အာစီယံဒေသတွင်း

စစ်တပ်ကို အာဆီယံ ကာကွယ်ရေးဝန်ကြီးများအစည်းအဝေး ဖိတ်ကြားမှု အာဆီယံဆုံးဖြတ်ချက်လို့ ပင်တဂွန် ရှင်းလင်း

မဲခေါင် 31 Jan - 2023
မဲခေါင်၊ ဇန်နဝါရီ ၃၁ အမေရိကန် - ထိုင်း ဦးဆောင်တဲ့ အာဆီယံ ကာကွယ်ရေးဝန်ကြီးများအစည်းအဝေး(ADMM-Plus) တက်ရောက်ဖို့ မြန်မာစစ်တပ်ကို ဖိတ်ကြားမှုက အာဆီယံနိုင်ငံတွေရဲ့ ဆုံးဖြတ်ချက်ကြောင့်ဖြစ်တယ်လို့ အမေရိကန်စစ်ဌာနချုပ်ပြောရေးဆိုခွင့်ရှိသူက ရှင်းလင်းပြောကြားခဲ့ပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၃၁

အမေရိကန် – ထိုင်း ဦးဆောင်တဲ့ အာဆီယံ ကာကွယ်ရေးဝန်ကြီးများအစည်းအဝေး(ADMM-Plus) တက်ရောက်ဖို့ မြန်မာစစ်တပ်ကို ဖိတ်ကြားမှုက အာဆီယံနိုင်ငံတွေရဲ့ ဆုံးဖြတ်ချက်ကြောင့်ဖြစ်တယ်လို့ အမေရိကန်စစ်ဌာနချုပ်ပြောရေးဆိုခွင့်ရှိသူက ရှင်းလင်းပြောကြားခဲ့ပါတယ်။

အာဆီယံ ကာကွယ်ရေးဝန်ကြီးများအစည်းအဝေး(ADMM-Plus) ကို ထိုင်းနိုင်ငံ ဘန်ကောက်မှာ ဖေဖော်ဝါရီ ၂၀ ရက်နေ့ကနေစပြီး ၅ ရက်တာကျင်းပသွားမှာဖြစ်ပါတယ်။ဒီအစည်းအဝေးတက်ရောက်ဖို့ မြန်မာစစ်ကောင်စီခန့် ကာကွယ်ရေးဝန်ကြီး မြထွန်းဦးကို ဖိတ်ကြားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အာဆီယံ ကာကွယ်ရေး ဝန်ကြီးများအစည်းအဝေးဟာ ဒေသတွင်းရေကြောင်းလုံခြုံရေး အစီအစဉ်တွေအတွက် အမေရိကန်အပြင် ဆွေးနွေးမှု မိတ်ဖက်တွေအဖြစ် ဩစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ ရုရှား၊ တောင်ကိုရီးယားနိုင်ငံတွေက ကိုယ်စားလှယ်တွေလည်း ပါဝင်တက်ရောက်ကြမှာဖြစ်ပါတယ်။

နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အစည်းတွေကတော့ အနည်းဆုံးရိုဟင်ဂျာ ၇၃၀၀၀၀ ကို နေအိမ်စွန့်ခွာထွက်ပြေးရအောင် ၂၀၁၇ ခုနှစ်က အစုလိုက်အပြုံလိုက်သတ်ဖြတ်နှိပ်ကွပ်ခဲ့သလို အာဏာသိမ်းပြီး ပြည်သူတွေကို နိုင်ငံအနှံ့ ဗုံးကျဲ၊ တိုက်ခိုက်သတ်ဖြတ်လုပ်နေတဲ့ စစ်ကောင်စီကို ဖိတ်ကြားမှုအတွက် ပြင်းပြင်းထန်ထန် ဝေဖန်နေကြပါတယ်။

မနှစ်ကပဲ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာတွေကိုလူမျိုးတုန်းသတ်ဖြတ်တယ်လို့ ဆုံးဖြတ်ကြောင်း ထုတ်ပြန်ခဲ့ပြီး အခု သူတို့ဦးဆောင်တဲ့ စစ်ရေး၊ မူးယစ်ကာကွယ်မှု၊ လက်နက်မှောင်ခိုမှု စတဲ့အရေးတွေအတွက် ပူးပေါင်းဆွေးနွေးပွဲမှာ စစ်ကောင်စီကိုဖိတ်ကြားခဲ့လို့ ပိုပြီး ဝေဖန်မှုတွေရှိနေပါတယ်။

အမေရိကန်စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး မာတင်မိုင်နာက အာဆီယံဖိုရမ်ပရိုတိုကောအတိုင်း ဖိတ်ကြားခဲ့တာသာဖြစ်တယ်လို့ ရှင်းလင်းပြောကြားထားပါတယ်။

အခုတစ်ကြိမ်ပြုလုပ်တဲ့ ADMM-Plus အစည်းအဝေးမှာ စစ်ကောင်စီကို ပထမဆုံးအကြိမ် ဖိတ်ကြားတာမဟုတ်ဘဲ ၂၀၁၇ ခုနှစ်က ပင်တဂွန်ကိုယ်တိုင်က ကုလသမဂ္ဂနဲ့ထိုင်းဦးဆောင်စီစဉ်တဲ့ နိုင်ငံပေါင်းစုံ စစ်ရေးလေ့ကျင့်မှုအစီအစဉ်အတွက် လေ့လာသူအဖြစ် မြန်မာကို ဖိတ်ခဲ့ပါသေးတယ်။

အဲဒီအချိန်တုန်းကတော့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ဒီမိုကရေစီအစိုးရလက်ထက်ဖြစ်လို့ ဝေဖန်သံသိပ်မထွက်ခဲ့ပေမယ့် မနှစ်က စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီးဟာ ဗီဒီယိုအစည်းအဝေးကနေ ဒီပွဲကို တက်ရောက်ခွင့်ရခဲ့လို့ ဝေဖန်မှုတွေလည်း ရှိခဲ့ပါတယ်။

MKF-001

#အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေး #ပင်တဂွန် #Military Coup

#Mekongnews

Ref:aljazeera

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

မြစ်ငါးဖမ်းသမားများအတွက် ပိုးဟပ်မွေးမြူရောင်းချသူ တစ်လ ဘတ်တစ်သိန်းကျော် ဝင်ငွေရ

မဲခေါင်၊ စက်တင်ဘာ ၃ ထိုင်းနိုင်ငံ၊ ဖစ္စနူလော့ခရိုင်နေ ၂၉ နှစ်အရွယ် ထိုင်းအမျိုးသမီးသည် မြစ်ငါးဖမ်းသမားများအတွက် ငါးစာအဖြစ် ပိုးဟပ်များကို မွေးမြူရောင်းချခြင်းမှ
နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

အရှေ့တောင်အာရှကျားဖြန့်များ ပြိုလဲမသွားဘဲ မြန်မာ၊ လာအိုနှင့် မလေးရှားတို့သို့ ရွှေ့ပြောင်းလည်ပတ်နေ

မဲခေါင်၊ စက်တင်ဘာ ၃ ကမ္ဘောဒီးယား သတင်းအချက်အလက်ဝန်ကြီးဌာနက ကျားဖြန့်လုပ်ငန်း အဆောက်အအုံပေါင်း ၂၅၀ ကျော်ကို ပိတ်သိမ်းခဲ့ပြီး နိုင်ငံခြားသား ၄၈၀၀၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

မွေးဖွားနှုန်း ကျဆင်းလွန်းနေသဖြင့် ရင်သွေးတစ်ဦးမွေးသည့် မိဘတိုင်း ဒေါ်လာ ၇ သောင်းပေးမည်ဟု စင်ကာပူ မက်လုံးပေးနေရ

မဲခေါင်၊ ဩဂုတ် ၂၇ စင်ကာပူနိုင်ငံတွင် မွေးဖွားနှုန်းကျဆင်းပြီး သက်ကြီးရွယ်အိုနှုန်း များပြားလာသည့် လူဦးရေကျုံ့မှု အန္တရာယ်ကြောင့် ရင်သွေးတစ်ဦး မွေးဖွားသည့်မိဘတိုင်းအား စင်ကာပူဒေါ်လာ ၇ သောင်း ထောက်ပံ့ပေးသွားမည်ဟု ဝန်ကြီးချုပ် လောရန့်ဝေါင်က လှုံ့ဆော်ကမ်းလှမ်းခဲ့သည်။ ယမန်နှစ်က စင်ကာပူနိုင်ငံရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

မယ်ဆိုင်တွင် ရပ်ထားသည့်ကားအတွင်း ICE ၁၀၀ ကီလိုဂရမ် သိမ်းဆည်းရမိပြီး မယ်ဟောင်ဆောင်နေ အမျိုးသားတစ်ဦးကို ဖမ်းဆီး

မဲခေါင်၊ ဩဂုတ် ၂၆ ယမန်နေ့ညနေပိုင်းက ချင်းရိုင်ခရိုင်၊ မယ်ဆိုင်ရှိ ဘန်ပိုင်ယန်ကျောင်းရှေ့ ရပ်ထားသော အနက်ရောင် ကားတစ်စီးကို မသင်္ကာသဖြင့် ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေး ICE ၁၀၀ ကီလိုဂရမ် သိမ်းဆည်းရမိပြီးနောက် အနီးအနားရှိ နေအိမ်တစ်လုံးကို ဝင်ရောက်ရှာဖွေရာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

ကမ္ဘာ့ပထမဆုံး တစ်ကိုယ်တော် ဖိုက်တာဂျက်ပိုင်းလော့ ဖြစ်လာရန် ထိုင်းမိဖုရား ဆုသီတာ စတင်လေ့ကျင့်

မဲခေါင်၊ ဩဂုတ် ၂၀ ပြီးခဲ့သည့် ဆီးဂိမ်းမှာပင် ရွက်လွှင့်ပြိုင်ပွဲ၌ ဦးဆောင်ယှဉ်ပြိုင်ခဲ့သလို အားကစားနည်းများစွာကို ကျွမ်းကျင်သည့် ထိုင်းမိဖုရားကြီး ဆုသီတာသည် ကမ္ဘာ့ပထမဆုံး တစ်ကိုယ်တော် ဖိုက်တာဂျက်လေယာဉ်မောင်းသည့် မိဖုရားဖြစ်လာနိုင်စေရန် ယနေ့မှစတင်ပြီး ထိုင်းတော်ဝင်လေတပ်၌ ဆွီဒင်ထုတ် Gripen ဖိုက်တာဂျက်လေယာဉ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

မြန်မာဘက်မှ တရုတ်မြေရှားလုပ်ကွက်များကြောင့် ရေထုညစ်ညမ်းမှု အထောက်အထားများကို တရုတ်သံရုံးမှတစ်ဆင့် တရုတ်အစိုးရထံ ထိုင်းပြည်သူ့ပါတီ တင်သွင်း

မဲခေါင်၊ ဇူလိုင် ၁၅ မြန်မာနိုင်ငံ နယ်စပ်ဒေသများတွင် တရားမဝင် တူးဖော်နေသည့် မြေရှားနှင့် ရွှေတူးဖော်ရေး လုပ်ကွက်များကြောင့် ထိုင်းဘက်သို့ စီးဆင်းလာသည့် မြစ်ချောင်းများအတွင်း အန္တရာယ်အလွန်များသော ရေထုညစ်ညမ်းမှုများ ဖြစ်ပေါ် နေရမှုကို ကိုင်တွယ်ဖြေရှင်းပေးရန် အထောက်အထား အချက်အလက်များစွာဖြင့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

ကိုရီးယား BTS အဖွဲ့ ဖျော်ဖြေပွဲလက်မှတ်အတုများကို ဘတ် ၁ ဒသမ ၈ သန်းဖိုး လိမ်ရောင်းသူ ၅ ဦးကို ဖမ်းဆီး

မဲခေါင်၊ ဇူလိုင် ၁၄ ဒီဇင်ဘာလတွင် ဘန်ကောက်သို့ ၃ ရက်ကြာ လာရောက်ဖျော်ဖြေမည့် ကမ္ဘာကျော် ကိုရီးယားတေးဂီတအဖွဲ့ BTS ၏ ဖျော်ဖြေပွဲလက်မှတ်အတုများကို လိမ်ရောင်းခဲ့ကာဘတ် ၁ ဒသမ ၈ သန်း လိမ်လည်ခဲ့သူ ၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်ဘက်သို့ သုံးဘီးဆိုင်ကယ် မောင်းနှင်ကြသူများအား အလုပ်အကိုင် လုယူနေသည်ဟု ထိုင်းတက္ကစီသမားများ စွပ်စွဲနေ

မဲခေါင်၊ ဇူလိုင် ၁၃ ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့ မြန်မာ – ထိုင်းနယ်စပ်၊ အမှတ် (၁) ချစ်ကြည်ရေးတံတားမှတဆင့် မယ်ဆိုင်မြို့နယ်အတွင်း သုံးဘီးဆိုင်ကယ်ဖြင့် ခရီးသည်များ လိုက်ပါပို့ဆောင်နေကြရာ ယင်းသုံးဘီးမောင်းနှင်သူများမှာ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်ပြီး ထိုင်းတက္ကစီသမားများ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now