မဲခေါင်၊ ဖေဖော်ဝါရီ ၂၂
ဗြိတိန်နျူကလီးယားရေငုပ်သင်္ဘော ကနေ စမ်းသပ်ပစ်လွတ်လိုက်တဲ့ တိုက်ချင်းပစ် တာဝေး ပဲ့ထိန်းဒုံးကျည်ဟာ မအောင်မြင်ဘဲ သင်္ဘောရှေ့ ကိုက်အနည်းငယ်အကွာမှာပဲ ပြုတ်ကျပြီး ပင်လယ်ရေးအောက်မှာ ကိုယ်တိုင်ဖျက်ဆီးစနစ်နဲ့ ဖျက်ခဲ့ရကြောင်း Thesun သတင်းစာက ဖော်ပြပါတယ်။
ဇန်နဝါရီ ၃၀ ရက်နေ့က ဖလော်ရီဒါမှာ စမ်းသပ်မှုလုပ်တုန်း ဒီလို အမှားအယွင်းဖြစ်ခဲ့တယ်လို့ ဗြိတိန်ကာကွယ် ရေးဝန်ကြီးဌာနက အတည်ပြုပေမယ့် အသေးစိတ်ကိုတော့ လျှို့ဝှက်ချက်အဖြစ် ဘာမှ ထုတ်ပြန်ခြင်းမရှိပါဘူး။
တိုက်ချင်းပစ်ဒုံးဟာ ၄၄ ပေရှည်ပြီး ၅၈ တန်အလေးချိတ်ရှိတဲ့ ဒုံးကျည်ဖြစ် ကာ ကနဦးပထမအဆင့် ဂတ်စ်ဖိအားနဲ့ လေထဲ တွန်းထုတ်မှုအဆင့်မှာတင် အမှားအယွင်းဖြစ်ပြီး ပြုတ်ကျသွား တာဖြစ်ပါတယ်။
၂၀၁၆ ခုနှစ်က ဒီရေငုပ်သင်္ဘောနဲ့ပဲ Trident 2 တိုက်ချင်းပစ်ဒုံးကျည်ကို စမ်းသပ်ပစ်ခတ်စဉ်ကလည်း ခုလိုပုံစံ အတိုင်းမအောင်မြင်ဘဲ ပျက်ကျခဲ့ပါသေးတယ်။
ခုလုံး စမ်းသပ်မှု ၂ ကြိမ်ဆက်မအောင်မြင်ပေမယ့် ဒီရေငုပ် သင်္ဘောနဲ့ ဒုံးကျည်စနစ်ဟာ အကျိုးရှိသက်ရောက်မှုရှိဆဲဖြစ်ကြောင်း ဗြိတိန်စစ်တပ်ဘက်က ထုတ်ပြန်ခဲ့ပါတယ်။
Ref:Thesun
MKF-001