ကမ္ဘာ့သတင်း

ဓားစာခံတွေအကုန်မလွှတ်ရင် ရာဖာမြို့ကို အပြတ်သားဆုံးတိုက်ခိုက်မယ်လို့ အစ္စရေး စစ်ဗိုလ်ချုပ် ရာဇသံ ပေး

မဲခေါင် 21 Feb - 2024
ဟားမက်စ်တွေအနေနဲ့ နောက်ထပ် ၂၁ ရက်အတွင်း ဖမ်းဆီးသွားတဲ့ ဓားစာခံအကုန်မလွှတ်ပေးရင် ဂါဇာကမ်း မြောင်ဒေသက ပါလက်စတိုင်းပြည်သူ တစ်ဝက်ကျော် ရှောင်ပြေးခိုလှုံရာ ရာဖာမြို့ကို အပြတ်သားဆုံး တိုက်ခိုက် သွားမယ်လို့ ၃ ဦးပါ အစ္စရေးစစ်ဝန်ကြီးအဖွဲ့ဝင် ဗိုလ်ချုပ်ဟောင်း ဘန်နီဂရန့်ဇ်က ဖေဖော်ဝါရီ ၁၉ ရက်မှာ ရာဇသံပေးလိုက်ပြီဖြစ်ပါတယ်။

မဲခေါင်၊ ဖေဖော်ဝါရီ ၂၀

ဟားမက်စ်တွေအနေနဲ့ နောက်ထပ် ၂၁ ရက်အတွင်း ဖမ်းဆီးသွားတဲ့ ဓားစာခံအကုန်မလွှတ်ပေးရင် ဂါဇာကမ်း မြောင်ဒေသက ပါလက်စတိုင်းပြည်သူ တစ်ဝက်ကျော် ရှောင်ပြေးခိုလှုံရာ ရာဖာမြို့ကို အပြတ်သားဆုံး တိုက်ခိုက် သွားမယ်လို့ ၃ ဦးပါ အစ္စရေးစစ်ဝန်ကြီးအဖွဲ့ဝင် ဗိုလ်ချုပ်ဟောင်း ဘန်နီဂရန့်ဇ်က ဖေဖော်ဝါရီ ၁၉ ရက်မှာ ရာဇသံပေးလိုက်ပြီဖြစ်ပါတယ်။

အစ္စရေးဝန်ကြီးချုပ် နက်တန်ယာဟုနေရာ ဆက်ခံမယ်လို့ သတင်းပြေးနေတဲ့ ဘန်နီဂရန့်ဇ်က “တကယ်လို့ ရာမာဒန်ဥပုသ်လက မတ်လ ၁၀ ရက်နေ့စမယ်ဆိုရင် ဒီနေ့မှာ ဟားမက်စ်တွေ ဖမ်းသွားတဲ့ ဓားစာခံအားလုံး လွတ်မလာသေးရင် ရာဖာမြို့မှာ တိုက်ပွဲတွေ ဆက်ဖြစ်သွားပါလိမ့်မယ်” လို့ ရက်စွဲပါ သတ်မှတ်ပြီး ရာဇသံ ပေးခဲ့တာပဲဖြစ်ပါတယ်။

ဟားမက်စ်တွေဟာ အောက်တိုဘာ ၇ ရက်နေ့က အစ္စရေးနိုင်ငံထဲ ဖြတ်ကျော်ဝင်ရောက်ပြီး လူပေါင်း ၁၂၀၀ ကျော်ကို သတ်ဖြတ်သွားသလို အယောက် ၂၅၀ ကို ပြန်ပေးဆွဲသွားခဲ့ပြီး အယောက် ၁၀၀ ကျော်ကိုတော့ အပစ် အခတ်ရပ်စဲခဲ့တဲ့ တစ်ပတ်အတွင်းမှာ ပြန်လွှတ်ပေးခဲ့ပြီးဖြစ်ပါတယ်။

ဒါကြောင့် ဓားစာခံ အယောက် ၁၃၀ လောက် ဟာ အစ္စရေးဘက်က အသေလိုချင်နေတဲ့ ဟားမက်စ်ခေါင်းဆောင်း ဂါဇာဘင်လာဒင်ခေါ် ယာဟွဆင်ဝါနဲ့အတူ ရာဖာမြို့မှာ အရပ်သားဟန်ဆောင်ပြီး ရှိနေလိမ့်မယ်လို့ ဘန်နီဂရန့်ဇ်က ယုံကြည်ထားပါတယ်။

အစ္စရေးရဲ့ ထိုးစစ်ကြောင့် ပါလက်စတိုင်းပြည်သူတွေဟာ ဂါဇာရဲ့ နောက်ဆုံးခံတပ်မြို့လည်းဖြစ် အီဂျစ်နိုင်ငံနဲ့ လည်း နယ်ခြားချင်းဆက်နေတဲ့ ရာဖာမြို့ကို စုပြုံရောက်ရှိနေတာဟာ ၂ . ၃ သန်းသော ပြည်သူ တစ်ဝက်ကျော် ရှိနေပါတယ်။

ဒါကြောင့် အစ္စရေးရဲ့ အဆုံးသတ်တိုက်ပွဲဆင်နွှဲရင် အရပ်သားပြည်သူပေါင်းများစွာ သွေးချောင်းစီး သေဆုံးရနိုင်လို့ မဟာမိတ်ဖြစ်တဲ့ အမေရိကန်ကတောင် အစ္စရေးအပေါ် ဟန့်တားမှုတွေ လုပ်နေခဲ့ပါတယ်။

Ref:Thesun
MKF-001

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ကမ္ဘာ့သတင်း

ပျက်ကျရဟတ်ယာဉ် ရှာတွေ့ပြီး အီရန်သမ္မတနဲ့ နိုင်ငံခြားရေးဝန်ကြီးအပါ လိုက်ပါသူအားလုံး သေဆုံး

မေ ၁၉ ရက်က အဇာဘိုင်ဂျန်နယ်စပ်ကနေ အစည်းအဝေးလုပ်ပြီးပြန်လာတဲ့ အီရန် သမ္မတ အီဘရာဟင်ရိုင်ဆီနဲ့ နိုင်ငံခြားရေးဝန်ကြီး အမီရတ်ဒိုလာဟီယန် တို့လိုက်ပါခဲ့တဲ့ ရဟတ်ယာဉ်
ကမ္ဘာ့သတင်း

မြို့ကြီးတွေရဲ့ အောက်မှာ နျူကလီးယားလက်နက်စက်ရုံတွေ အီရန် တည်ဆောက်ထုတ်လုပ်နေ

ကုလသမဂ္ဂနဲ့ နိုင်ငံတကာအင်အားကြီးနိုင်ငံက အီရန်ကို နျူကလီးယာထုတ်လုပ်မှု ထိန်းချုပ်ရေးစည်းမျဉ်းနဲ့ ပိတ်ဆို့အရေးယူထားပေမယ့် အီရန်ဟာ နိုင်ငံခရိုင်အသီးသီးရဲ့မြို့ကြီးတွေအပြင်ဘက်နား မြေအောက်ဥမင်ကြီးတွေ တူပြီး နျူကလီးယားဒုံးကျည်တွေကို အစုလိုက်အပြုံလိုက်ထုတ်လုပ်နေကြောင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ရုရှားထောက်ခံ ဆလိုဗက်ကီးယားဝန်ကြီးချုပ် လုပ်ကြံခံရမှု ဥရောပကို သွေးခွဲဖို့ ပူတင်ကြံစည်တာဖြစ်နိုင်

ပြည်သူနဲ့ တွေ့ဆုံပွဲလုပ်ဖို့ ဆလိုဗက်ကီးယားဝန်ကြီးချုပ်ထွက်လာမှုမှာ သေနတ်နဲ့ အနီးကပ် ၅ ချက် ပစ်ခတ်လုပ်ကြံခံရမှုနဲ့ပတ်သက်လို့ ဒီဖြစ်စဉ်ဟာ ဥရောပရဲ့ စည်းလုံးမှုကို နှစ်ပိုင်းခွဲဖို့ ရုရှား သမ္မတပူတင်ရဲ့ နောက်ကွယ်က လုပ်ကြံမှုဖြစ်နိုင်ကြောင်း စစ်ရေးကျွမ်းကျင်သုတေသီ ဒေါက်တာကီဗင် ရိုင်လီးက သုံးသပ်ပြောဆိုသွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ယူကရိန်း ဒုတိယအကြီးဆုံးမြို့ခါကိဗ်ကို ရုရှားရဲ့ထိုးစစ် အသာရနေ

တင်ရဲ့ ရုရှားတပ်တွေဟာ စစ်သည်အင်အား ၄၀၀၀၀၊ တင့်ကား အစီး ၅၀၀ နဲ့ ယူကရိန်းနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ ခါကိဗ်ဒေသကို အလုံးအရင်း ထိုးစစ်ဆင်နေခဲ့ရာက ရုရှားတပ်တွေ အသာစီးအနေအထားရနေကြောင်း ခါကိဗ်မြို့တော်ဝန် အီဟော်တာရက်ဟော့ဗ်က ထုတ်ပြန် ပြောဆိုလာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ဆီးရီးယားမှာ အယ်လ်ခိုင်းဒါးခေါင်းဆောင်ကို သုတ်သင်မှု အရပ်သားဖြစ်ခဲ့ကြောင်း အမေရိကန် ဝန်ခံ

အမေရိကန်ဟာ ဆီးရီးယားနိုင်ငံအတွင်း ဒရုန်းတိုက်ခိုက်မှုနဲ့ အယ်လ်ခိုင်းဒါး ခေါင်းဆောင်တစ်ယောက်ကို သုတ်သင်ခဲ့ရာမှာ အငြင်းပွားစရာဖြစ်ခဲ့ပြီး အမေရိကန်ဗဟိုဌာနချုပ်က အရပ်သား မှားယွင်းသေဆုံးမှုဟုတ်မဟုတ် စုံစမ်းဖော်ထုတ်ခိုင်းရာက အခုမှ အရပ်သားကို မှားယွင်းပစ်ခတ်မိခဲ့ကြောင်း ဝန်ခံသွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ယူကရိန်းမှာ ရုရှားတပ်တွေ ဓာတုလက်နက်သုံးတယ်လို့ အမေရိကန် စွပ်စွဲပြီး လူပုဂ္ဂိုလ်နဲ့အသင်းအဖွဲ့ ၂၈၀ ကျော်ကို ပိတ်ဆို့အရေးယူ

ယူကရိန်းကျူးကျော်စစ်မှာ နိုင်ငံတကာဓာတုလက်နက်အသုံးမပြုရေး သဘောတူစာချုပ်ကို ချိုးဖောက်ပြီး ဓာတုလက်နက်တွေ သုံးခဲ့တယ်လို့ မေ ၁ ရက်နေ့မှာ စွပ်စွဲလိုက်သလို ရုရှားနဲ့ ပတ်သက်တဲ့ လူပုဂ္ဂိုလ်နဲ့ အသင်းအဖွဲ့ ၂၈၀ ကျော်ကို ပိတ်ဆို့အရေးယူမှု ပြုလုပ်ကြောင်း ထုတ်ပြန်ကြေညာသွား ပါတယ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ဒေါ်လာ ၁၃ ဘီလီယံတန် အိမ်ဖြူတော် လေယာဉ်ကြီး အမေရိကန် တည်ဆောက်ဖို့ စီစဉ်

လက်ရှိအနေအထားမှာတင် ကမ္ဘာ့စစ်ရေးအခြေအနေတွေ တင်းမာသထက်တင်းမာလာတာကြောင့် နျူကလီးယားနဲ့ စစ်တိုက်ကြမယ့် တတိယကမ္ဘာစစ်ကြီးဖြစ်လာနိုင်လို့ အမေရိကန်ဟာ အိမ်ဖြူတော် ရုံးချုပ်ကြီး နျူကလီးယားရန်က လွတ်စေမယ့် အဆင့်အမြင့်ဆုံး လေယာဉ်ပျံတစ်စီးကို ဒေါ်လာ ၁၃ ဘီလီယံ အကုန်အကျခံ တည်ဆောက်ဖို့ စီစဉ်နေပြီဖြစ်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ယူကရိန်းက ဟယ်ရီပေါ်တာရဲတိုက် ရုရှားကလက်စတာဗုံးတွေကြောင့် မီးလောင်ပျက်စီးပြီး ၅ ဦးသေ၊ ၃၀ ကျော်ဒဏ်ရာရ

ယူကရိန်းနိုင်ငံ ပယ်လယ်နက်ကမ်းခြေ အော်ဒက်ဆာမြို့က အထင်ကရ ဥပဒေရေးရာ တက္ကသိုလ် ဖြစ်တဲ့ ဟယ်ရီပေါ်တာရဲတိုက်ကြီးဟာ ရုရှားပစ်ခတ်တဲ့ ကလက်စတာဗုံးတွေကြောင့် မီးလောင်ပျက်စီးသွားတဲ့ ရုပ်သံမှတ်တမ်းတွေ ထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now