ကမ္ဘာ့သတင်း

ဟားမက်စ်ထိပ်တန်းခေါင်းဆောင် ၃ ဦး လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးပြီလို့ အစ္စရေး ကြေညာ

မဲခေါင် 27 Oct - 2023
ဂါဇာကို လေကြောင်းတိုက်ခိုက်မှုလုပ်အပြီး ဟားမက်စ်အကြမ်းဖက်အဖွဲ့ ထိပ်တန်းခေါင်းဆောင် ၃ ဦး သေဆုံးခဲ့ပြီဖြစ်ကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာ ၂၇ ရက်နေ့ မနက်ပိုင်းမှာ သတင်းထုတ်ပြန်သွားပါတယ်။

မဲခေါင်၊ အောက်တိုဘာ ၂၇

ဂါဇာကို လေကြောင်းတိုက်ခိုက်မှုလုပ်အပြီး ဟားမက်စ်အကြမ်းဖက်အဖွဲ့ ထိပ်တန်းခေါင်းဆောင် ၃ ဦး သေဆုံးခဲ့ပြီဖြစ်ကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာ ၂၇ ရက်နေ့ မနက်ပိုင်းမှာ သတင်းထုတ်ပြန်သွားပါတယ်။

အီဘရာဟင်ဂျက်ဘာ၊ ရီဖတ်အဘက်စ်နဲ့ တာရက်ခ်မားရုဖ်လို့ အမည်ရတဲ့ ဟားမက်စ်ခေါင်းဆောင် ၃ ယောက် ဟာ အောက်တိုဘာ ၇ ရက်နေ့က အစ္စရေးနယ်စပ်ဖြတ်ကျော်လာပြီး ကလေးငယ်နဲ့ အမျိုးသမီးများစွာအပါ ပြည်သူပေါင်း ၁၄၀၀ ကျော်ကို သတ်ဖြတ်၊ ၂၂၀ ကို ပြန်ပေးဆွဲသွားတဲ့ ဟားမက်စ်စစ်ဆင်ရေး အဓိကတာဝန်ရှိ ခေါင်းဆောင်တွေဖြစ်တယ်လို့ ဆိုပါတယ်။

ဒီ ၃ ယောက်ကို ရှင်းလင်းပစ်နိုင်ခဲ့မှုဟာ တိကျတဲ့ ထောက်လှမ်းရေးသတင်းကို ပေးနိုင်ခဲ့တဲ့ နိုင်ငံထိပ်တန်း ထောက်လှမ်းရေးအဖွဲ့ Shin Bet ရဲ့ အစွမ်းအစကြောင့်ဖြစ်ကြောင်း၊ အောက်တိုဘာ ၂၆ ရက်နေ့ကလည်း ဟားမက်စ်စစ်ထောက်လှမ်းရေး ဒုတိယရာထူးအကြီးဆုံး ရှာဒီဘာရတ်ဒ်ကို လေကြောင်းတိုက်ခိုက်မှုကနေပဲ ရှင်းလင်းပစ်နိုင်ခဲ့တယ်လို့ ထုတ်ပြန်သွားတာဖြစ်ပါတယ်။

ဟားမက်စ်ရဲ့ တစ်ရက်တာ အစ္စရေးဘက် ဝင်ရောက်တိုက်ခိုက်အပြီး အစ္စရေးဘက်က ၂၁ ရက်ကြာ မနားတမ်း လေကြောင်းတိုက်ခိုက်မှု၊ ဒုံးကျည်ပစ်ခတ်မှုတွေ လုပ်နေခဲ့ရာ ဂါဇာမှာ ပျက်ဆီးသေဆုံးမှုများစွာရှိနေပါတယ်။

ကလေး ငယ်တွေ၊ ပြည်သူတွေကိုပါ မဆင်မခြင် တိုက်ခိုက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အစ္စရေးကို အာရပ်ကမ္ဘာက ဝေဖန် ရှုတ်ချနေကြပြီး လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ဝင်ခွင့်ပေးဖို့ ကုလသမဂ္ဂကနေတစ်ဆင့် တောင်းဆို နေကြပါတယ်။

မကြာခင် လောင်စာဆီ၊ ရေနဲ့စားနပ်ရိက္ခာ ပြတ်လတ်တော့မှာဖြစ်လို့ အကူအညီတွေပေးဝင်မှ ဖြစ်မယ်လို့ ကုလသမဂ္ဂပါလက်စတိုင်းဒုက္ခသည် အေဂျင်စီ UNRWA က တောင်းဆိုပေမယ့် အစ္စရေးဝန်ကြီးချုပ် နက်တန်ယာဟုက လောင်စာဆီတွေကို အရပ်သားပြည်သူတွေအတွက် ဟားမက်စ်က ပေးမသုံးဘဲ လက်ဝယ် ချုပ်ကိုင်ထားတာသာဖြစ်တယ်လို့ ထုတ်ပြန်သွားပါတယ်။

Ref: indiatoday
MKF-001

#MeKongNews

#အစ္စရေး

#ဂါဇာ

#လေကြောင်း

#သေဆုံး

#ထိပ်တန်း

#ဟားမက်စ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ကမ္ဘာ့သတင်း

ပျက်ကျရဟတ်ယာဉ် ရှာတွေ့ပြီး အီရန်သမ္မတနဲ့ နိုင်ငံခြားရေးဝန်ကြီးအပါ လိုက်ပါသူအားလုံး သေဆုံး

မေ ၁၉ ရက်က အဇာဘိုင်ဂျန်နယ်စပ်ကနေ အစည်းအဝေးလုပ်ပြီးပြန်လာတဲ့ အီရန် သမ္မတ အီဘရာဟင်ရိုင်ဆီနဲ့ နိုင်ငံခြားရေးဝန်ကြီး အမီရတ်ဒိုလာဟီယန် တို့လိုက်ပါခဲ့တဲ့ ရဟတ်ယာဉ်
ကမ္ဘာ့သတင်း

မြို့ကြီးတွေရဲ့ အောက်မှာ နျူကလီးယားလက်နက်စက်ရုံတွေ အီရန် တည်ဆောက်ထုတ်လုပ်နေ

ကုလသမဂ္ဂနဲ့ နိုင်ငံတကာအင်အားကြီးနိုင်ငံက အီရန်ကို နျူကလီးယာထုတ်လုပ်မှု ထိန်းချုပ်ရေးစည်းမျဉ်းနဲ့ ပိတ်ဆို့အရေးယူထားပေမယ့် အီရန်ဟာ နိုင်ငံခရိုင်အသီးသီးရဲ့မြို့ကြီးတွေအပြင်ဘက်နား မြေအောက်ဥမင်ကြီးတွေ တူပြီး နျူကလီးယားဒုံးကျည်တွေကို အစုလိုက်အပြုံလိုက်ထုတ်လုပ်နေကြောင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ရုရှားထောက်ခံ ဆလိုဗက်ကီးယားဝန်ကြီးချုပ် လုပ်ကြံခံရမှု ဥရောပကို သွေးခွဲဖို့ ပူတင်ကြံစည်တာဖြစ်နိုင်

ပြည်သူနဲ့ တွေ့ဆုံပွဲလုပ်ဖို့ ဆလိုဗက်ကီးယားဝန်ကြီးချုပ်ထွက်လာမှုမှာ သေနတ်နဲ့ အနီးကပ် ၅ ချက် ပစ်ခတ်လုပ်ကြံခံရမှုနဲ့ပတ်သက်လို့ ဒီဖြစ်စဉ်ဟာ ဥရောပရဲ့ စည်းလုံးမှုကို နှစ်ပိုင်းခွဲဖို့ ရုရှား သမ္မတပူတင်ရဲ့ နောက်ကွယ်က လုပ်ကြံမှုဖြစ်နိုင်ကြောင်း စစ်ရေးကျွမ်းကျင်သုတေသီ ဒေါက်တာကီဗင် ရိုင်လီးက သုံးသပ်ပြောဆိုသွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ယူကရိန်း ဒုတိယအကြီးဆုံးမြို့ခါကိဗ်ကို ရုရှားရဲ့ထိုးစစ် အသာရနေ

တင်ရဲ့ ရုရှားတပ်တွေဟာ စစ်သည်အင်အား ၄၀၀၀၀၊ တင့်ကား အစီး ၅၀၀ နဲ့ ယူကရိန်းနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ ခါကိဗ်ဒေသကို အလုံးအရင်း ထိုးစစ်ဆင်နေခဲ့ရာက ရုရှားတပ်တွေ အသာစီးအနေအထားရနေကြောင်း ခါကိဗ်မြို့တော်ဝန် အီဟော်တာရက်ဟော့ဗ်က ထုတ်ပြန် ပြောဆိုလာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ဆီးရီးယားမှာ အယ်လ်ခိုင်းဒါးခေါင်းဆောင်ကို သုတ်သင်မှု အရပ်သားဖြစ်ခဲ့ကြောင်း အမေရိကန် ဝန်ခံ

အမေရိကန်ဟာ ဆီးရီးယားနိုင်ငံအတွင်း ဒရုန်းတိုက်ခိုက်မှုနဲ့ အယ်လ်ခိုင်းဒါး ခေါင်းဆောင်တစ်ယောက်ကို သုတ်သင်ခဲ့ရာမှာ အငြင်းပွားစရာဖြစ်ခဲ့ပြီး အမေရိကန်ဗဟိုဌာနချုပ်က အရပ်သား မှားယွင်းသေဆုံးမှုဟုတ်မဟုတ် စုံစမ်းဖော်ထုတ်ခိုင်းရာက အခုမှ အရပ်သားကို မှားယွင်းပစ်ခတ်မိခဲ့ကြောင်း ဝန်ခံသွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ယူကရိန်းမှာ ရုရှားတပ်တွေ ဓာတုလက်နက်သုံးတယ်လို့ အမေရိကန် စွပ်စွဲပြီး လူပုဂ္ဂိုလ်နဲ့အသင်းအဖွဲ့ ၂၈၀ ကျော်ကို ပိတ်ဆို့အရေးယူ

ယူကရိန်းကျူးကျော်စစ်မှာ နိုင်ငံတကာဓာတုလက်နက်အသုံးမပြုရေး သဘောတူစာချုပ်ကို ချိုးဖောက်ပြီး ဓာတုလက်နက်တွေ သုံးခဲ့တယ်လို့ မေ ၁ ရက်နေ့မှာ စွပ်စွဲလိုက်သလို ရုရှားနဲ့ ပတ်သက်တဲ့ လူပုဂ္ဂိုလ်နဲ့ အသင်းအဖွဲ့ ၂၈၀ ကျော်ကို ပိတ်ဆို့အရေးယူမှု ပြုလုပ်ကြောင်း ထုတ်ပြန်ကြေညာသွား ပါတယ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ဒေါ်လာ ၁၃ ဘီလီယံတန် အိမ်ဖြူတော် လေယာဉ်ကြီး အမေရိကန် တည်ဆောက်ဖို့ စီစဉ်

လက်ရှိအနေအထားမှာတင် ကမ္ဘာ့စစ်ရေးအခြေအနေတွေ တင်းမာသထက်တင်းမာလာတာကြောင့် နျူကလီးယားနဲ့ စစ်တိုက်ကြမယ့် တတိယကမ္ဘာစစ်ကြီးဖြစ်လာနိုင်လို့ အမေရိကန်ဟာ အိမ်ဖြူတော် ရုံးချုပ်ကြီး နျူကလီးယားရန်က လွတ်စေမယ့် အဆင့်အမြင့်ဆုံး လေယာဉ်ပျံတစ်စီးကို ဒေါ်လာ ၁၃ ဘီလီယံ အကုန်အကျခံ တည်ဆောက်ဖို့ စီစဉ်နေပြီဖြစ်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ယူကရိန်းက ဟယ်ရီပေါ်တာရဲတိုက် ရုရှားကလက်စတာဗုံးတွေကြောင့် မီးလောင်ပျက်စီးပြီး ၅ ဦးသေ၊ ၃၀ ကျော်ဒဏ်ရာရ

ယူကရိန်းနိုင်ငံ ပယ်လယ်နက်ကမ်းခြေ အော်ဒက်ဆာမြို့က အထင်ကရ ဥပဒေရေးရာ တက္ကသိုလ် ဖြစ်တဲ့ ဟယ်ရီပေါ်တာရဲတိုက်ကြီးဟာ ရုရှားပစ်ခတ်တဲ့ ကလက်စတာဗုံးတွေကြောင့် မီးလောင်ပျက်စီးသွားတဲ့ ရုပ်သံမှတ်တမ်းတွေ ထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now