ကမ္ဘာ့သတင်း

ရုရှားလေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်စက်ရုံ ယူကရိန်းရဲ့ ကာမီကာဇီဒရုန်း ထိမှန်ပေါက်ကွဲ

မဲခေါင် 23 Jan - 2024
ဇန်နဝါရီ ၂၁ ရက်နေ့က အနီးဆုံးယူကရိန်းနယ်စပ်ကနေ မိုင် ၂၀၀ ကွာဝေးတဲ့ စိန့်ပီတာစဘာ့ဂ်မြို့အနီး တူလာအရပ်က ရုရှားစစ်တပ်အတွက် မဟာဗျူဟာအရ အရေးပါတဲ့ လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည် ထုတ်လုပ်ရာ စက်ရုံကို ယူကရိန်းဘက်က ကာမီကာဇီဒရုန်းနဲ့ ပစ်ခတ်တိုက်ခိုက်ရာမှာ ကောင်းကင်ထက် မီးလုံး ကြီးမြင့်တက်သွားပြီး ပြင်းထန်စွာ မီးလောင်ပေါက်ကွဲသွားခဲ့ပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၂၃

ဇန်နဝါရီ ၂၁ ရက်နေ့က အနီးဆုံးယူကရိန်းနယ်စပ်ကနေ မိုင် ၂၀၀ ကွာဝေးတဲ့ စိန့်ပီတာစဘာ့ဂ်မြို့အနီး တူလာအရပ်က ရုရှားစစ်တပ်အတွက် မဟာဗျူဟာအရ အရေးပါတဲ့ လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည် ထုတ်လုပ်ရာ စက်ရုံကို ယူကရိန်းဘက်က ကာမီကာဇီဒရုန်းနဲ့ ပစ်ခတ်တိုက်ခိုက်ရာမှာ ကောင်းကင်ထက် မီးလုံး ကြီးမြင့်တက်သွားပြီး ပြင်းထန်စွာ မီးလောင်ပေါက်ကွဲသွားခဲ့ပါတယ်။

နိုဗာတက်ခ်လက်နက်ထုတ်လုပ်ရေးစက်ရုံဟာ ပူတင်နဲ့ ရုရှားမြို့ကြီးတွေကို လေကြောင်းတိုက်ခိုက်ခံရမှုကနေ ကာကွယ်နိုင်စေမယ့် လေကြောင်းရန်ကာကွယ်ရေး ဒုံးတွေ ထုတ်လုပ်တဲ့ စက်ရုံဖြစ်သလို ရုရှားစစ်တပ်ရဲ့ သံချပ်ကာကား အဆင့်မြှင့်တင်မှုတွေလုပ်ရာ စက်ရုံကြီးဖြစ်ပါတယ်။

ရုရှားဘက်က ယူကရိန်းရဲ့ ကာမီကာဇီ ဒရုန်း ၂ စင်းကို ပစ်ချနိုင်ခဲ့တယ်လို့ ကြေညာခဲ့ပေမယ့် အနီးအနားနေသူတွေ ရိုက်ကူးထားတဲ့ ရုပ်သံတွေမှာ ပြင်းထန်စွာမီးလောင်ပေါက်ကွဲပြီး လုံး၀ ပျက်ဆီးသွားတာကို ငြင်းမရအောင် သက်သေခိုင်လုံခဲ့ပါတယ်။

ဒီလက် နက်စက်ရုံတင်မက အနီးအနားမှာရှိတဲ့ နိုဗာတက်ခ်ကုမ္ပဏီပိုင် ဓာတ်ငွေ့စက်ရုံပါ ထိမှန်ပြီး မီးလောင်ပေါက်ကွဲ သွားရာမှာ အရပ်သား ၁၅၀ ကိုပါ ရွှေ့ပြောင်းခိုင်းရပြီး ကမ္ဘာကြီးပါ တုန်ခါသွားခဲ့တယ်လို့ မျက်မြင်တွေက ဆိုပါတယ်။

နိုဗာတက်ခ် အင်တာပရိုက်စ်ရဲ့ အဓိက ရှယ်ယာရှင် လီယိုနစ်မီခယ်ဆင်ဟာ ပူတင်ရဲ့ သူငယ်ချင်းဖြစ်ပြီး ယူကရိန်းကျူးကျော်စစ်ကြောင့် အကျိုးအမြတ်များစွာရနေကာ မနှစ်ကတစ်နှစ်တည်း ကြွယ်ဝမှု ပေါင် ၂ ဘီလီယံ ထပ်ချမ်းသာသွားလို့ စုစုပေါင်း ပေါင် ၂၁ . ၅ ဘီလီယံ ကြွယ်ဝသူဖြစ်လာခဲ့ပါတယ်။

ဇန်နဝါရီ ၂၁ ရက်ဟာ ရုရှားနိုင်ငံ အတွင်းပိုင်းထဲအထိ ယူကရိန်းဘက်က စစ်ပွဲကာလမှာ အပြင်းထန်ဆုံး လေကြောင်းတိုက်ခိုက်မှု ပြုလုပ်တာဖြစ်ကာ စပိုလန့်စ်၊ အော်ရို၊ ဘရိုင်းယန့်ခ်စ်ဒေသတွေက ရုရှား စစ်အခြေ စိုက်စခန်းတွေကိုပါ တစ်ရက်တည်း တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကတည်း အနီးဆုံးယူကရိန်းနယ်စပ်နဲ့ မိုင် ၅၅၀ ဝေးတဲ့ ရုရှားဆိပ်ကမ်းတစ်ခုကို ယူကရိန်းက ပစ်ခတ်တိုက်ခိုက်လို့ ဆီလှောင်ကန်တွေ မီးလောင်ပျက်ဆီးခဲ့မှုကြောင့် ရုရှားလေကြောင်းရန် ကာကွယ်ရေး စနစ်ဟာ အဆင့်မမီလို့သာ ဒီအကွာအဝေးကို ယူကရိန်းဘက်က တိုက်ခိုက်နိုင်ခဲ့တာလို့ စစ်ထောက်ခံ ရုရှား နိုင်ငံရေးသမားတွေကိုယ်တိုင်က ဝေဖန်နေကြပါတယ်။

Ref:Thesun
MKF-001

#MeKongNews

#ရုရှား

#ကာမီကာဇီ

#ဒရုန်း

#ဒုံးကျည်

#ပေါက်ကွဲ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ကမ္ဘာ့သတင်း

ပျက်ကျရဟတ်ယာဉ် ရှာတွေ့ပြီး အီရန်သမ္မတနဲ့ နိုင်ငံခြားရေးဝန်ကြီးအပါ လိုက်ပါသူအားလုံး သေဆုံး

မေ ၁၉ ရက်က အဇာဘိုင်ဂျန်နယ်စပ်ကနေ အစည်းအဝေးလုပ်ပြီးပြန်လာတဲ့ အီရန် သမ္မတ အီဘရာဟင်ရိုင်ဆီနဲ့ နိုင်ငံခြားရေးဝန်ကြီး အမီရတ်ဒိုလာဟီယန် တို့လိုက်ပါခဲ့တဲ့ ရဟတ်ယာဉ်
ကမ္ဘာ့သတင်း

မြို့ကြီးတွေရဲ့ အောက်မှာ နျူကလီးယားလက်နက်စက်ရုံတွေ အီရန် တည်ဆောက်ထုတ်လုပ်နေ

ကုလသမဂ္ဂနဲ့ နိုင်ငံတကာအင်အားကြီးနိုင်ငံက အီရန်ကို နျူကလီးယာထုတ်လုပ်မှု ထိန်းချုပ်ရေးစည်းမျဉ်းနဲ့ ပိတ်ဆို့အရေးယူထားပေမယ့် အီရန်ဟာ နိုင်ငံခရိုင်အသီးသီးရဲ့မြို့ကြီးတွေအပြင်ဘက်နား မြေအောက်ဥမင်ကြီးတွေ တူပြီး နျူကလီးယားဒုံးကျည်တွေကို အစုလိုက်အပြုံလိုက်ထုတ်လုပ်နေကြောင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ရုရှားထောက်ခံ ဆလိုဗက်ကီးယားဝန်ကြီးချုပ် လုပ်ကြံခံရမှု ဥရောပကို သွေးခွဲဖို့ ပူတင်ကြံစည်တာဖြစ်နိုင်

ပြည်သူနဲ့ တွေ့ဆုံပွဲလုပ်ဖို့ ဆလိုဗက်ကီးယားဝန်ကြီးချုပ်ထွက်လာမှုမှာ သေနတ်နဲ့ အနီးကပ် ၅ ချက် ပစ်ခတ်လုပ်ကြံခံရမှုနဲ့ပတ်သက်လို့ ဒီဖြစ်စဉ်ဟာ ဥရောပရဲ့ စည်းလုံးမှုကို နှစ်ပိုင်းခွဲဖို့ ရုရှား သမ္မတပူတင်ရဲ့ နောက်ကွယ်က လုပ်ကြံမှုဖြစ်နိုင်ကြောင်း စစ်ရေးကျွမ်းကျင်သုတေသီ ဒေါက်တာကီဗင် ရိုင်လီးက သုံးသပ်ပြောဆိုသွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ယူကရိန်း ဒုတိယအကြီးဆုံးမြို့ခါကိဗ်ကို ရုရှားရဲ့ထိုးစစ် အသာရနေ

တင်ရဲ့ ရုရှားတပ်တွေဟာ စစ်သည်အင်အား ၄၀၀၀၀၊ တင့်ကား အစီး ၅၀၀ နဲ့ ယူကရိန်းနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ ခါကိဗ်ဒေသကို အလုံးအရင်း ထိုးစစ်ဆင်နေခဲ့ရာက ရုရှားတပ်တွေ အသာစီးအနေအထားရနေကြောင်း ခါကိဗ်မြို့တော်ဝန် အီဟော်တာရက်ဟော့ဗ်က ထုတ်ပြန် ပြောဆိုလာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ဆီးရီးယားမှာ အယ်လ်ခိုင်းဒါးခေါင်းဆောင်ကို သုတ်သင်မှု အရပ်သားဖြစ်ခဲ့ကြောင်း အမေရိကန် ဝန်ခံ

အမေရိကန်ဟာ ဆီးရီးယားနိုင်ငံအတွင်း ဒရုန်းတိုက်ခိုက်မှုနဲ့ အယ်လ်ခိုင်းဒါး ခေါင်းဆောင်တစ်ယောက်ကို သုတ်သင်ခဲ့ရာမှာ အငြင်းပွားစရာဖြစ်ခဲ့ပြီး အမေရိကန်ဗဟိုဌာနချုပ်က အရပ်သား မှားယွင်းသေဆုံးမှုဟုတ်မဟုတ် စုံစမ်းဖော်ထုတ်ခိုင်းရာက အခုမှ အရပ်သားကို မှားယွင်းပစ်ခတ်မိခဲ့ကြောင်း ဝန်ခံသွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ယူကရိန်းမှာ ရုရှားတပ်တွေ ဓာတုလက်နက်သုံးတယ်လို့ အမေရိကန် စွပ်စွဲပြီး လူပုဂ္ဂိုလ်နဲ့အသင်းအဖွဲ့ ၂၈၀ ကျော်ကို ပိတ်ဆို့အရေးယူ

ယူကရိန်းကျူးကျော်စစ်မှာ နိုင်ငံတကာဓာတုလက်နက်အသုံးမပြုရေး သဘောတူစာချုပ်ကို ချိုးဖောက်ပြီး ဓာတုလက်နက်တွေ သုံးခဲ့တယ်လို့ မေ ၁ ရက်နေ့မှာ စွပ်စွဲလိုက်သလို ရုရှားနဲ့ ပတ်သက်တဲ့ လူပုဂ္ဂိုလ်နဲ့ အသင်းအဖွဲ့ ၂၈၀ ကျော်ကို ပိတ်ဆို့အရေးယူမှု ပြုလုပ်ကြောင်း ထုတ်ပြန်ကြေညာသွား ပါတယ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ဒေါ်လာ ၁၃ ဘီလီယံတန် အိမ်ဖြူတော် လေယာဉ်ကြီး အမေရိကန် တည်ဆောက်ဖို့ စီစဉ်

လက်ရှိအနေအထားမှာတင် ကမ္ဘာ့စစ်ရေးအခြေအနေတွေ တင်းမာသထက်တင်းမာလာတာကြောင့် နျူကလီးယားနဲ့ စစ်တိုက်ကြမယ့် တတိယကမ္ဘာစစ်ကြီးဖြစ်လာနိုင်လို့ အမေရိကန်ဟာ အိမ်ဖြူတော် ရုံးချုပ်ကြီး နျူကလီးယားရန်က လွတ်စေမယ့် အဆင့်အမြင့်ဆုံး လေယာဉ်ပျံတစ်စီးကို ဒေါ်လာ ၁၃ ဘီလီယံ အကုန်အကျခံ တည်ဆောက်ဖို့ စီစဉ်နေပြီဖြစ်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ယူကရိန်းက ဟယ်ရီပေါ်တာရဲတိုက် ရုရှားကလက်စတာဗုံးတွေကြောင့် မီးလောင်ပျက်စီးပြီး ၅ ဦးသေ၊ ၃၀ ကျော်ဒဏ်ရာရ

ယူကရိန်းနိုင်ငံ ပယ်လယ်နက်ကမ်းခြေ အော်ဒက်ဆာမြို့က အထင်ကရ ဥပဒေရေးရာ တက္ကသိုလ် ဖြစ်တဲ့ ဟယ်ရီပေါ်တာရဲတိုက်ကြီးဟာ ရုရှားပစ်ခတ်တဲ့ ကလက်စတာဗုံးတွေကြောင့် မီးလောင်ပျက်စီးသွားတဲ့ ရုပ်သံမှတ်တမ်းတွေ ထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now