ကမ္ဘာ့သတင်း

ပြည်သူကို အကြမ်းဖက်သတ်ဖြတ်နေတဲ့ စစ်ကောင်စီကို ရှုတ်ချကြောင်း ကုလလုံခြုံရေးကောင်စီ ၁၃ နိုင်ငံ ထုတ်ပြန်

မဲခေါင် 24 Aug - 2023
မဲခေါင်၊ သြဂုတ် ၂၄ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ၁၅ နိုင်ငံက သြဂုတ် ၂၃ ရက်မှာ မြန်မာ့အရေး တံခါးပိတ်ဆွေးနွေးပွဲ ပြုလုပ်အပြီး ပြည်သူအပေါ် အကြမ်းဖက်သတ်ဖြတ်နေတဲ့ စစ်ကောင်စီအပေါ် ရှုတ်ချကြောင်း ထုတ်ပြန်ချက် ထပ်မံ ထုတ်ပြန်သွားခဲ့ပါတယ်။

မဲခေါင်၊ သြဂုတ် ၂၄

ကုလသမဂ္ဂလုံခြုံရေးကောင်စီ ၁၅ နိုင်ငံက သြဂုတ် ၂၃ ရက်မှာ မြန်မာ့အရေး တံခါးပိတ်ဆွေးနွေးပွဲ ပြုလုပ်အပြီး ပြည်သူအပေါ် အကြမ်းဖက်သတ်ဖြတ်နေတဲ့ စစ်ကောင်စီအပေါ် ရှုတ်ချကြောင်း ထုတ်ပြန်ချက် ထပ်မံ ထုတ်ပြန်သွားခဲ့ပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြီးအကဲ Martin Griffiths နဲ့လက်ထောက်အထွေထွေအတွင်းရေးမှူးချုပ် Khaled Khiari တို့ မြန်မာနိုင်ငံကို မကြာသေးခင်က လာရောက်လည်ပတ်ခဲ့ပြီး သိရှိခဲ့ရတဲ့ ကပ်ဘေးဆိုက်မှုအခြေအနေတင်ပြချက်တွေကို လုံခြုံရေးကောင်စီမှာ ပြန်တည်တင်ပြဆွေးနွေးတာဖြစ်ပါတယ်။

ဒီအစည်းအဝေးမှာ ၂၀၁၈ ခုနှစ်က ဂျီနီဗာအခြေစိုက် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းပေးခဲ့တဲ့ The Independent Investigative Mechanism for Myanmar ရဲ့ မကြာသေးခင်က ထုတ်ပြန်တဲ့ မြန်မာစစ်တပ် ပြည်သူတွေအပေါ် အရက်စက်ဆုံး သတ်ဖြတ် ခြိမ်းခြောက်မှုတွေကြောင်း၊ စစ်ရာဇဝတ်မှုတွေကို ပိုတိုးမြှင့်သထက် တိုးမြှင့်လုပ်ဆောင်နေတဲ့အကြောင်းတွေကို ပါ ထည့်သွင်းတင်ပြဆွေးနွေးခဲ့ကြပါတယ်။

နောက်ဆုံးမှာ အဖွဲ့ဝင် ၁၅ နိုင်ငံအနက် တရုတ်နဲ့ရုရှားမပါဘဲ ကျန် ၁၃ နိုင်ငံက မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေကို ရှုတ်ချကြောင်း ပူးတွဲထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

၂၀၂၂ ဒီဇင်ဘာလတုန်းက ကုလလုံခြုံရေးကောင်စီ မြန်မာ့အရေးဖြေရှင်းမှု resolution ကြေညာ ချက်ပါအတိုင်း မြန်မာစစ်ကောင်စီအနေနဲ့ အကြမ်းဖက်မှု ချက်ချင်းရပ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်အပါ ဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားအားလုံးလွှတ်၊ ဒီမိုကရေစီ ပြန်ပေး၊ အဆီယံ ၁၀ နိုင်ငံစလုံး မြန်မာစစ်ကောင်စီ သဘောတူညီခဲ့ပြီး မလိုက်နာတဲ့ ဘုံသဘောတူညီချက် ၅ ရပ် ကို လိုက်နာဖို့ ဖိအားပေးဆောင်ရွက်ဖို့ဆိုတာတွေ ပြန်လည်ဖတ်ကြာပြီး ရှုတ်ချသွားခဲ့တာဖြစ်ပါတယ်။

ကုလသမဂ္ဂသံအမတ်ကြီးလင်ဒါသောမတ်စ်ဂရင်းဖီးလ်ကတော့ လုံခြုံရေးကောင်စီရဲ့ ဒီဇင်ဘာ resolution ဟာ ဘာမှ လက်တွေ့အကောင်အထည်မဖော်သေးတဲ့အနေအထားဖြစ်လို့ လုံခြုံရေးကောင်စီဟာ ထိရောက်တဲ့ အရေး ယူမှုတွေကို စစ်ကောင်စီကို လက်တွေချမှတ်လုပ်ဆောင်ဖို့ လိုနေတာဖြစ်ကြောင်း ထပ်လောင်း တိုက်တွန်းပြော ကြားသွားခဲ့ပါတယ်။

MKF-001

#MekongNews

#ကုလ

#စစ်ကောင်စီ

#လုံခြုံရေးကောင်စီ

#သတ်ဖြတ်

#ရှုတ်ချ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

မြန်မာ့နွေဦး

Non-CDM အမျိုးသားဝန်ထမ်းတွေကို စစ်မှုထမ်းဖို့ ဆင့်ခေါ်တာကြောင့် ကလောမြို့ကဌာနဆိုင်ရာ ဝန်ထမ်းတွေ ထွက်ပြေး တိမ်းရှောင်နေ

ကလောမြို့နယ်တွင်း ဌာနဆိုင်ရာ အသီးသီးက ရာထူးကြီးပိုင်း ဝန်ထမ်းတွေဟာ အောက်ခြေဝန်ထမ်းတွေကို အသိမပေးဘဲ စစ်ကောင်စီကို စစ်မှုထမ်းစာရင်း ပေးထားတာကြောင့် အမျိုးသားဝန်ထမ်းတွေ တိမ်းရှောင်နေတယ်
မြန်မာ့နွေဦး

မြန်မာလုပ်သား ၁၇ ဦးကို ထောက်ပို့လို့စွပ်စွဲကာ လာအိုရဲဖမ်းဆီးပြီး မြန်မာစစ်တပ်ကိုလွှဲပေး

ရွှေတြိဂံနယ်စပ် လာအိုနိုင်ငံ၊ ကာစီနိုမြို့တော်မှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသား ၁၇ ယောက်ကို စစ်ကောင်စီက ထောက်ပို့လို့ စွပ်စွဲပြီး လာအိုရဲတွေဆီ အကြောင်းကြားပြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

လွတ်ငြိမ်းနဲ့လွှတ်ပြီးမှ ပြန်ဖမ်းသွားတဲ့ ဒေါက်တာခလမ်ဆမ်ဆွန်ကို နေအိမ်ပြန်ရောက်ဖို့ မျှော်လင့်တယ်လို့ KBC ထုတ်ပြန်

လွတ်ငြိမ်းနဲ့လွှတ်ပြီးမှ စစ်ကောင်စီက ပြန်ဖမ်းသွားတဲ့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC ) အကြံပေး သိက္ခာတော်ရဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်မှာ ကျန်းမာရေးအားနည်းပြီး ဆေးဝါးကုသမှုခံယူရန် လိုအပ်နေသူဖြစ်လို့ မိသားစုနေအိမ်သို့အမြန်ဆုံး ပြန်လည်ရောက်ရှိရန် အထူးမျှော်လင့်တယ်လို့ KBC က ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ဆီးရီးယားမှာ အယ်လ်ခိုင်းဒါးခေါင်းဆောင်ကို သုတ်သင်မှု အရပ်သားဖြစ်ခဲ့ကြောင်း အမေရိကန် ဝန်ခံ

အမေရိကန်ဟာ ဆီးရီးယားနိုင်ငံအတွင်း ဒရုန်းတိုက်ခိုက်မှုနဲ့ အယ်လ်ခိုင်းဒါး ခေါင်းဆောင်တစ်ယောက်ကို သုတ်သင်ခဲ့ရာမှာ အငြင်းပွားစရာဖြစ်ခဲ့ပြီး အမေရိကန်ဗဟိုဌာနချုပ်က အရပ်သား မှားယွင်းသေဆုံးမှုဟုတ်မဟုတ် စုံစမ်းဖော်ထုတ်ခိုင်းရာက အခုမှ အရပ်သားကို မှားယွင်းပစ်ခတ်မိခဲ့ကြောင်း ဝန်ခံသွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြ၀တီ သေဆုံးခြင်း

“ ဘာတွေဖြစ်ပျက်သွားသလဲဆိုတာ ကျွန်တော်တို့ အတိအကျတော့မသိနိုင်ဘူး။ ဒါပေမဲ့ ကျယ်ပြန့်တဲ့ သီအိုရီ က နှစ်ခုပဲရှိတယ်။ တစ်ခုကတော့ စောချစ်သူက ဒီပွဲကို ကစားတယ်ဆိုတာ။ သူက နှစ်ဖက်စလုံးဆီကနေ သူ့ အကျိုးအတွက် အကောင်းဆုံးသော အခြေအနေကို ရဖို့ကြိုးစားခဲ့တယ်ဆိုတာပဲ။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

PNO ပြည်သူ့စစ်တွေက ဘိန်းစိုက်တောင်သူတွေဆီကို ဘိန်းရောင်းရငွေကြောင့် ဓါးစာခံပြုလုပ်ထား

ရှမ်း/တောင် ဆီဆိုင်မြို့နယ်ထဲက ထမ်းယနဲ့ ပန်းအွန်ရွာသူ ရွာသားတွေကို ဘိန်းပေါ်ချိန်ဖြစ်တဲ့အတွက် ရောင်းရငွေတွေပေးမှ ကျေးရွာထဲက အပြင်ကို သွားလာခွင့်ပြုမယ်လို့ ဒေသခံတွေကပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်ပြည်နယ် တိုက်ပွဲတွေမှာ PPDF-KD လည်း ပါဝင်တိုက်ခိုက်၊ ရှေ့တန်းပြန် ရဲဘော်တွေကို ဂုဏ်ပြု

ကော့ကရိတ်-မြဝတီ စစ်ဆင်ရေးတွေမှာ KNLA၊ PDF တို့နဲ့အတူ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ခမ်းဒေါမ်) – PPDF-KD ရှေ့တန်းပြန် ရဲဘော်တွေကို ဂုဏ်ပြုခဲ့တယ်လို့ ပြောရေးဆိုခွင့်ရှိသူ ခွန်ဝေထူး က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှားတောမှာ KNDF နဲ့ KA က စစ်သင်တန်းဆင်းပွဲ ပြုလုပ်

ဆိုမို/ ဖေစိုးလေးဒေသမှာ ကရင်နီ တပ်မတော်(KA)နဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) တပ်ရင်း ၁၇ တို့က အခြေခံစစ်သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့တယ်လို့ တပ်ရင်း ၁၇ က ဒီနေ့ (မေ ၂) မှာ ထုတ်ပြန်ထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now