ကမ္ဘာ့သတင်း

ဒုတိယကမ္ဘာစစ် ရမ်းဗြဲကျွန်းမှာ ဂျပန်စစ်သား ၅၀၀ မိချောင်းတွေရဲ့ အရှင်လတ်လတ်စားခံရတယ်လို့ဆို

မဲခေါင် 21 Feb - 2024
ဖေဖော်ဝါရီ ၁၉ ရက်နေ့ဟာ ဒုတိယကမ္ဘာစစ်အတွင်းက မြန်မာနိုင်ငံ ရမ်းဗြဲကျွန်းမှာ ဂျပန်စစ်သား ၅၀၀ ကျော် မိချောင်းတွေရဲ့ အရှင်လတ်လတ် ကိုက်ဖြတ်စားသောက်ခံရတဲ့ ၇၉ နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်ပါတယ်

မဲခေါင်၊ ဖေဖော်ဝါရီ ၂၀

ဖေဖော်ဝါရီ ၁၉ ရက်နေ့ဟာ ဒုတိယကမ္ဘာစစ်အတွင်းက မြန်မာနိုင်ငံ ရမ်းဗြဲကျွန်းမှာ ဂျပန်စစ်သား ၅၀၀ ကျော် မိချောင်းတွေရဲ့ အရှင်လတ်လတ် ကိုက်ဖြတ်စားသောက်ခံရတဲ့ ၇၉ နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်ကြောင်းနဲ့ ဒီဖြစ်စဉ်ဟာ ကမ္ဘာမှာ တောရိုင်းတိရစ္ဆာန်ရန်စွယ်ကြောင့် လူသားတွေ သေဆုံးမှုအများဆုံးဖြစ်ရပ်အဖြစ် ဂင်းနစ်စံချိန်အဖွဲ့ကပါ အသိအမှတ်ပြုထားတယ်လို့ သဘာ၀ပညာရှင် ဘရုစ်စတန်လေရိုက်ရဲ့ ပြောကြားချက်အရ သိရှိရပါတယ်။

ရမ်းဗြဲကျွန်းဟာ ရခိုင်မှာသမက မြန်မာကမ်းရိုးတန်းဒေသတစ်ခုလုံးမှာပါ အကြီးမားဆုံး ကျွန်းဖြစ်ပြီး ရေငံမိချောင်းတွေ အများအပြားရှိရာ ဒီရေတောတွေနဲ့ ကမ္ဘာ့ကြောက်စရာအကောင်းဆုံး ကျွန်းတစ်ကျွန်းဖြစ်ခဲ့ ကြောင်း ၁၉၄၅ ခုနှစ်ဖေဖော်ဝါရီလမှာ ဗြိတိသျှရဲ့ အိန္ဒိယတပ်မ ၁၅ ဟာ စစ်ပြေးလို့ ရမ်းဗြဲကျွန်းရောက်လာတဲ့ ဂျပန်စစ်သား ၁၀၀၀ ဝန်းကျင်ကို သင်္ဘောနဲ့လာရောက်ပြီး မောင်းထုတ်မှုဖြစ်စဉ်မှာ ဒီရေကျချိန် ရွှံ့စပ်တဲ့ ဒီရေတောရေပြင်ထဲ ဖြတ်ကူးတဲ့ ဂျပန်စစ်သားတွေထဲအသက်ရှင်လျှက် ကျန်ခဲ့တာအယောက် ၂၀ လောက်သာရှိပါတယ်။

ဒဏ်ရာရနေသူတွေလည်းပါတာကြောင့် သွေးနံ့ရတဲ့ ရေငံမိချောင်း ၁၀၀ ကျော်လောက်ဟာ ဖြတ်ကူးလာတဲ့ ဂျပန်စစ်သည်တွေ ၅၀၀ လောက်ကိုအရှင်လိုက် ကိုက်ဖြတ်စားသောက်ခဲ့ရာမှာ ငရဲကျသလို ဖြစ်ခဲ့ရတာဖြစ်တယ်လို့ တင်ပြမှုတစ်ခု ပြုလုပ်သွားပါတယ်။

ဒါဟာ တောရိုင်းတိရစ္ဆာန်တွေကြောင့် လူသေဆုံးမှုအများဆုံးအဖြစ် ဂင်းနစ်စံချိန်အဖွဲ့က အသိအမှတ်ပြုထားတယ်လို့ ဘရုစ်စတန်လေရိုက်က တင်ပြခဲ့ပေမယ့် သတ္တဗေဒနဲ့ မော်ဒန်စစ်ရေးသမိုင်းပညာရှင်တွေကတော့ စစ်သား အယောက် ၅၀၀ လောက်ကို မိချောင်းစားတယ်ဆိုတာ မဖြစ်နိုင်ဘူးလို့ သုံးသပ်ကြပါတယ်။

၂၀၁၆ ခုနှစ်တုန်းက ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ သမိုင်းပညာရှင် ဆမ်ဝစ်လစ်က အထောက်အထားမှတ်တမ်းတွေ ရရှိခဲ့ပြီး ဖြစ်စဉ်အမှန်က ဂျပန်စစ်သားအများစုဟာ ရေနစ်သေဆုံးတာဖြစ်ပြီး တချို့က ဗြိတိသျှတပ်ရဲ့ ရေထဲပစ်သတ်ခံရ မှုကို မိချောင်းတွေက ကိုက်စားကြတာသာဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၀၀ ပြည့်နှစ်က ရမ်းဗြဲကျွန်းကို ကိုယ်တိုင် သွားရောက်လေ့လာခဲ့တဲ့ ကုန်းနေရေနေသတ္တဝါနဲ့ တွားသွားသတ္တဝါအထူးလေ့လာသူ စတီဗင်ပလတ်ကလည်း ဒေသခံတွေကို ဒီဖြစ်စဉ်သမိုင်းကြောင်း မေးမြန်းစုံစမ်းတော့ ဘရုစ်စတန်လေရိုက်တင်ပြသလောက် အယောက် ၅၀၀ အထိ မိချောင်းစားခံရတာမဟုတ်ဘဲ ၁၀ ယောက်၊ ၁၅ ယောက်လောက်သာ မိချောင်းစား ခံရတာဖြစ်နိုင်ကြောင်း ထုတ်ပြန်ပြောဆိုသွားပါတယ်။

Ref:Thesun
MKF-001

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ကမ္ဘာ့သတင်း

ပျက်ကျရဟတ်ယာဉ် ရှာတွေ့ပြီး အီရန်သမ္မတနဲ့ နိုင်ငံခြားရေးဝန်ကြီးအပါ လိုက်ပါသူအားလုံး သေဆုံး

မေ ၁၉ ရက်က အဇာဘိုင်ဂျန်နယ်စပ်ကနေ အစည်းအဝေးလုပ်ပြီးပြန်လာတဲ့ အီရန် သမ္မတ အီဘရာဟင်ရိုင်ဆီနဲ့ နိုင်ငံခြားရေးဝန်ကြီး အမီရတ်ဒိုလာဟီယန် တို့လိုက်ပါခဲ့တဲ့ ရဟတ်ယာဉ်
ကမ္ဘာ့သတင်း

မြို့ကြီးတွေရဲ့ အောက်မှာ နျူကလီးယားလက်နက်စက်ရုံတွေ အီရန် တည်ဆောက်ထုတ်လုပ်နေ

ကုလသမဂ္ဂနဲ့ နိုင်ငံတကာအင်အားကြီးနိုင်ငံက အီရန်ကို နျူကလီးယာထုတ်လုပ်မှု ထိန်းချုပ်ရေးစည်းမျဉ်းနဲ့ ပိတ်ဆို့အရေးယူထားပေမယ့် အီရန်ဟာ နိုင်ငံခရိုင်အသီးသီးရဲ့မြို့ကြီးတွေအပြင်ဘက်နား မြေအောက်ဥမင်ကြီးတွေ တူပြီး နျူကလီးယားဒုံးကျည်တွေကို အစုလိုက်အပြုံလိုက်ထုတ်လုပ်နေကြောင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ရုရှားထောက်ခံ ဆလိုဗက်ကီးယားဝန်ကြီးချုပ် လုပ်ကြံခံရမှု ဥရောပကို သွေးခွဲဖို့ ပူတင်ကြံစည်တာဖြစ်နိုင်

ပြည်သူနဲ့ တွေ့ဆုံပွဲလုပ်ဖို့ ဆလိုဗက်ကီးယားဝန်ကြီးချုပ်ထွက်လာမှုမှာ သေနတ်နဲ့ အနီးကပ် ၅ ချက် ပစ်ခတ်လုပ်ကြံခံရမှုနဲ့ပတ်သက်လို့ ဒီဖြစ်စဉ်ဟာ ဥရောပရဲ့ စည်းလုံးမှုကို နှစ်ပိုင်းခွဲဖို့ ရုရှား သမ္မတပူတင်ရဲ့ နောက်ကွယ်က လုပ်ကြံမှုဖြစ်နိုင်ကြောင်း စစ်ရေးကျွမ်းကျင်သုတေသီ ဒေါက်တာကီဗင် ရိုင်လီးက သုံးသပ်ပြောဆိုသွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ယူကရိန်း ဒုတိယအကြီးဆုံးမြို့ခါကိဗ်ကို ရုရှားရဲ့ထိုးစစ် အသာရနေ

တင်ရဲ့ ရုရှားတပ်တွေဟာ စစ်သည်အင်အား ၄၀၀၀၀၊ တင့်ကား အစီး ၅၀၀ နဲ့ ယူကရိန်းနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ ခါကိဗ်ဒေသကို အလုံးအရင်း ထိုးစစ်ဆင်နေခဲ့ရာက ရုရှားတပ်တွေ အသာစီးအနေအထားရနေကြောင်း ခါကိဗ်မြို့တော်ဝန် အီဟော်တာရက်ဟော့ဗ်က ထုတ်ပြန် ပြောဆိုလာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ဆီးရီးယားမှာ အယ်လ်ခိုင်းဒါးခေါင်းဆောင်ကို သုတ်သင်မှု အရပ်သားဖြစ်ခဲ့ကြောင်း အမေရိကန် ဝန်ခံ

အမေရိကန်ဟာ ဆီးရီးယားနိုင်ငံအတွင်း ဒရုန်းတိုက်ခိုက်မှုနဲ့ အယ်လ်ခိုင်းဒါး ခေါင်းဆောင်တစ်ယောက်ကို သုတ်သင်ခဲ့ရာမှာ အငြင်းပွားစရာဖြစ်ခဲ့ပြီး အမေရိကန်ဗဟိုဌာနချုပ်က အရပ်သား မှားယွင်းသေဆုံးမှုဟုတ်မဟုတ် စုံစမ်းဖော်ထုတ်ခိုင်းရာက အခုမှ အရပ်သားကို မှားယွင်းပစ်ခတ်မိခဲ့ကြောင်း ဝန်ခံသွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ယူကရိန်းမှာ ရုရှားတပ်တွေ ဓာတုလက်နက်သုံးတယ်လို့ အမေရိကန် စွပ်စွဲပြီး လူပုဂ္ဂိုလ်နဲ့အသင်းအဖွဲ့ ၂၈၀ ကျော်ကို ပိတ်ဆို့အရေးယူ

ယူကရိန်းကျူးကျော်စစ်မှာ နိုင်ငံတကာဓာတုလက်နက်အသုံးမပြုရေး သဘောတူစာချုပ်ကို ချိုးဖောက်ပြီး ဓာတုလက်နက်တွေ သုံးခဲ့တယ်လို့ မေ ၁ ရက်နေ့မှာ စွပ်စွဲလိုက်သလို ရုရှားနဲ့ ပတ်သက်တဲ့ လူပုဂ္ဂိုလ်နဲ့ အသင်းအဖွဲ့ ၂၈၀ ကျော်ကို ပိတ်ဆို့အရေးယူမှု ပြုလုပ်ကြောင်း ထုတ်ပြန်ကြေညာသွား ပါတယ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ဒေါ်လာ ၁၃ ဘီလီယံတန် အိမ်ဖြူတော် လေယာဉ်ကြီး အမေရိကန် တည်ဆောက်ဖို့ စီစဉ်

လက်ရှိအနေအထားမှာတင် ကမ္ဘာ့စစ်ရေးအခြေအနေတွေ တင်းမာသထက်တင်းမာလာတာကြောင့် နျူကလီးယားနဲ့ စစ်တိုက်ကြမယ့် တတိယကမ္ဘာစစ်ကြီးဖြစ်လာနိုင်လို့ အမေရိကန်ဟာ အိမ်ဖြူတော် ရုံးချုပ်ကြီး နျူကလီးယားရန်က လွတ်စေမယ့် အဆင့်အမြင့်ဆုံး လေယာဉ်ပျံတစ်စီးကို ဒေါ်လာ ၁၃ ဘီလီယံ အကုန်အကျခံ တည်ဆောက်ဖို့ စီစဉ်နေပြီဖြစ်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ယူကရိန်းက ဟယ်ရီပေါ်တာရဲတိုက် ရုရှားကလက်စတာဗုံးတွေကြောင့် မီးလောင်ပျက်စီးပြီး ၅ ဦးသေ၊ ၃၀ ကျော်ဒဏ်ရာရ

ယူကရိန်းနိုင်ငံ ပယ်လယ်နက်ကမ်းခြေ အော်ဒက်ဆာမြို့က အထင်ကရ ဥပဒေရေးရာ တက္ကသိုလ် ဖြစ်တဲ့ ဟယ်ရီပေါ်တာရဲတိုက်ကြီးဟာ ရုရှားပစ်ခတ်တဲ့ ကလက်စတာဗုံးတွေကြောင့် မီးလောင်ပျက်စီးသွားတဲ့ ရုပ်သံမှတ်တမ်းတွေ ထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now