မဲခေါင် ၊ ဒီဇင်ဘာ ၂၃
ကရင်နီပြည်နယ်မှာရှိတဲ့ စစ်ကောင်စီတပ်နဲ့ ရဲတွေအတွက် လမ်း ၂ လမ်းမှာ ကြိုက်တဲ့လမ်းကိုရွေးလို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဒု-စစ်ဦးစီးချုပ် မာဝီက သတိပေးပြောဆိုလိုက်ပါတယ်။
“လူထုနဲ့ပူးပေါင်းပြီးတော့ လက်နက်ချမလား ချေမှုန်းခံမလား လမ်း၂လမ်းရှိတယ်။ ကြိုက်တဲ့လမ်းရွေး ။ နောက်တစ်လှိုင်းထပ်လာမယ် ချေမှုန်းခံမယ်ဆိုရင်တော့ ready လုပ်ထားပါ” လို့ KNDF-ဒုစစ်ဦးစီးချုပ်မာဝီက ပြောပါတယ်။
စစ်ကောင်စီတပ်တွေအတွက် အဲ့ဒီသတင်းစကားကို ဒု-စစ်ဦးစီးချုပ်မာဝီက ၎င်းရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဒီကနေ့မှာ ရုပ်သံဖိုင်ထုတ်လွင့်ပြီး ပြောဆိုခဲ့တာဖြစ်ပါတယ်။
KNDF ဒု-စစ်ဦးစီးချုပ်မာဝီရဲ့ ဗီဒီယိုဖိုင်မှာ မာဝီအပြင် ငါးကြင်းမြီးစက်သေနတ်လို့ ခေါ်တဲ့ MG 3 သေနတ်များကို ကိုင်ဆောင်ထားတဲ့ ရဲဘော်တွေလည်း ပါဝင်တာကိုတွေ့ရပါတယ်။
လက်ရှိအချိန်မှာ ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတွေဟာ ကရင်နီပြည်နယ်မှာ မြို့သိမ်းတိုက်ပွဲ ၁၁၁၁ စစ်ဆင်ရေးကို ဆောင်ရွက်နေတာဖြစ်ပြီး ပြည်နယ်မြို့တော် လွိုင်ကော်မြို့ရဲ့ သုံးပုံ နှစ်ပုံကိုလည်း သိမ်းပိုက်ထားပြီဖြစ်ပါတယ်။
CJ- 002
#KNDF
#မာဝီ
#ချေမှုန်း
#လက်နက်ချ