ထိုင်းတွင် မိမိချစ်သူထံမှ ပန်းနှင့်ငွေ မည်သည့်အရာ ပိုအလိုရှိကြောင်း စစ်တမ်းကောက်
မဲခေါင်၊ ဖေဖော်ဝါရီ ၁၄
ထိုင်းနိုင်ငံ North Bangkok Poll စစ်တမ်းကောက်ယူမှုအဖွဲ့သည် ဖေဖော်ဝါရီ ၁၄ ရက်တွင် ကျရောက်မည့် ချစ်သူများနေ့မတိုင်မီ ထိုနေ့၌ ချစ်ရသူထံမှ ပန်းနှင့်ငွေ မည်သည့်အရာ ပိုအလိုရှိကြသနည်းဆိုခြင်းကို စစ်တမ်း ကောက်ခံခဲ့သည်။
ဖေဖော်ဝါရီ ၄ ရက်မှ ၁၁ ရက်အတွင်း ထိုင်းနိုင်ငံနေရာအနှံ့အပြားမှ ထိုစစ်တမ်းမေးခွန်း၌ အယောက် ၁၅၀၀ ဖြေကြားခဲ့ကြပြီး ငွေထက် ပန်းပေးခံရခြင်းအပေါ် ပိုမိုနှစ်သက်ကြသည်ဟု မဲပေးခဲ့ကြောင်း သိရှိရသည်။
ပန်းပေးခံရခြင်းကိုကြိုက်သည်ဟု ၃၁ . ၂ ရာခိုင်နှုန်းက ရွေးချယ်ခဲ့ကာ ထို့နောက်မှ ငွေသားကြိုက်သည်ဟု ဆိုသူ ၂၄ . ၅ ရာခိုင်နှုန်း၊ ရေမွှေးနှင့် လက်ကိုင်အိတ်များကြိုက်သူ ၈ . ၉ ရာခိုင်နှုန်း၊ အိမ်၊ ကားစသဖြင့် တန်ဖိုးကြီးသည် များကြိုက်သူ ၅ . ၃ ရာခိုင်နှုန်း၊ လက်လုပ်လက်ဆောင်ကတ်ကြိုက်သူ ၅ . ၁ ရာခိုင်နှုန်း၊ လက်စွပ်၊ ဆွဲကြိုး၊ ကျောက်မျက်ရတနာကြိုက်သူ (၄ . ၄ ရာခိုင်နှုန်း) ဖြေဆိုသည်။
ချောကလက်၊ သကြားလုံးစသည်တို့ကို ကြိုက်သူ ၃ . ၇ ရာခိုင်နှုန်း၊ အရုပ်စသဖြင့် ချစ်စရာလက်ဆောင်ကြိုက်သူ ၃ . ၅ ရာခိုင်နှုန်း၊ ဘာမှမလို ချစ်သည်ဆိုသော စကား သာ လိုအပ်သည်ဆိုသူ ၂ . ၈ ရာခိုင်နှုန်း၊ ကိုယ့်ချစ်သူအပေါ် ဂရုစိုက်ခြင်း၊ မလိမ်လည်၊ မဖောက်ပြန်ခြင်း၊ စကား ရိုင်းရိုင်းမပြောခြင်း စသည့်ရောရာများ ကြိုက်သူ ၁၀ . ၆ ရာခိုင်နှုန်း ရှိသည်ဟု အဖြေထွက်ခဲ့ကြောင်း စစ်တမ်း ကောက်ခံရေးအဖွဲ့ က ထုတ်ပြန်သည်။
Ref: matichon
ကိုကလင်း
#MeKongNews








