မဲခေါင်၊ ဖေဖော်ဝါရီ ၁၄
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့အခြေစိုက် စစ်ကောင်စီ ခမရ-၃၇၄၊ ခမရ-၃၇၅၊ ခမရ-၃၇၆ နဲ့ တပ်မဌာနချုပ် စကခ ၉ တို့ကို ရက္ခိုင့်တပ်တော် (AA) က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ရရှိခဲ့တဲ့ လက်နက်အများအပြားကို ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
AA ဟာ ကျောက်တော်မြို့ရှိ စစ်ကောင်စီ တပ်မ၊ တပ်ရင်းစခန်းတွေကို သိမ်းပိုက်ပြီးနောက် မနေ့ ဖေဖော်ဝါရီ ၁၃ ရက်မှာ စစ်ကောင်စီရဲ့ ဌာနဆိုင်ရာရုံးတွေရှေ့ အောင်ပွဲခံနေတဲ့ AA တပ်ဖွဲ့ဝင်တွေရဲ့ ဓာတ်ပုံတွေကို မနေ့ ဖေဖော်ဝါရီ ၁၃ မှာ ထုတ်ပြန်ခဲ့ပါသေးတယ်။