အာစီယံဒေသတွင်း

ရွှေ့ပြောင်းလုပ်သားများမှတ်ပုံတင်ရန် အချိန် ၆ လထပ်တိုးပေးရေး ထိုင်းအလုပ်သမားဝန်ကြီးစီစဉ်

မဲခေါင် 23 Jan - 2021
ကိုရိုနာဗိုင်းရပ်စ်ကမ္ဘာ့ကပ်ရောဂါကြောင့် တရားဝင်လုပ်သားအခြေအနေဆုံးရှုံးနိုင်သည့်ရွှေ့ပြောင်းလုပ်သားများအတွက် မှတ်ပုံတင်ရန်အချိန် ၆ လထပ်တိုးပေးရန် ထိုင်းအစိုးရအဖွဲ့ထံ အလုပ်သမားဝန်ကြီးဌာနကတောင်းဆိုမည်ဖြစ်သည်။ ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးမှု ရလဒ်များအပါအဝင် အလုပ်ပါမစ်သက်တမ်းတိုးရန်လိုအပ်သော အချိန်နှင့်တပြေးညီတင်သွင်းရမည့် စာရွက်စာတမ်းများမရနိုင်သည့် ရွှေ့ပြောင်းလုပ်သားများ၏ တရားဝင်မှုအခြေအနေကိုထိန်းထားနိုင်ရန် သက်တမ်းတိုးပေးရေးစီစဉ်ခြင်းဖြစ်ကြောင်း အလုပ်သမားဝန်ကြီး ဆူချာ့ ချွန်ကလင်က ဗုဒ္ဓဟူးနေ့တွင်ပြောသည်။ ယခုနှစ်အတွင်းသက်တမ်းမတိုးနိုင်ပါက တရားဝင်ရွှေ့ပြောင်းလုပ်သား ၁.၇ သန်းသည် တရားဝင်အလုပ်လုပ်ခွင့်ဆုံးရှုံးနိုင်ကြောင်းလည်းပြောသည်။ အလုပ်မရှိသူများအပါအဝင် တရားမဝင်ရွှေ့ပြောင်းလုပ်သားများအနေနှင့် အာဏာပိုင်များထံမှတ်ပုံတင်ရန်လိုအပ်ပြီး ပါမစ်ကို ဝန်ကြီးဌာနဝက်ဆိုက်တွင် ဇန်နဝါရီ ၁၅ ရက်မှ ဖေဖော်ဝါရီ ၁၃ ရက်အထိ လျှောက်ထားနိုင်သည်။ မှတ်ပုံတင်ပြီးသူများအနေဖြင့် ထိုင်းတွင် ၂ နှစ်ကြာနေထိုင်အလုပ်လုပ်ခွင့်ရှိပြီး မှတ်ပုံတင်သူများအနေဖြင့် တရားမဝင်နေထိုင်ခြင်းအတွက် ပြစ်ဒဏ်ခံရမည်မဟုတ်ချေ။ တရားမဝင်ရွှေ့ပြောင်းလုပ်သားများ၏ ဇီဝအချက်အလက်များကောက်ယူခြင်းကို ဧပြီ ၁၆ ရက်နောက်ဆုံးထားပြီးအဆုံးသတ်မည်ဟု ဗုဒ္ဓဟူးနေ့က ဝန်ကြီးဌာနနှင့်အစည်းအဝေးတွင်

ကိုရိုနာဗိုင်းရပ်စ်ကမ္ဘာ့ကပ်ရောဂါကြောင့် တရားဝင်လုပ်သားအခြေအနေဆုံးရှုံးနိုင်သည့်ရွှေ့ပြောင်းလုပ်သားများအတွက် မှတ်ပုံတင်ရန်အချိန် ၆ လထပ်တိုးပေးရန် ထိုင်းအစိုးရအဖွဲ့ထံ အလုပ်သမားဝန်ကြီးဌာနကတောင်းဆိုမည်ဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးမှု ရလဒ်များအပါအဝင် အလုပ်ပါမစ်သက်တမ်းတိုးရန်လိုအပ်သော အချိန်နှင့်တပြေးညီတင်သွင်းရမည့် စာရွက်စာတမ်းများမရနိုင်သည့် ရွှေ့ပြောင်းလုပ်သားများ၏ တရားဝင်မှုအခြေအနေကိုထိန်းထားနိုင်ရန် သက်တမ်းတိုးပေးရေးစီစဉ်ခြင်းဖြစ်ကြောင်း အလုပ်သမားဝန်ကြီး ဆူချာ့ ချွန်ကလင်က ဗုဒ္ဓဟူးနေ့တွင်ပြောသည်။

ယခုနှစ်အတွင်းသက်တမ်းမတိုးနိုင်ပါက တရားဝင်ရွှေ့ပြောင်းလုပ်သား ၁.၇ သန်းသည် တရားဝင်အလုပ်လုပ်ခွင့်ဆုံးရှုံးနိုင်ကြောင်းလည်းပြောသည်။

အလုပ်မရှိသူများအပါအဝင် တရားမဝင်ရွှေ့ပြောင်းလုပ်သားများအနေနှင့် အာဏာပိုင်များထံမှတ်ပုံတင်ရန်လိုအပ်ပြီး ပါမစ်ကို ဝန်ကြီးဌာနဝက်ဆိုက်တွင် ဇန်နဝါရီ ၁၅ ရက်မှ ဖေဖော်ဝါရီ ၁၃ ရက်အထိ လျှောက်ထားနိုင်သည်။

မှတ်ပုံတင်ပြီးသူများအနေဖြင့် ထိုင်းတွင် ၂ နှစ်ကြာနေထိုင်အလုပ်လုပ်ခွင့်ရှိပြီး မှတ်ပုံတင်သူများအနေဖြင့် တရားမဝင်နေထိုင်ခြင်းအတွက် ပြစ်ဒဏ်ခံရမည်မဟုတ်ချေ။

တရားမဝင်ရွှေ့ပြောင်းလုပ်သားများ၏ ဇီဝအချက်အလက်များကောက်ယူခြင်းကို ဧပြီ ၁၆ ရက်နောက်ဆုံးထားပြီးအဆုံးသတ်မည်ဟု ဗုဒ္ဓဟူးနေ့က ဝန်ကြီးဌာနနှင့်အစည်းအဝေးတွင် အမျိုးသားလုံခြုံရေးအဖွဲ့များက အဆိုပြုသည်။

ပါမစ်သက်တမ်းတိုးလိုသည့် ရွှေ့ပြောင်းလုပ်သားတိုင်းကို ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားသည့် ဆေးရုံများတွင် ကိုရိုနာဗိုင်းရပ်စ်ရှိ၊ မရှိ အခကြေးငွေဖြင့် စစ်ဆေးပေးမည်ဟုလည်း ဝန်ကြီးကပြောသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

မြစ်ငါးဖမ်းသမားများအတွက် ပိုးဟပ်မွေးမြူရောင်းချသူ တစ်လ ဘတ်တစ်သိန်းကျော် ဝင်ငွေရ

မဲခေါင်၊ စက်တင်ဘာ ၃ ထိုင်းနိုင်ငံ၊ ဖစ္စနူလော့ခရိုင်နေ ၂၉ နှစ်အရွယ် ထိုင်းအမျိုးသမီးသည် မြစ်ငါးဖမ်းသမားများအတွက် ငါးစာအဖြစ် ပိုးဟပ်များကို မွေးမြူရောင်းချခြင်းမှ
နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

အရှေ့တောင်အာရှကျားဖြန့်များ ပြိုလဲမသွားဘဲ မြန်မာ၊ လာအိုနှင့် မလေးရှားတို့သို့ ရွှေ့ပြောင်းလည်ပတ်နေ

မဲခေါင်၊ စက်တင်ဘာ ၃ ကမ္ဘောဒီးယား သတင်းအချက်အလက်ဝန်ကြီးဌာနက ကျားဖြန့်လုပ်ငန်း အဆောက်အအုံပေါင်း ၂၅၀ ကျော်ကို ပိတ်သိမ်းခဲ့ပြီး နိုင်ငံခြားသား ၄၈၀၀၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

မွေးဖွားနှုန်း ကျဆင်းလွန်းနေသဖြင့် ရင်သွေးတစ်ဦးမွေးသည့် မိဘတိုင်း ဒေါ်လာ ၇ သောင်းပေးမည်ဟု စင်ကာပူ မက်လုံးပေးနေရ

မဲခေါင်၊ ဩဂုတ် ၂၇ စင်ကာပူနိုင်ငံတွင် မွေးဖွားနှုန်းကျဆင်းပြီး သက်ကြီးရွယ်အိုနှုန်း များပြားလာသည့် လူဦးရေကျုံ့မှု အန္တရာယ်ကြောင့် ရင်သွေးတစ်ဦး မွေးဖွားသည့်မိဘတိုင်းအား စင်ကာပူဒေါ်လာ ၇ သောင်း ထောက်ပံ့ပေးသွားမည်ဟု ဝန်ကြီးချုပ် လောရန့်ဝေါင်က လှုံ့ဆော်ကမ်းလှမ်းခဲ့သည်။ ယမန်နှစ်က စင်ကာပူနိုင်ငံရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

မယ်ဆိုင်တွင် ရပ်ထားသည့်ကားအတွင်း ICE ၁၀၀ ကီလိုဂရမ် သိမ်းဆည်းရမိပြီး မယ်ဟောင်ဆောင်နေ အမျိုးသားတစ်ဦးကို ဖမ်းဆီး

မဲခေါင်၊ ဩဂုတ် ၂၆ ယမန်နေ့ညနေပိုင်းက ချင်းရိုင်ခရိုင်၊ မယ်ဆိုင်ရှိ ဘန်ပိုင်ယန်ကျောင်းရှေ့ ရပ်ထားသော အနက်ရောင် ကားတစ်စီးကို မသင်္ကာသဖြင့် ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေး ICE ၁၀၀ ကီလိုဂရမ် သိမ်းဆည်းရမိပြီးနောက် အနီးအနားရှိ နေအိမ်တစ်လုံးကို ဝင်ရောက်ရှာဖွေရာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

ကမ္ဘာ့ပထမဆုံး တစ်ကိုယ်တော် ဖိုက်တာဂျက်ပိုင်းလော့ ဖြစ်လာရန် ထိုင်းမိဖုရား ဆုသီတာ စတင်လေ့ကျင့်

မဲခေါင်၊ ဩဂုတ် ၂၀ ပြီးခဲ့သည့် ဆီးဂိမ်းမှာပင် ရွက်လွှင့်ပြိုင်ပွဲ၌ ဦးဆောင်ယှဉ်ပြိုင်ခဲ့သလို အားကစားနည်းများစွာကို ကျွမ်းကျင်သည့် ထိုင်းမိဖုရားကြီး ဆုသီတာသည် ကမ္ဘာ့ပထမဆုံး တစ်ကိုယ်တော် ဖိုက်တာဂျက်လေယာဉ်မောင်းသည့် မိဖုရားဖြစ်လာနိုင်စေရန် ယနေ့မှစတင်ပြီး ထိုင်းတော်ဝင်လေတပ်၌ ဆွီဒင်ထုတ် Gripen ဖိုက်တာဂျက်လေယာဉ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

မြန်မာဘက်မှ တရုတ်မြေရှားလုပ်ကွက်များကြောင့် ရေထုညစ်ညမ်းမှု အထောက်အထားများကို တရုတ်သံရုံးမှတစ်ဆင့် တရုတ်အစိုးရထံ ထိုင်းပြည်သူ့ပါတီ တင်သွင်း

မဲခေါင်၊ ဇူလိုင် ၁၅ မြန်မာနိုင်ငံ နယ်စပ်ဒေသများတွင် တရားမဝင် တူးဖော်နေသည့် မြေရှားနှင့် ရွှေတူးဖော်ရေး လုပ်ကွက်များကြောင့် ထိုင်းဘက်သို့ စီးဆင်းလာသည့် မြစ်ချောင်းများအတွင်း အန္တရာယ်အလွန်များသော ရေထုညစ်ညမ်းမှုများ ဖြစ်ပေါ် နေရမှုကို ကိုင်တွယ်ဖြေရှင်းပေးရန် အထောက်အထား အချက်အလက်များစွာဖြင့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

ကိုရီးယား BTS အဖွဲ့ ဖျော်ဖြေပွဲလက်မှတ်အတုများကို ဘတ် ၁ ဒသမ ၈ သန်းဖိုး လိမ်ရောင်းသူ ၅ ဦးကို ဖမ်းဆီး

မဲခေါင်၊ ဇူလိုင် ၁၄ ဒီဇင်ဘာလတွင် ဘန်ကောက်သို့ ၃ ရက်ကြာ လာရောက်ဖျော်ဖြေမည့် ကမ္ဘာကျော် ကိုရီးယားတေးဂီတအဖွဲ့ BTS ၏ ဖျော်ဖြေပွဲလက်မှတ်အတုများကို လိမ်ရောင်းခဲ့ကာဘတ် ၁ ဒသမ ၈ သန်း လိမ်လည်ခဲ့သူ ၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်ဘက်သို့ သုံးဘီးဆိုင်ကယ် မောင်းနှင်ကြသူများအား အလုပ်အကိုင် လုယူနေသည်ဟု ထိုင်းတက္ကစီသမားများ စွပ်စွဲနေ

မဲခေါင်၊ ဇူလိုင် ၁၃ ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့ မြန်မာ – ထိုင်းနယ်စပ်၊ အမှတ် (၁) ချစ်ကြည်ရေးတံတားမှတဆင့် မယ်ဆိုင်မြို့နယ်အတွင်း သုံးဘီးဆိုင်ကယ်ဖြင့် ခရီးသည်များ လိုက်ပါပို့ဆောင်နေကြရာ ယင်းသုံးဘီးမောင်းနှင်သူများမှာ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်ပြီး ထိုင်းတက္ကစီသမားများ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now