ကမ္ဘာ့သတင်း

ပါကစ္စတန်ထဲကိုပါ အီရန်က ပစ်ခတ်တိုက်ခိုက်လို့ အရှေ့အလယ်ပိုင်း စစ်မီး ပိုကျယ်ပြန့်လာ

မဲခေါင် 18 Jan - 2024
ဇန်နဝါရီ ၁၆ ရက်နေ့မှာပဲ အီရန်ဟာ ပါကစ္စတန်နိုင်ငံထဲကို ဒရုန်းနဲ့ ဗုံးတွေသယ်ဆောင်ကျဲချလို့ ကလေး ၂ ဦး သေဆုံးပြီး ဒဏ်ရာရသူတွေလည်း ရှိခဲ့တာကြောင့် အစ္စရေး-ဟားမက်စ် စစ်ပွဲကစတဲ့ အရှေ့အလယ်ပိုင်း စစ်မီးဟာ ပိုမို ကျယ်ပြန့်လာခဲ့ပြီဖြစ်ပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၁၈

ဇန်နဝါရီ ၁၆ ရက်နေ့မှာပဲ အီရန်ဟာ ပါကစ္စတန်နိုင်ငံထဲကို ဒရုန်းနဲ့ ဗုံးတွေသယ်ဆောင်ကျဲချလို့ ကလေး ၂ ဦး သေဆုံးပြီး ဒဏ်ရာရသူတွေလည်း ရှိခဲ့တာကြောင့် အစ္စရေး-ဟားမက်စ် စစ်ပွဲကစတဲ့ အရှေ့အလယ်ပိုင်း စစ်မီးဟာ ပိုမို ကျယ်ပြန့်လာခဲ့ပြီဖြစ်ပါတယ်။

အရှေ့အလယ်ပိုင်းစစ်မီးဟာ အီရတ်၊ ဆီးရီးယား၊ လက်ဘနွန်၊ ယီမင်နိုင်ငံတွေအထိ တောက်လောင်နေပြီး အီရန် နိုင်ငံပိုင်မီဒီယာက ပါကစ္စတန်ထဲ ဗုံးသယ်ဆောင်ဒရုန်း ၄ စီးနဲ့ အတူဒုံးကျည်တွေကို ပစ်ခတ်တိုက်ခိုက်မှုဟာ အကြမ်းဖက်သုတ်သင်ရေး အီရန်တော်လှန်ရေးတပ်မတော်ရဲ့ တိုက်ခိုက်မှုလို့ ရေးသားဖော်ပြပြီးမှ နောက်ပိုင်း သတင်းကို ပြန်ဖျက်သွားပါတယ်။

အီရန်ရဲ့ ပစ်မှတ်က သူတို့နိုင်ငံထဲမှာလည်း ရှိနေတဲ့ Jaish al-Adl လက်နက်ကိုင်တပ်ဖွဲ့တွေကို ပစ်မှတ်ထားတိုက် ခိုက်တာဖြစ်ပြီး တိုက်ခိုက်မှုကြောင့် ကလေး နှစ်ယောက်သေဆုံး၊ အမျိုးသမီး ၂ ယောက်နဲ့ မိန်းကလေးငယ် တစ်ယောက်ဒဏ်ရာရခဲ့တယ်လို့ ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဒီထုတ်ပြန်ချက်မှာ အီရန်ဟာ ပါကစ္စတန်လေပိုင်နက်ကို ချိုးဖောက် ကျူးကျော်ရန်စပြီး တိုက်ခိုက်လာတာ ဖြစ်ကြောင်း၊ လုံး၀ လက်ခံခွင့်လွှတ်ပေးလို့မရတဲ့ စော်ကားမှုဖြစ်လို့ ပြင်းထန်တဲ့ အကျိုးဆက်ကို ရင်ဆိုင်ရမယ်လို့ ဖော်ပြပါရှိပါတယ်။

အီရန်နဲ့ ပါကစ္စတန်ဟာ တစ်နိုင်ငံနဲ့တစ်နိုင်ငံ နှစ်ပေါင်းများစွာကတည်းက သံသယမျက်လုံးနဲ့ ကြည့်နေကြပြီး ဆက်ဆံရေးတင်းမာတဲ့ နိုင်ငံတွေဖြစ်ပါတယ်။

ပါကစ္စတန်ဘက်က အကြမ်းဖက် လက်နက်ကိုင် အုပ်စုတွေဟာ နိုင်ငံတိုင်းမှာရှိနေလို့ ချေမှုန်းချင်ရင် အိမ်နီးချင်းနိုင်ငံအချင်းချင်း ပူးပေါင်းဆောင်ရွက်ရမှာဖြစ်ပြီး အခုလို နယ်စပ်ဖြတ်ကျော်လို့ မိုင် ၃၀ အကွာအထိဝင်ပြီး ပန်ဂါခရိုင် ဘယ်လူချီစတန်အရပ်အထိ လာတိုက်ခိုက် တာ နိုင်ငံအချုပ်အခြာအာဏာပိုင်မှုကို ကျူးကျော်စော်ကားခြင်းဖြစ်ကြောင်း၊ ပလီတစ်ခုလည်း ပျက်ဆီးသွား ကြောင်း ထုတ်ပြန်လို့ တာဝန်ခံရမှာဖြစ်ကြောင်း သတိပေးထုတ်ပြန်သွားပါတယ်။

Ref:Thesun
MKF-001

#MeKongNews

#ပါကစ္စတန်

#အရှေ့အလယ်ပိုင်း

#တင်းမာ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ကမ္ဘာ့သတင်း

ပျက်ကျရဟတ်ယာဉ် ရှာတွေ့ပြီး အီရန်သမ္မတနဲ့ နိုင်ငံခြားရေးဝန်ကြီးအပါ လိုက်ပါသူအားလုံး သေဆုံး

မေ ၁၉ ရက်က အဇာဘိုင်ဂျန်နယ်စပ်ကနေ အစည်းအဝေးလုပ်ပြီးပြန်လာတဲ့ အီရန် သမ္မတ အီဘရာဟင်ရိုင်ဆီနဲ့ နိုင်ငံခြားရေးဝန်ကြီး အမီရတ်ဒိုလာဟီယန် တို့လိုက်ပါခဲ့တဲ့ ရဟတ်ယာဉ်
ကမ္ဘာ့သတင်း

မြို့ကြီးတွေရဲ့ အောက်မှာ နျူကလီးယားလက်နက်စက်ရုံတွေ အီရန် တည်ဆောက်ထုတ်လုပ်နေ

ကုလသမဂ္ဂနဲ့ နိုင်ငံတကာအင်အားကြီးနိုင်ငံက အီရန်ကို နျူကလီးယာထုတ်လုပ်မှု ထိန်းချုပ်ရေးစည်းမျဉ်းနဲ့ ပိတ်ဆို့အရေးယူထားပေမယ့် အီရန်ဟာ နိုင်ငံခရိုင်အသီးသီးရဲ့မြို့ကြီးတွေအပြင်ဘက်နား မြေအောက်ဥမင်ကြီးတွေ တူပြီး နျူကလီးယားဒုံးကျည်တွေကို အစုလိုက်အပြုံလိုက်ထုတ်လုပ်နေကြောင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ရုရှားထောက်ခံ ဆလိုဗက်ကီးယားဝန်ကြီးချုပ် လုပ်ကြံခံရမှု ဥရောပကို သွေးခွဲဖို့ ပူတင်ကြံစည်တာဖြစ်နိုင်

ပြည်သူနဲ့ တွေ့ဆုံပွဲလုပ်ဖို့ ဆလိုဗက်ကီးယားဝန်ကြီးချုပ်ထွက်လာမှုမှာ သေနတ်နဲ့ အနီးကပ် ၅ ချက် ပစ်ခတ်လုပ်ကြံခံရမှုနဲ့ပတ်သက်လို့ ဒီဖြစ်စဉ်ဟာ ဥရောပရဲ့ စည်းလုံးမှုကို နှစ်ပိုင်းခွဲဖို့ ရုရှား သမ္မတပူတင်ရဲ့ နောက်ကွယ်က လုပ်ကြံမှုဖြစ်နိုင်ကြောင်း စစ်ရေးကျွမ်းကျင်သုတေသီ ဒေါက်တာကီဗင် ရိုင်လီးက သုံးသပ်ပြောဆိုသွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ယူကရိန်း ဒုတိယအကြီးဆုံးမြို့ခါကိဗ်ကို ရုရှားရဲ့ထိုးစစ် အသာရနေ

တင်ရဲ့ ရုရှားတပ်တွေဟာ စစ်သည်အင်အား ၄၀၀၀၀၊ တင့်ကား အစီး ၅၀၀ နဲ့ ယူကရိန်းနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ ခါကိဗ်ဒေသကို အလုံးအရင်း ထိုးစစ်ဆင်နေခဲ့ရာက ရုရှားတပ်တွေ အသာစီးအနေအထားရနေကြောင်း ခါကိဗ်မြို့တော်ဝန် အီဟော်တာရက်ဟော့ဗ်က ထုတ်ပြန် ပြောဆိုလာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ဆီးရီးယားမှာ အယ်လ်ခိုင်းဒါးခေါင်းဆောင်ကို သုတ်သင်မှု အရပ်သားဖြစ်ခဲ့ကြောင်း အမေရိကန် ဝန်ခံ

အမေရိကန်ဟာ ဆီးရီးယားနိုင်ငံအတွင်း ဒရုန်းတိုက်ခိုက်မှုနဲ့ အယ်လ်ခိုင်းဒါး ခေါင်းဆောင်တစ်ယောက်ကို သုတ်သင်ခဲ့ရာမှာ အငြင်းပွားစရာဖြစ်ခဲ့ပြီး အမေရိကန်ဗဟိုဌာနချုပ်က အရပ်သား မှားယွင်းသေဆုံးမှုဟုတ်မဟုတ် စုံစမ်းဖော်ထုတ်ခိုင်းရာက အခုမှ အရပ်သားကို မှားယွင်းပစ်ခတ်မိခဲ့ကြောင်း ဝန်ခံသွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ယူကရိန်းမှာ ရုရှားတပ်တွေ ဓာတုလက်နက်သုံးတယ်လို့ အမေရိကန် စွပ်စွဲပြီး လူပုဂ္ဂိုလ်နဲ့အသင်းအဖွဲ့ ၂၈၀ ကျော်ကို ပိတ်ဆို့အရေးယူ

ယူကရိန်းကျူးကျော်စစ်မှာ နိုင်ငံတကာဓာတုလက်နက်အသုံးမပြုရေး သဘောတူစာချုပ်ကို ချိုးဖောက်ပြီး ဓာတုလက်နက်တွေ သုံးခဲ့တယ်လို့ မေ ၁ ရက်နေ့မှာ စွပ်စွဲလိုက်သလို ရုရှားနဲ့ ပတ်သက်တဲ့ လူပုဂ္ဂိုလ်နဲ့ အသင်းအဖွဲ့ ၂၈၀ ကျော်ကို ပိတ်ဆို့အရေးယူမှု ပြုလုပ်ကြောင်း ထုတ်ပြန်ကြေညာသွား ပါတယ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ဒေါ်လာ ၁၃ ဘီလီယံတန် အိမ်ဖြူတော် လေယာဉ်ကြီး အမေရိကန် တည်ဆောက်ဖို့ စီစဉ်

လက်ရှိအနေအထားမှာတင် ကမ္ဘာ့စစ်ရေးအခြေအနေတွေ တင်းမာသထက်တင်းမာလာတာကြောင့် နျူကလီးယားနဲ့ စစ်တိုက်ကြမယ့် တတိယကမ္ဘာစစ်ကြီးဖြစ်လာနိုင်လို့ အမေရိကန်ဟာ အိမ်ဖြူတော် ရုံးချုပ်ကြီး နျူကလီးယားရန်က လွတ်စေမယ့် အဆင့်အမြင့်ဆုံး လေယာဉ်ပျံတစ်စီးကို ဒေါ်လာ ၁၃ ဘီလီယံ အကုန်အကျခံ တည်ဆောက်ဖို့ စီစဉ်နေပြီဖြစ်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ယူကရိန်းက ဟယ်ရီပေါ်တာရဲတိုက် ရုရှားကလက်စတာဗုံးတွေကြောင့် မီးလောင်ပျက်စီးပြီး ၅ ဦးသေ၊ ၃၀ ကျော်ဒဏ်ရာရ

ယူကရိန်းနိုင်ငံ ပယ်လယ်နက်ကမ်းခြေ အော်ဒက်ဆာမြို့က အထင်ကရ ဥပဒေရေးရာ တက္ကသိုလ် ဖြစ်တဲ့ ဟယ်ရီပေါ်တာရဲတိုက်ကြီးဟာ ရုရှားပစ်ခတ်တဲ့ ကလက်စတာဗုံးတွေကြောင့် မီးလောင်ပျက်စီးသွားတဲ့ ရုပ်သံမှတ်တမ်းတွေ ထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now