ကမ္ဘာ့သတင်း

ရုရှားတင်ပို့တဲ့ နျူကလီးယားလက်နက်တွေအားလုံး ရောက်ရှိပြီးစီးကြောင်း ဘီလာရုစ်သမ္မတကြေညာ

မဲခေါင် 26 Dec - 2023
ပူတင်ရဲ့မဟာမိတ် ဘီလာရုစ်သမ္မတ လူကက်ရှန်ကိုက သူတို့နိုင်ငံဆီ ရုရှားတင်ပို့တဲ့ နျူကလီးယား လက်နက် တွေအကုန် ရောက်ရှိပြီးစီးခဲ့ပြီဖြစ်ကြောင်း စိန့်ပီတာစဘတ်မြို့မှာကျင်းပတဲ့ ရုရှားဦးဆောင် စီးပွားရေးလုပ်ငန်းစု အစည်းအဝေးပွဲမှာ ထုတ်ဖော်ပြောဆိုသွားပါတယ်။

မဲခေါင်၊ ဒီဇင်ဘာ ၂၆

ပူတင်ရဲ့မဟာမိတ် ဘီလာရုစ်သမ္မတ လူကက်ရှန်ကိုက သူတို့နိုင်ငံဆီ ရုရှားတင်ပို့တဲ့ နျူကလီးယား လက်နက် တွေအကုန် ရောက်ရှိပြီးစီးခဲ့ပြီဖြစ်ကြောင်း စိန့်ပီတာစဘတ်မြို့မှာကျင်းပတဲ့ ရုရှားဦးဆောင် စီးပွားရေးလုပ်ငန်းစု အစည်းအဝေးပွဲမှာ ထုတ်ဖော်ပြောဆိုသွားပါတယ်။

ပူတင်ဟာ ပြီးခဲ့တဲ့မတ်လကတည်းက သူတို့ရဲ့ နျူကလီးယားလက်နက်တွေကို ယူကရိန်းနဲ့ နေတိုးအဖွဲ့ဝင် ပိုလန် တို့နဲ့ နယ်နိမိတ်ချင်းဆက်စပ်နေတဲ့ မဟာမိတ်ဘီလာရုစ်နိုင်ငံထဲ ပေးပို့တပ်ဆင်ထားမယ်လို့ ကြေညာခဲ့ပြီး တင်ပို့မှုနောက်ဆုံးအသုတ်ဟာ အောက်တိုဘာလမှာကတည်းက ပြီးစီးခဲ့တာဖြစ်တယ်လို့ လူကက်ရှန်ကိုက ပြောသွားတာဖြစ်ပါတယ်။

အာဏာရှင်လူကက်ရှန်ကိုရဲ့ ဘီလာရုစ်နိုင်ငံ အဓိကအတိုက်အခံခေါင်းဆောင် ဆဗီယက်လာနာကတော့ သူတို့ နိုင်ငံထဲမှာ ရုရှားရဲ့ နျူကလီးယားလက်နက်တွေ တပ်ဆင်ထားခြင်းဟာ ဒေသတွင်းလုံခြုံရေးကို ကြီးမားစွာ ခြိမ်း ခြောက်နေတယ်လို့ ကန့်ကွက်သွားပါတယ်။

ယူကရိန်းကို အနောက်မဟာမိတ်တွေရဲ့ ထောက်ပံ့မှုတွေဟာ ပိုလန်နိုင်ငံက ဖြတ်ကျော်ဝင်ရောက်တာဖြစ်လို့ ပူတင်ဟာ ဘီလာရုစ်နယ်စပ်တွေမှာ နျူကလီးယားလက်နက်တွေတပ်ဆင်ထားပြီး ပိုလန်ကို တားဆီးဖို့စီစဉ်တာ ဖြစ်ပါတယ်။ ဒါပေမဲ့ သုံးသပ်သူတွေကတော့ ဘီလာရုစ်ကိုပို့တဲ့ နျူကလီးယားလက်နက်တွေဟာ အပျက်အဆီး ကြီးမားလွန်းတဲ့ မဟာဗျူဟာ တာဝေးပစ်နျူကလီးယားထပ်ဖူးတပ်ဒုံးကျည်တွေမဟုတ်ဘဲ တာတိုပစ် အလတ် စားစစ်ပွဲသုံး နျူကလီးယားလက်နက်တွေသာဖြစ်မယ်လို့ ထင်မြင်ယူဆနေကြပါတယ်။

အမေရိကန်ကတော့ ရုရှားမှာ မဟာဗျူဟာ နျူကလီးယားလက်နက် အလုံး ၂၀၀၀ ရှိတယ်လို့ ခန့်မှန်းထားပြီး သူတို့ဘက်ကလည်း ဥရောပတစ်လွှား မဟာမိတ်နိုင်ငံတွေမှာ မဟာဗျူဟာ နျူကလီးယားလက်နက် အလုံး ၂၀၀ ကို တပ်ဆင်ထားပြီးဖြစ်တယ်လို့ သိရှိရပါတယ်။

Ref: themessenger

#MeKongNews

#ဘီလာရုစ်

#နျူကလီးယား

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ကမ္ဘာ့သတင်း

ပျက်ကျရဟတ်ယာဉ် ရှာတွေ့ပြီး အီရန်သမ္မတနဲ့ နိုင်ငံခြားရေးဝန်ကြီးအပါ လိုက်ပါသူအားလုံး သေဆုံး

မေ ၁၉ ရက်က အဇာဘိုင်ဂျန်နယ်စပ်ကနေ အစည်းအဝေးလုပ်ပြီးပြန်လာတဲ့ အီရန် သမ္မတ အီဘရာဟင်ရိုင်ဆီနဲ့ နိုင်ငံခြားရေးဝန်ကြီး အမီရတ်ဒိုလာဟီယန် တို့လိုက်ပါခဲ့တဲ့ ရဟတ်ယာဉ်
ကမ္ဘာ့သတင်း

မြို့ကြီးတွေရဲ့ အောက်မှာ နျူကလီးယားလက်နက်စက်ရုံတွေ အီရန် တည်ဆောက်ထုတ်လုပ်နေ

ကုလသမဂ္ဂနဲ့ နိုင်ငံတကာအင်အားကြီးနိုင်ငံက အီရန်ကို နျူကလီးယာထုတ်လုပ်မှု ထိန်းချုပ်ရေးစည်းမျဉ်းနဲ့ ပိတ်ဆို့အရေးယူထားပေမယ့် အီရန်ဟာ နိုင်ငံခရိုင်အသီးသီးရဲ့မြို့ကြီးတွေအပြင်ဘက်နား မြေအောက်ဥမင်ကြီးတွေ တူပြီး နျူကလီးယားဒုံးကျည်တွေကို အစုလိုက်အပြုံလိုက်ထုတ်လုပ်နေကြောင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ရုရှားထောက်ခံ ဆလိုဗက်ကီးယားဝန်ကြီးချုပ် လုပ်ကြံခံရမှု ဥရောပကို သွေးခွဲဖို့ ပူတင်ကြံစည်တာဖြစ်နိုင်

ပြည်သူနဲ့ တွေ့ဆုံပွဲလုပ်ဖို့ ဆလိုဗက်ကီးယားဝန်ကြီးချုပ်ထွက်လာမှုမှာ သေနတ်နဲ့ အနီးကပ် ၅ ချက် ပစ်ခတ်လုပ်ကြံခံရမှုနဲ့ပတ်သက်လို့ ဒီဖြစ်စဉ်ဟာ ဥရောပရဲ့ စည်းလုံးမှုကို နှစ်ပိုင်းခွဲဖို့ ရုရှား သမ္မတပူတင်ရဲ့ နောက်ကွယ်က လုပ်ကြံမှုဖြစ်နိုင်ကြောင်း စစ်ရေးကျွမ်းကျင်သုတေသီ ဒေါက်တာကီဗင် ရိုင်လီးက သုံးသပ်ပြောဆိုသွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ယူကရိန်း ဒုတိယအကြီးဆုံးမြို့ခါကိဗ်ကို ရုရှားရဲ့ထိုးစစ် အသာရနေ

တင်ရဲ့ ရုရှားတပ်တွေဟာ စစ်သည်အင်အား ၄၀၀၀၀၊ တင့်ကား အစီး ၅၀၀ နဲ့ ယူကရိန်းနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ ခါကိဗ်ဒေသကို အလုံးအရင်း ထိုးစစ်ဆင်နေခဲ့ရာက ရုရှားတပ်တွေ အသာစီးအနေအထားရနေကြောင်း ခါကိဗ်မြို့တော်ဝန် အီဟော်တာရက်ဟော့ဗ်က ထုတ်ပြန် ပြောဆိုလာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ဆီးရီးယားမှာ အယ်လ်ခိုင်းဒါးခေါင်းဆောင်ကို သုတ်သင်မှု အရပ်သားဖြစ်ခဲ့ကြောင်း အမေရိကန် ဝန်ခံ

အမေရိကန်ဟာ ဆီးရီးယားနိုင်ငံအတွင်း ဒရုန်းတိုက်ခိုက်မှုနဲ့ အယ်လ်ခိုင်းဒါး ခေါင်းဆောင်တစ်ယောက်ကို သုတ်သင်ခဲ့ရာမှာ အငြင်းပွားစရာဖြစ်ခဲ့ပြီး အမေရိကန်ဗဟိုဌာနချုပ်က အရပ်သား မှားယွင်းသေဆုံးမှုဟုတ်မဟုတ် စုံစမ်းဖော်ထုတ်ခိုင်းရာက အခုမှ အရပ်သားကို မှားယွင်းပစ်ခတ်မိခဲ့ကြောင်း ဝန်ခံသွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ယူကရိန်းမှာ ရုရှားတပ်တွေ ဓာတုလက်နက်သုံးတယ်လို့ အမေရိကန် စွပ်စွဲပြီး လူပုဂ္ဂိုလ်နဲ့အသင်းအဖွဲ့ ၂၈၀ ကျော်ကို ပိတ်ဆို့အရေးယူ

ယူကရိန်းကျူးကျော်စစ်မှာ နိုင်ငံတကာဓာတုလက်နက်အသုံးမပြုရေး သဘောတူစာချုပ်ကို ချိုးဖောက်ပြီး ဓာတုလက်နက်တွေ သုံးခဲ့တယ်လို့ မေ ၁ ရက်နေ့မှာ စွပ်စွဲလိုက်သလို ရုရှားနဲ့ ပတ်သက်တဲ့ လူပုဂ္ဂိုလ်နဲ့ အသင်းအဖွဲ့ ၂၈၀ ကျော်ကို ပိတ်ဆို့အရေးယူမှု ပြုလုပ်ကြောင်း ထုတ်ပြန်ကြေညာသွား ပါတယ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ဒေါ်လာ ၁၃ ဘီလီယံတန် အိမ်ဖြူတော် လေယာဉ်ကြီး အမေရိကန် တည်ဆောက်ဖို့ စီစဉ်

လက်ရှိအနေအထားမှာတင် ကမ္ဘာ့စစ်ရေးအခြေအနေတွေ တင်းမာသထက်တင်းမာလာတာကြောင့် နျူကလီးယားနဲ့ စစ်တိုက်ကြမယ့် တတိယကမ္ဘာစစ်ကြီးဖြစ်လာနိုင်လို့ အမေရိကန်ဟာ အိမ်ဖြူတော် ရုံးချုပ်ကြီး နျူကလီးယားရန်က လွတ်စေမယ့် အဆင့်အမြင့်ဆုံး လေယာဉ်ပျံတစ်စီးကို ဒေါ်လာ ၁၃ ဘီလီယံ အကုန်အကျခံ တည်ဆောက်ဖို့ စီစဉ်နေပြီဖြစ်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ယူကရိန်းက ဟယ်ရီပေါ်တာရဲတိုက် ရုရှားကလက်စတာဗုံးတွေကြောင့် မီးလောင်ပျက်စီးပြီး ၅ ဦးသေ၊ ၃၀ ကျော်ဒဏ်ရာရ

ယူကရိန်းနိုင်ငံ ပယ်လယ်နက်ကမ်းခြေ အော်ဒက်ဆာမြို့က အထင်ကရ ဥပဒေရေးရာ တက္ကသိုလ် ဖြစ်တဲ့ ဟယ်ရီပေါ်တာရဲတိုက်ကြီးဟာ ရုရှားပစ်ခတ်တဲ့ ကလက်စတာဗုံးတွေကြောင့် မီးလောင်ပျက်စီးသွားတဲ့ ရုပ်သံမှတ်တမ်းတွေ ထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now