ကမ္ဘာ့သတင်း

မြန်မာနိုင်ငံက နျူကလီးယားထုတ် ဓာတ်သတ္တုတွေ အီရန်ကိုရောင်းဖို့စီစဉ်ခဲ့တဲ့ ယာကူဇာခေါင်းဆောင်ကို အမေရိကန် စွဲချက်တင်

မဲခေါင် 22 Feb - 2024
အမေရိကန်တရားရေးဌာနက ဂျပန်ယာကူဇာခေါင်းဆောင်ဟာ မြန်မာနိုင်ငံက ထွက်တဲ့ နျူကလီးယားလက်နက် ထုတ် ဓာတ်သတ္တုတွေိကို အီရန်ဆီ ရောင်းချဖို့ စီစဉ်ခဲ့တယ်လို့ ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာ ထုတ်ပြန်သွားပါတယ်။

မဲခေါင်၊ ဖေဖော်ဝါရီ ၂၂

အမေရိကန်တရားရေးဌာနက ဂျပန်ယာကူဇာခေါင်းဆောင်ဟာ မြန်မာနိုင်ငံက ထွက်တဲ့ နျူကလီးယားလက်နက် ထုတ် ဓာတ်သတ္တုတွေိကို အီရန်ဆီ ရောင်းချဖို့ စီစဉ်ခဲ့တယ်လို့ ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာ ထုတ်ပြန်သွားပါတယ်။

အသက် ၆၀ ရှိပြီဖြစ်တဲ့ ယာကူဇာ ခေါင်းဆောင် တာကဲရှီအီဘီဆာဝါကို ၂၀၂၂ ခုနှစ်မှာ အမေရိကန်က ထိုင်းအစိုးရ နဲ့ ပူးပေါင်းဖမ်းဆီးခဲ့တာဖြစ်ပြီး မူးယစ်ဆေးဝါးမှောင်ခိုမှုနဲ့သာ စွဲချက်တင်ထားတာဖြစ်ပေမယ့် အခု မြန်မာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ရဲ့ အကြီးအကဲဆီက ယူရေနီယံနဲ့ သိုရီယံဓာတ်သတ္တုတွေကို နမူနာရယူပြီး အီရန် စစ်ခေါင်းဆောင်ဆီ နျူကလီးယားလက်နက်ထုတ်ဖို့ ရောင်းချနိုင်ရေး ကွန်ရက်ဖွဲ့ စီစဉ်ခဲ့ကြောင်းပါ ထပ်မံထုတ်ပြန်သွားပါတယ်။

အီဘီဆာဝါဟာ ၆၁ နှစ်အရွယ် ထိုင်းနိုင်ငံသား ဆွမ်ဖော့ဆင်ဂါဆရီ ဆိုသူနဲ့ ပူးပေါင်းပြီး ၂၀၂၀ ပြည့်နှစ်အစောပိုင်း ကာလက မြန်မာနိုင်ငံမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တူးဖော်ထုတ်လုပ်နေတဲ့ ယူရေနီယံနဲ့ သိုရီယံ ဓာတ်သတ္တု နမူနာတွေကို ရယူပြီး ဓာတ်ခွဲခန်းနမူနာ ထောက်ခံချက်တွေပါ ပြုလုပ်လို့ အီရန် စစ်ခေါင်းဆောင်ထံ ရောင်းချရေး စီစဉ်ခဲ့တာဖြစ်ပါတယ်။

အမေရိကန် မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေး (DEA) ရဲ့ ထောက်လှမ်းရေးအေးဂျင့် ၂ ဦးဟာ အသွင်ယူထောက်လှမ်းသူတွေဖြစ်တာကို မသိဘဲ အီဘီဆာဝါက ဆက်သွယ် ပြီး ဒီလို ဓာတ်သတ္တုတွေအများကြီးကို ရောင်းချင်ကြောင်း၊ အီရန်ဘက်က မြေပြင်မှ ဝေဟင်ပစ်ဒုံး၊ ဒုံးကျည်၊ စက်သေနတ်၊ ဒုံးပျံသုံးလက်ပစ်ဗုံးတွေ ပြန်ဝယ်မှာဖြစ်ကြောင်း ချိတ်ဆက်ခဲ့ပါတယ်။

တရားရုံးမှတ်တမ်းတွေအရ အီဘီဆာဝါကို အီရန်စစ်ခေါင်းဆောင်လို့ လိမ်လည်ပြီး ပေးတွေ့ခဲ့တာလည်း အမေရိကန်ရဲ့ အသွင်းယူထောက်လှမ်းရေးအေးဂျင့်သာဖြစ်တယ်လို့ သိရပြီး ထိုင်းနိုင်ငံဖူးခက်မှာ အကြိမ်ကြိမ် ဆွေးနွေးမှုတွေလုပ်ရင်းက ဖမ်းဆီးခံရတာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် အီဘီဆာဝါနဲ့ ဆင်ဂါဆရီတို့ နှစ်ဦး ကို မူးယစ်ဆေးမှောင်ခိုမှုအပြင် နျူကလီးယားလက်နက်တိုးမြှင့်ထုတ်လုပ်ပြီး ကမ္ဘာကို ခြိမ်းခြောက်နေတဲ့ အီရန် ထံ နျူကလီးယားထုတ် ဓာတ်သတ္တုတွေရောင်းချဖို့ ကြံစည်မှု၊ နယ်စပ်ဖြတ်ကျော်ပြီး လက်နက်မှောင်ခိုမှု၊ ငွေကြေး ခဝါချမှုတွေနဲ့ ထပ်မံ စွဲချက်တင်လိုက်ကြောင်း နယူးယောက်တောင်ပိုင်းခရိုင် အမေရိကန်ရှေ့နေများရုံးက ထုတ်ပြန်သွားပါတယ်။

Ref: independent
MKF-001

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ကမ္ဘာ့သတင်း

ပျက်ကျရဟတ်ယာဉ် ရှာတွေ့ပြီး အီရန်သမ္မတနဲ့ နိုင်ငံခြားရေးဝန်ကြီးအပါ လိုက်ပါသူအားလုံး သေဆုံး

မေ ၁၉ ရက်က အဇာဘိုင်ဂျန်နယ်စပ်ကနေ အစည်းအဝေးလုပ်ပြီးပြန်လာတဲ့ အီရန် သမ္မတ အီဘရာဟင်ရိုင်ဆီနဲ့ နိုင်ငံခြားရေးဝန်ကြီး အမီရတ်ဒိုလာဟီယန် တို့လိုက်ပါခဲ့တဲ့ ရဟတ်ယာဉ်
ကမ္ဘာ့သတင်း

မြို့ကြီးတွေရဲ့ အောက်မှာ နျူကလီးယားလက်နက်စက်ရုံတွေ အီရန် တည်ဆောက်ထုတ်လုပ်နေ

ကုလသမဂ္ဂနဲ့ နိုင်ငံတကာအင်အားကြီးနိုင်ငံက အီရန်ကို နျူကလီးယာထုတ်လုပ်မှု ထိန်းချုပ်ရေးစည်းမျဉ်းနဲ့ ပိတ်ဆို့အရေးယူထားပေမယ့် အီရန်ဟာ နိုင်ငံခရိုင်အသီးသီးရဲ့မြို့ကြီးတွေအပြင်ဘက်နား မြေအောက်ဥမင်ကြီးတွေ တူပြီး နျူကလီးယားဒုံးကျည်တွေကို အစုလိုက်အပြုံလိုက်ထုတ်လုပ်နေကြောင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ရုရှားထောက်ခံ ဆလိုဗက်ကီးယားဝန်ကြီးချုပ် လုပ်ကြံခံရမှု ဥရောပကို သွေးခွဲဖို့ ပူတင်ကြံစည်တာဖြစ်နိုင်

ပြည်သူနဲ့ တွေ့ဆုံပွဲလုပ်ဖို့ ဆလိုဗက်ကီးယားဝန်ကြီးချုပ်ထွက်လာမှုမှာ သေနတ်နဲ့ အနီးကပ် ၅ ချက် ပစ်ခတ်လုပ်ကြံခံရမှုနဲ့ပတ်သက်လို့ ဒီဖြစ်စဉ်ဟာ ဥရောပရဲ့ စည်းလုံးမှုကို နှစ်ပိုင်းခွဲဖို့ ရုရှား သမ္မတပူတင်ရဲ့ နောက်ကွယ်က လုပ်ကြံမှုဖြစ်နိုင်ကြောင်း စစ်ရေးကျွမ်းကျင်သုတေသီ ဒေါက်တာကီဗင် ရိုင်လီးက သုံးသပ်ပြောဆိုသွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ယူကရိန်း ဒုတိယအကြီးဆုံးမြို့ခါကိဗ်ကို ရုရှားရဲ့ထိုးစစ် အသာရနေ

တင်ရဲ့ ရုရှားတပ်တွေဟာ စစ်သည်အင်အား ၄၀၀၀၀၊ တင့်ကား အစီး ၅၀၀ နဲ့ ယူကရိန်းနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ ခါကိဗ်ဒေသကို အလုံးအရင်း ထိုးစစ်ဆင်နေခဲ့ရာက ရုရှားတပ်တွေ အသာစီးအနေအထားရနေကြောင်း ခါကိဗ်မြို့တော်ဝန် အီဟော်တာရက်ဟော့ဗ်က ထုတ်ပြန် ပြောဆိုလာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ဆီးရီးယားမှာ အယ်လ်ခိုင်းဒါးခေါင်းဆောင်ကို သုတ်သင်မှု အရပ်သားဖြစ်ခဲ့ကြောင်း အမေရိကန် ဝန်ခံ

အမေရိကန်ဟာ ဆီးရီးယားနိုင်ငံအတွင်း ဒရုန်းတိုက်ခိုက်မှုနဲ့ အယ်လ်ခိုင်းဒါး ခေါင်းဆောင်တစ်ယောက်ကို သုတ်သင်ခဲ့ရာမှာ အငြင်းပွားစရာဖြစ်ခဲ့ပြီး အမေရိကန်ဗဟိုဌာနချုပ်က အရပ်သား မှားယွင်းသေဆုံးမှုဟုတ်မဟုတ် စုံစမ်းဖော်ထုတ်ခိုင်းရာက အခုမှ အရပ်သားကို မှားယွင်းပစ်ခတ်မိခဲ့ကြောင်း ဝန်ခံသွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ယူကရိန်းမှာ ရုရှားတပ်တွေ ဓာတုလက်နက်သုံးတယ်လို့ အမေရိကန် စွပ်စွဲပြီး လူပုဂ္ဂိုလ်နဲ့အသင်းအဖွဲ့ ၂၈၀ ကျော်ကို ပိတ်ဆို့အရေးယူ

ယူကရိန်းကျူးကျော်စစ်မှာ နိုင်ငံတကာဓာတုလက်နက်အသုံးမပြုရေး သဘောတူစာချုပ်ကို ချိုးဖောက်ပြီး ဓာတုလက်နက်တွေ သုံးခဲ့တယ်လို့ မေ ၁ ရက်နေ့မှာ စွပ်စွဲလိုက်သလို ရုရှားနဲ့ ပတ်သက်တဲ့ လူပုဂ္ဂိုလ်နဲ့ အသင်းအဖွဲ့ ၂၈၀ ကျော်ကို ပိတ်ဆို့အရေးယူမှု ပြုလုပ်ကြောင်း ထုတ်ပြန်ကြေညာသွား ပါတယ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ဒေါ်လာ ၁၃ ဘီလီယံတန် အိမ်ဖြူတော် လေယာဉ်ကြီး အမေရိကန် တည်ဆောက်ဖို့ စီစဉ်

လက်ရှိအနေအထားမှာတင် ကမ္ဘာ့စစ်ရေးအခြေအနေတွေ တင်းမာသထက်တင်းမာလာတာကြောင့် နျူကလီးယားနဲ့ စစ်တိုက်ကြမယ့် တတိယကမ္ဘာစစ်ကြီးဖြစ်လာနိုင်လို့ အမေရိကန်ဟာ အိမ်ဖြူတော် ရုံးချုပ်ကြီး နျူကလီးယားရန်က လွတ်စေမယ့် အဆင့်အမြင့်ဆုံး လေယာဉ်ပျံတစ်စီးကို ဒေါ်လာ ၁၃ ဘီလီယံ အကုန်အကျခံ တည်ဆောက်ဖို့ စီစဉ်နေပြီဖြစ်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ယူကရိန်းက ဟယ်ရီပေါ်တာရဲတိုက် ရုရှားကလက်စတာဗုံးတွေကြောင့် မီးလောင်ပျက်စီးပြီး ၅ ဦးသေ၊ ၃၀ ကျော်ဒဏ်ရာရ

ယူကရိန်းနိုင်ငံ ပယ်လယ်နက်ကမ်းခြေ အော်ဒက်ဆာမြို့က အထင်ကရ ဥပဒေရေးရာ တက္ကသိုလ် ဖြစ်တဲ့ ဟယ်ရီပေါ်တာရဲတိုက်ကြီးဟာ ရုရှားပစ်ခတ်တဲ့ ကလက်စတာဗုံးတွေကြောင့် မီးလောင်ပျက်စီးသွားတဲ့ ရုပ်သံမှတ်တမ်းတွေ ထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now