မဲခေါင်၊ ဒီဇင်ဘာ ၂၆
ဒီဇင်ဘာ ၂၄ ရက် ခရစ္စမတ်အိဗ်တစ်ရက်တည်းမှာပဲ အစ္စရေးရဲ့ လေကြောင်းနဲ့ မြေပြင်တိုက်ခိုက်မှုပေါင်း အနည်းဆုံး ၂၅ ကြိမ်ပြုလုပ်ခဲ့ရာမှာ ပါလက်စတိုင်းပြည်သူ ၂၅၀ ကျော် သေဆုံးခဲ့ရကြောင်းသိရအပြီး ဟားမက်စ်တွေကို အီဂျစ်နိုင်ငံက ငြိမ်းချမ်းရေးကြားပွဲစားအဖြစ် လက်နက်ချရင် ထာ၀ရအပစ်အခတ်ရပ်စဲမှုရစေမယ်လို့ အဆိုပြုမှုကို ဟားမက်စ်ဘက်က လက်မခံခဲ့ကြောင်း သိရပါတယ်။
အီဂျစ်ရဲ့ကြားဝင်ကမ်းလှမ်းမှုမှာ ဟားမက်စ်တွေအားလုံး လက်နက်ချပြီး ဖမ်းထားတဲ့ ဓားစာခံ ၁၃၂ ယောက် စလုံးပြန်လွှတ်ပေးရင် အစ္စရေးဘက်က အပစ်အခတ်ရပ်စဲနိုင်တယ်လို့ ကြားဝင်ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ အစ္စရေးဝန်ကြီးချုပ် နက်တန်ယာဟုကိုယ်တိုင် ဂါဇာဘက်က သူ့တပ်သားတွေဆီ ဒီဇင်ဘာ ၂၅ ရက်နေ့မှာ သွား ရောက်ကြည့်ရှုခဲ့ပြီးနောက် သူ့ပါတီအမတ်တွေနဲ့တွေ့ဆုံပွဲမှာ ဟားမက်စ်တွေကို အပြီးတိုင် မချေမှုန်းနိုင်သရွေ့ စစ်ပွဲပြီးမှာ မဟုတ်ကြောင်း၊ စစ်ပွဲပြီးစီးဖို့ကလည်း ကာလအားဖြင့် မနီးစပ်နိုင်သေးဘူးလို့ ပြောကြားသွားပါတယ်။
ခရစ္စမတ်အိဗ်မှာ ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ်နဲ့ကန်တာဘာရီဘုရားကျောင်းက သာသနာပိုင်ချုပ် ဂျက်စတင် ဝဲလ်ဘီတို့နှစ်ဦးစလုံးက အစ္စရေးနဲ့ဟားမက်စ်ရဲ့ သွေးချောင်းစီးတိုက်ပွဲတွေ ချက်ချင်းရပ်တန့်ပေးပါလို့ မေတ္တာ ရပ်ခံခဲ့ပေမယ့် နက်တန်ယာဟုကတော့ ထိုးစစ်ကို ဆက်လက်ချဲ့တွင်သွားမယ်၊ ဆက်လက်တိုက်ပွဲဖော်ဆောင် မှုတွေဟာ အဆုံးသတ်ဖို့လည်း ဝေးသေးကြောင်း ပြောဆိုပြီး ထိုးစစ်ဆက်လက်ဆင်နွှဲနေပါတယ်။
အစ္စရေး တပ်တွေဟာ ဂါဇာမှာသာမက အိမ်နီးချင်း ယီမင်နိုင်ငံထဲက အီရန်ထောက်ပံ့ ဟူသီသူပုန်အဖွဲ့နဲ့လည်း မြေပြင် တိုက်ပွဲတွေပါ ဆက်လက်ဖြစ်ပွားနေပါတယ်။
Ref: thesun
#MeKongNews
#အစ္စရေး
#ဟားမက်စ်
#ခရစ္စမတ်