မဲခေါင်၊ ဒီဇင်ဘာ ၁၅
ဒီဇင်ဘာ ၁၄ ရက်နေ့ ညသန်းခေါင်းကျော် ဒေသစံတော်ချိန် နံနက် ၂ နာရီမှာ တီဟီရန်မြို့တော် အနောက်တောင် ဘက် ၈၇၅ မိုင်အကွာမှာရှိတဲ့ ရက်စ်မြို့ ရဲစခန်းကို ခွဲထွက်ရေးလက်နက်ကိုင်တပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်လို့ အနည်းဆုံး ၁၁ ဦးသေဆုံးကြောင်း အီရန်အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။
ရက်စ်မြို့လေးဟာ ဆွန်နီမွတ်ဆလင်အများစုနေထိုင်ရာ ဝေးလံသီခေါင်တဲ့ မြို့ဖြစ်ပြီး အီရန်ရဲတွေက ခေါင်းမြှီး ခြုံမှု စနစ်မကျဘဲ ဝတ်တယ်ဆိုပြီး ၂၂ နှစ်အရွယ် အီရန်သူ မာရှာအာမီနီကို စစ်ဆေးစဉ် သေဆုံးသွားလို့ ဆန္ဒပြ ရာမှာ အင်အားအကောင်းဆုံးမြို့ဖြစ်သလို အီရန်အစိုးရတပ်တွေရဲ့ အပြင်းထန်ဆုံး ဖိအားပေးနှိမ့်ကွပ်ခံရတဲ့ မြို့လည်း ဖြစ်ပါတယ်။
ဒါကြောင့် အင်အားအလွန်မကြီးမားတဲ့ အီရန်အစိုးရ ဆန့်ကျင်ရေးအဖွဲ့တွေထဲက တစ်ဖွဲ့ဖြစ်တဲ့ Jaish al-Adl ခွဲထွက်ရေးအဖွဲ့က ရဲစခန်းကို ဝင်တိုက်တာ သူတို့လုပ်ရပ်ဖြစ်တယ်လို့ ကြေညာခဲ့ပြီး ရဲစခန်းက အရာရှိအပါ ၁၁ ဦး သေဆုံးပြီး ဒဏ်ရာရသူအများအပြားရှိကြောင်း၊ ဝင်တိုက်တဲ့အဖွဲ့ထဲက သေဆုံးကျန်ရစ်ခဲ့သူတွေလည်း ရှိတယ်လို့ အီရန် အစိုးရပိုင်ရုပ်သံကလည်း ထုတ်ပြန်သွားပါတယ်။
Ref: france24
MKF-001
#MeKongNews
#အီရန်
#ရဲစခန်း
#တိုက်ခိုက်