တွေလည်းရှိ နေတယ်လို့ သိရပါတယ်။

ယင်းကျေးရွာအုပ်စုတွေက ဒေသခံတွေဟာ PNO ရဲ့ ဆင့်ခေါ်မှုတွေ အပြင် အနီးနားက လက်နက်ကိုင်တွေရဲ့ တောင်းဆိုမှုတွေကို ဖြည့်ဆည်းပေးနေရလို့ အခက်အခဲများစွာ တွေ့ကြုံနေရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်နေ့က ပြုလုပ်တဲ့ ပြည်သူ့စစ်လက်နက်တပ်ဆင်ပွဲမှာ အင်အား ၁ သိန်းကျော် လက်နက်တပ်ဆင်ပြီးပြီလို့ PNO က ပြောကြားထားပါတယ်။

MK-012

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

မြန်မာ့နွေဦး

Non-CDM အမျိုးသားဝန်ထမ်းတွေကို စစ်မှုထမ်းဖို့ ဆင့်ခေါ်တာကြောင့် ကလောမြို့ကဌာနဆိုင်ရာ ဝန်ထမ်းတွေ ထွက်ပြေး တိမ်းရှောင်နေ

ကလောမြို့နယ်တွင်း ဌာနဆိုင်ရာ အသီးသီးက ရာထူးကြီးပိုင်း ဝန်ထမ်းတွေဟာ အောက်ခြေဝန်ထမ်းတွေကို အသိမပေးဘဲ စစ်ကောင်စီကို စစ်မှုထမ်းစာရင်း ပေးထားတာကြောင့် အမျိုးသားဝန်ထမ်းတွေ တိမ်းရှောင်နေတယ်
မြန်မာ့နွေဦး

မြန်မာလုပ်သား ၁၇ ဦးကို ထောက်ပို့လို့စွပ်စွဲကာ လာအိုရဲဖမ်းဆီးပြီး မြန်မာစစ်တပ်ကိုလွှဲပေး

ရွှေတြိဂံနယ်စပ် လာအိုနိုင်ငံ၊ ကာစီနိုမြို့တော်မှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသား ၁၇ ယောက်ကို စစ်ကောင်စီက ထောက်ပို့လို့ စွပ်စွဲပြီး လာအိုရဲတွေဆီ အကြောင်းကြားပြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

လွတ်ငြိမ်းနဲ့လွှတ်ပြီးမှ ပြန်ဖမ်းသွားတဲ့ ဒေါက်တာခလမ်ဆမ်ဆွန်ကို နေအိမ်ပြန်ရောက်ဖို့ မျှော်လင့်တယ်လို့ KBC ထုတ်ပြန်

လွတ်ငြိမ်းနဲ့လွှတ်ပြီးမှ စစ်ကောင်စီက ပြန်ဖမ်းသွားတဲ့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC ) အကြံပေး သိက္ခာတော်ရဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်မှာ ကျန်းမာရေးအားနည်းပြီး ဆေးဝါးကုသမှုခံယူရန် လိုအပ်နေသူဖြစ်လို့ မိသားစုနေအိမ်သို့အမြန်ဆုံး ပြန်လည်ရောက်ရှိရန် အထူးမျှော်လင့်တယ်လို့ KBC က ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြ၀တီ သေဆုံးခြင်း

“ ဘာတွေဖြစ်ပျက်သွားသလဲဆိုတာ ကျွန်တော်တို့ အတိအကျတော့မသိနိုင်ဘူး။ ဒါပေမဲ့ ကျယ်ပြန့်တဲ့ သီအိုရီ က နှစ်ခုပဲရှိတယ်။ တစ်ခုကတော့ စောချစ်သူက ဒီပွဲကို ကစားတယ်ဆိုတာ။ သူက နှစ်ဖက်စလုံးဆီကနေ သူ့ အကျိုးအတွက် အကောင်းဆုံးသော အခြေအနေကို ရဖို့ကြိုးစားခဲ့တယ်ဆိုတာပဲ။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

PNO ပြည်သူ့စစ်တွေက ဘိန်းစိုက်တောင်သူတွေဆီကို ဘိန်းရောင်းရငွေကြောင့် ဓါးစာခံပြုလုပ်ထား

ရှမ်း/တောင် ဆီဆိုင်မြို့နယ်ထဲက ထမ်းယနဲ့ ပန်းအွန်ရွာသူ ရွာသားတွေကို ဘိန်းပေါ်ချိန်ဖြစ်တဲ့အတွက် ရောင်းရငွေတွေပေးမှ ကျေးရွာထဲက အပြင်ကို သွားလာခွင့်ပြုမယ်လို့ ဒေသခံတွေကပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်ပြည်နယ် တိုက်ပွဲတွေမှာ PPDF-KD လည်း ပါဝင်တိုက်ခိုက်၊ ရှေ့တန်းပြန် ရဲဘော်တွေကို ဂုဏ်ပြု

ကော့ကရိတ်-မြဝတီ စစ်ဆင်ရေးတွေမှာ KNLA၊ PDF တို့နဲ့အတူ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ခမ်းဒေါမ်) – PPDF-KD ရှေ့တန်းပြန် ရဲဘော်တွေကို ဂုဏ်ပြုခဲ့တယ်လို့ ပြောရေးဆိုခွင့်ရှိသူ ခွန်ဝေထူး က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

တရုတ်အပျော်မယားလုပ်ဖို့ လူမှုကွန်ယက်အသုံးပြု ခေါ်ဆိုတာတွေကြောင့် ဒေသခံ တိုင်းရင်းသားအမျိုးသမီးငယ်တွေ တရုတ်နိုင်ငံအတွင်း ရောင်းစားခံရ

စစ်ကောင်စီ အာဏာသိမ်းပြီး တရုတ်နိုင်ငံအတွင်းနဲ့ ကျားဖျဲန်ငွေလိမ်လုပ်ငန်က တရုတ်နိုင်ငံသားတွေအတွက် လပြတ်နဲ့ တရုတ်အပျော်မယားလုပ်ဖို့ လူမှုကွန်ယက်ကတဆင့် ခေါ်ဆိုတာတွေ ပိုမိုများပြားလာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှားတောမှာ KNDF နဲ့ KA က စစ်သင်တန်းဆင်းပွဲ ပြုလုပ်

ဆိုမို/ ဖေစိုးလေးဒေသမှာ ကရင်နီ တပ်မတော်(KA)နဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) တပ်ရင်း ၁၇ တို့က အခြေခံစစ်သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့တယ်လို့ တပ်ရင်း ၁၇ က ဒီနေ့ (မေ ၂) မှာ ထုတ်ပြန်ထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now