အာစီယံဒေသတွင်း

ထိုင်းရောက်မြန်မာအမျိးသမီးတဦး အဓမ္မအကျင့်ခံရပြီး မီးရှိ့အလောင်းဖျောက်ခံရ

မဲခေါင် 20 Nov - 2021
မြန်မာလုပ်ဖော်ကိုင်ဖက်တယောက်ကို အဓမ္မပြုကျင့်ပြီး ထိုအမျိုးသမီးအလောင်းကို မီးရှို့ခဲ့သည်ဟု ထိုင်းအမျိုးသားတယောက်က ဝန်ခံသည်။ ကာဘင်ဘူရီမြို့ရှိ ကုမ္ပဏီတခုတွင် လျှပ်စစ်ဝန်ထမ်းဖြစ်သော အသက် ၂၇ နှစ်ရှိ ဘွန်လိုင် ဘွာမန်ကို ကြာသပတေးနေ့ညပိုင်းက ဝတ်သာနာနာခွန်မြို့ရှိ ဆွေမျိုးတယောက်အိမ်တွင် ဖမ်းမိခဲ့သည်။ ကြာသပတေးနေ့က ရုပ်အလောင်းကို စိုက်ခင်းထဲတွင်တွေ့ပြီးနောက် ဖမ်းဆီးနိုင်ခြင်းဖြစ်သည်။ ရဲစုံထောက်များ၊ မှုခင်းဆေးပညာအရာရှိများနှင့် ဆရာဝန်တယောက်က အခင်းဖြစ်ရာနေရာကိုစစ်ဆေးခဲ့ပြီး အလောင်းမီးရှိ့ရာတွင် သုံးသောကားတာယာ ၂ လုံးတွေ့ခဲ့ပြီးနောက်ပိုင်း ကျူးလွန်ခံရသူမှာအသက် ၂၁ နှစ်အရွယ် မြန်မာနိုင်ငံသားအမျိုးသမီးဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။ ကာဘင်ဘူရီရှိ အမျိးသမီး၏ အခန်းအနီးတွင်နေထိုင်ပြီး ကုမ္ပဏီတခုထဲတွင် အလုပ်လုပ်သော ဘွန်လိုင်းကို စုံစမ်းထောက်လှမ်းမှုများက ညွှန်ပြနေပြီး နိုဝင်ဘာ ၁၄ ရက်တွင် အမျိုးသမီးကို အဓမ္မခေါ်ဆောင်ခဲ့ကြောင်းယူဆခဲ့သည်။ စစ်ဆေးမေးမြန်းစဉ် ထိုအမျိုးသမီးကိုချစ်သောကြောင့်

မြန်မာလုပ်ဖော်ကိုင်ဖက်တယောက်ကို အဓမ္မပြုကျင့်ပြီး ထိုအမျိုးသမီးအလောင်းကို မီးရှို့ခဲ့သည်ဟု ထိုင်းအမျိုးသားတယောက်က ဝန်ခံသည်။

ကာဘင်ဘူရီမြို့ရှိ ကုမ္ပဏီတခုတွင် လျှပ်စစ်ဝန်ထမ်းဖြစ်သော အသက် ၂၇ နှစ်ရှိ ဘွန်လိုင် ဘွာမန်ကို ကြာသပတေးနေ့ညပိုင်းက ဝတ်သာနာနာခွန်မြို့ရှိ ဆွေမျိုးတယောက်အိမ်တွင် ဖမ်းမိခဲ့သည်။

ကြာသပတေးနေ့က ရုပ်အလောင်းကို စိုက်ခင်းထဲတွင်တွေ့ပြီးနောက် ဖမ်းဆီးနိုင်ခြင်းဖြစ်သည်။

ရဲစုံထောက်များ၊ မှုခင်းဆေးပညာအရာရှိများနှင့် ဆရာဝန်တယောက်က အခင်းဖြစ်ရာနေရာကိုစစ်ဆေးခဲ့ပြီး အလောင်းမီးရှိ့ရာတွင် သုံးသောကားတာယာ ၂ လုံးတွေ့ခဲ့ပြီးနောက်ပိုင်း ကျူးလွန်ခံရသူမှာအသက် ၂၁ နှစ်အရွယ် မြန်မာနိုင်ငံသားအမျိုးသမီးဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။

ကာဘင်ဘူရီရှိ အမျိးသမီး၏ အခန်းအနီးတွင်နေထိုင်ပြီး ကုမ္ပဏီတခုထဲတွင် အလုပ်လုပ်သော ဘွန်လိုင်းကို စုံစမ်းထောက်လှမ်းမှုများက ညွှန်ပြနေပြီး နိုဝင်ဘာ ၁၄ ရက်တွင် အမျိုးသမီးကို အဓမ္မခေါ်ဆောင်ခဲ့ကြောင်းယူဆခဲ့သည်။

စစ်ဆေးမေးမြန်းစဉ် ထိုအမျိုးသမီးကိုချစ်သောကြောင့် အဓမ္မခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ဘွန်လိုင်ကဝန်ခံသည်။

အမျိုးသမီး၏အခန်းတွင် အတူနေရန်ကြိုးစားသော်လည်း ငြင်းဆိုသောကြောင့် ရိုက်နှက်ပြီး အနီးရှိ ဆီအုန်းစိုက်ခင်းအတွင်းဆွဲခေါ်ခဲ့ကြောင်း၊ ထိုစဉ် ရုတ်တရက်ခွေးဟောင်သံကြားပြီးနောက် အမျိုးသမီးနှင့်အတူထွက်ပြေးခဲ့ကြောင်း၊ အနီးရှိ ရေကန်တကန်အတွင်းခုန်ချခဲ့ပြီးမှ အမျိုးသမီး ရေမကူးတတ်ကြောင်းသိရကာ ရေနစ်သေဆုံးခဲ့ကြောင်းလည်း ရဲတပ်ဖွဲ့ကိုပြောသည်။

နောက်တနေ့တွင် ပုံမှန်အတိုင်းအလုပ်သွားခဲ့ပြီးနောက် အလောင်းကိုတွေ့ခဲ့သဖြင့် စိုက်ခင်းတခုထံကားမောင်းသွားပြီး ကားတာယာပေါ်အလောင်းတင်ကာမီးရှို့ခဲ့ကြောင်းနှင့် ထွက်ပြေးခဲ့ကြောင်းလည်း ဘွန်လိုင်ကပြောသည်။

ပြီးခဲ့သည့်ရက်များအတွင်း အမျိုးအိမ်တွင်ပုန်းနေစဉ် သေဆုံးသူ၏ဝိဉာဉ်က သူ့ကိုခြောက်လှန်နေကြောင်း၊ ထို့ကြောင့် မနက်အစောပိုင်းများတွင် ဘုန်းတော်ကြီးများထံ လှူဒါန်းမှုများလုပ်ခဲ့သော်လည်း ဆက်လက်ခြောက်လှန်နေသဖြင့် နောက်ဆုံးတွင် သေဆုံးသူ၏အမဖြစ်သူထံ ဖုန်းဆက်ပြီး ဝန်ခံခဲ့သည်ဟုလည်း စုံထောက်များကိုဝန်ခံသည်။

ဥပဒေအရ အမှုကို ဆက်လက်ကိုင်တွယ်နေကြောင်း ထိုင်းရဲများကပြောသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

မြစ်ငါးဖမ်းသမားများအတွက် ပိုးဟပ်မွေးမြူရောင်းချသူ တစ်လ ဘတ်တစ်သိန်းကျော် ဝင်ငွေရ

မဲခေါင်၊ စက်တင်ဘာ ၃ ထိုင်းနိုင်ငံ၊ ဖစ္စနူလော့ခရိုင်နေ ၂၉ နှစ်အရွယ် ထိုင်းအမျိုးသမီးသည် မြစ်ငါးဖမ်းသမားများအတွက် ငါးစာအဖြစ် ပိုးဟပ်များကို မွေးမြူရောင်းချခြင်းမှ
နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

အရှေ့တောင်အာရှကျားဖြန့်များ ပြိုလဲမသွားဘဲ မြန်မာ၊ လာအိုနှင့် မလေးရှားတို့သို့ ရွှေ့ပြောင်းလည်ပတ်နေ

မဲခေါင်၊ စက်တင်ဘာ ၃ ကမ္ဘောဒီးယား သတင်းအချက်အလက်ဝန်ကြီးဌာနက ကျားဖြန့်လုပ်ငန်း အဆောက်အအုံပေါင်း ၂၅၀ ကျော်ကို ပိတ်သိမ်းခဲ့ပြီး နိုင်ငံခြားသား ၄၈၀၀၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

မွေးဖွားနှုန်း ကျဆင်းလွန်းနေသဖြင့် ရင်သွေးတစ်ဦးမွေးသည့် မိဘတိုင်း ဒေါ်လာ ၇ သောင်းပေးမည်ဟု စင်ကာပူ မက်လုံးပေးနေရ

မဲခေါင်၊ ဩဂုတ် ၂၇ စင်ကာပူနိုင်ငံတွင် မွေးဖွားနှုန်းကျဆင်းပြီး သက်ကြီးရွယ်အိုနှုန်း များပြားလာသည့် လူဦးရေကျုံ့မှု အန္တရာယ်ကြောင့် ရင်သွေးတစ်ဦး မွေးဖွားသည့်မိဘတိုင်းအား စင်ကာပူဒေါ်လာ ၇ သောင်း ထောက်ပံ့ပေးသွားမည်ဟု ဝန်ကြီးချုပ် လောရန့်ဝေါင်က လှုံ့ဆော်ကမ်းလှမ်းခဲ့သည်။ ယမန်နှစ်က စင်ကာပူနိုင်ငံရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

မယ်ဆိုင်တွင် ရပ်ထားသည့်ကားအတွင်း ICE ၁၀၀ ကီလိုဂရမ် သိမ်းဆည်းရမိပြီး မယ်ဟောင်ဆောင်နေ အမျိုးသားတစ်ဦးကို ဖမ်းဆီး

မဲခေါင်၊ ဩဂုတ် ၂၆ ယမန်နေ့ညနေပိုင်းက ချင်းရိုင်ခရိုင်၊ မယ်ဆိုင်ရှိ ဘန်ပိုင်ယန်ကျောင်းရှေ့ ရပ်ထားသော အနက်ရောင် ကားတစ်စီးကို မသင်္ကာသဖြင့် ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေး ICE ၁၀၀ ကီလိုဂရမ် သိမ်းဆည်းရမိပြီးနောက် အနီးအနားရှိ နေအိမ်တစ်လုံးကို ဝင်ရောက်ရှာဖွေရာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

ကမ္ဘာ့ပထမဆုံး တစ်ကိုယ်တော် ဖိုက်တာဂျက်ပိုင်းလော့ ဖြစ်လာရန် ထိုင်းမိဖုရား ဆုသီတာ စတင်လေ့ကျင့်

မဲခေါင်၊ ဩဂုတ် ၂၀ ပြီးခဲ့သည့် ဆီးဂိမ်းမှာပင် ရွက်လွှင့်ပြိုင်ပွဲ၌ ဦးဆောင်ယှဉ်ပြိုင်ခဲ့သလို အားကစားနည်းများစွာကို ကျွမ်းကျင်သည့် ထိုင်းမိဖုရားကြီး ဆုသီတာသည် ကမ္ဘာ့ပထမဆုံး တစ်ကိုယ်တော် ဖိုက်တာဂျက်လေယာဉ်မောင်းသည့် မိဖုရားဖြစ်လာနိုင်စေရန် ယနေ့မှစတင်ပြီး ထိုင်းတော်ဝင်လေတပ်၌ ဆွီဒင်ထုတ် Gripen ဖိုက်တာဂျက်လေယာဉ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

မြန်မာဘက်မှ တရုတ်မြေရှားလုပ်ကွက်များကြောင့် ရေထုညစ်ညမ်းမှု အထောက်အထားများကို တရုတ်သံရုံးမှတစ်ဆင့် တရုတ်အစိုးရထံ ထိုင်းပြည်သူ့ပါတီ တင်သွင်း

မဲခေါင်၊ ဇူလိုင် ၁၅ မြန်မာနိုင်ငံ နယ်စပ်ဒေသများတွင် တရားမဝင် တူးဖော်နေသည့် မြေရှားနှင့် ရွှေတူးဖော်ရေး လုပ်ကွက်များကြောင့် ထိုင်းဘက်သို့ စီးဆင်းလာသည့် မြစ်ချောင်းများအတွင်း အန္တရာယ်အလွန်များသော ရေထုညစ်ညမ်းမှုများ ဖြစ်ပေါ် နေရမှုကို ကိုင်တွယ်ဖြေရှင်းပေးရန် အထောက်အထား အချက်အလက်များစွာဖြင့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

ကိုရီးယား BTS အဖွဲ့ ဖျော်ဖြေပွဲလက်မှတ်အတုများကို ဘတ် ၁ ဒသမ ၈ သန်းဖိုး လိမ်ရောင်းသူ ၅ ဦးကို ဖမ်းဆီး

မဲခေါင်၊ ဇူလိုင် ၁၄ ဒီဇင်ဘာလတွင် ဘန်ကောက်သို့ ၃ ရက်ကြာ လာရောက်ဖျော်ဖြေမည့် ကမ္ဘာကျော် ကိုရီးယားတေးဂီတအဖွဲ့ BTS ၏ ဖျော်ဖြေပွဲလက်မှတ်အတုများကို လိမ်ရောင်းခဲ့ကာဘတ် ၁ ဒသမ ၈ သန်း လိမ်လည်ခဲ့သူ ၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်ဘက်သို့ သုံးဘီးဆိုင်ကယ် မောင်းနှင်ကြသူများအား အလုပ်အကိုင် လုယူနေသည်ဟု ထိုင်းတက္ကစီသမားများ စွပ်စွဲနေ

မဲခေါင်၊ ဇူလိုင် ၁၃ ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့ မြန်မာ – ထိုင်းနယ်စပ်၊ အမှတ် (၁) ချစ်ကြည်ရေးတံတားမှတဆင့် မယ်ဆိုင်မြို့နယ်အတွင်း သုံးဘီးဆိုင်ကယ်ဖြင့် ခရီးသည်များ လိုက်ပါပို့ဆောင်နေကြရာ ယင်းသုံးဘီးမောင်းနှင်သူများမှာ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်ပြီး ထိုင်းတက္ကစီသမားများ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now