ဘန်ကောက်မှာ ဆေးခြောက် တရားမဝင် စီးပွားဖြစ်စိုက်ပျိုးတဲ့ ဗီယက်နမ်နိုင်ငံသား ဖမ်းဆီးခံရ
မဲခေါင်၊ ဇန်နဝါရီ ၂၉
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ အဆောက်အအုံဝန်းထဲ ဆေးခြောက်ကို တရားမဝင်စီးပွားဖြစ် စိုက်ပျိုးထားလို့ ထိုင်းရဲတပ်ဖွဲ့က ဇန်နဝါရီ ၂၈ ရက်မှာ ဝင်ရောက်ဖမ်းဆီးလို့ ဗီယက်နမ်နိုင်ငံသား မစ္စတာငုယင်ဆိုသူကို ဖမ်းဆီးရမိခဲ့ပါတယ်။
စိုက်ပျိုးရေးအသုံးအဆောင်ပစ္စည်းတွေ၊ အပူအအေး ရာသီဥတု ထိန်းညှိပေးတဲ့ စနစ်တပ်ဆင်ထား မှုတွေကိုပါ ရဲတပ်ဖွဲ့က လက်ပူးလက်ကျပ် မိခဲ့တာဖြစ်ပြီး ဖမ်းဆီးရမိတဲ့ ဗီယက်နမ်သားဟာ တစ်လ ဘတ် ၂၀၀၀၀ လစာ ပေးပြီး ဆေးခြောက်ပင်တွေကို စိုက်ပျိုး ပျိုးထောင်ဖို့ ခိုင်းစေခံထားရသူဖြစ်တယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံမှာ ဆေးခြောက် စိုက်ပျိုးခွင့်ပြုထားပေမယ့် တရားမဝင် စီးပွားဖြစ် စိုက်ပျိုးတာမျိုး ခွင့်မပြုထားဘဲ ဒီအမှုအကြောင့် အဆောက်အအုံပိုင်ရှင်ရော ဗီယက်နမ်သား အလုပ်သမားပါ ဖမ်ဆီးပြီး ထောင်ဒဏ်အမြင့်ဆုံး ၁ နှစ် သို့မဟုတ် ဒဏ်ငွေ ဘတ် ၂၀၀၀၀ ၊ ပြစ်ဒဏ် နှစ်ရပ်စလုံး ကျခံရနိုင်ကြောင်း သိရှိရပါတယ်။
Ref:Khaosod
MKF-001
#MeKongNews









