ထောင်အတွင်းမှာ ကျားဖြန့်တွေ ဇိမ်ကျနေတယ်လို့ ထိုင်း တက်ကြွလှုပ်ရှားသူ ပြော
မဲခေါင်၊ ဇန်နဝါရီ ၂၂
ဘန်ကောက်အထူးထောင်မှာ ၂၀၂၂-၂၃ ခုနှစ်တွေအတွင်း အကျဉ်းချခံခဲ့ရတဲ့ ထိုင်းအလွတ်တန်းသတင်းသမား လည်းဖြစ် နိုင်ငံရေးတက်ကြွလှုပ်ရှားသူလည်းဖြစ်တဲ့ အီကာချိုင်ဟောင်ကန်ဝမ်က ထောင်ထဲမှာရှိနေတုန်း ကျားဖြန့်တရုတ်ထောင်သားတွေဟာ ဇိမ်ခံသူဌေးတွေဘ၀မျိုးနဲ့ နေချင်သလိုနေ လုပ်ချင်သလို လုပ်ခွင့်ရကြကြောင်း ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။
လက်ရှိအချိန် ထိုင်းအစိုးရဟာ သူတို့နိုင်ငံထဲကနေတစ်ဆင့် လူမှောင်ခိုကူးခံရတဲ့ နိုင်ငံခြားသားပေါင်းများစွာဟာ မြန်မာအပါအဝင် အိမ်နီးချင်နိုင်ငံတချို့က ကျားဖြန်လုပ်ငန်းတွေဆီ ရောက်ရှိပြီး ပိတ်လှောင်ခံနေရမှုတွေ ဆက်တိုက် ကမ္ဘာသိ ပေါ်ပေါက်ခဲ့လို့ အရှက်ရနေပြီး ၆ လစီမံကိန်းနဲ့ ကျားဖြန်၊ လူမှောင်ခိုနဲ့ မူးယစ်ဆေးဝါးအရေး နှိမ်နင်းသွားမယ်လို့ ဒုဝန်ကြီးချုပ်ကိုယ်တိုင်က ပြောဆိုထားပြီး ဝန်ကြီးချုပ်ပေထောင်တန်ကလည်း တရုတ်နှစ်သစ်ကူးကာလမှာ တရုတ်လူမျိုးတွေ နိုင်ငံတွင်းလာဖို့ မကြောက်ကြဘဲ လုံခြုံရေးအာမခံချက်ပေးမယ် လို့ ကတိပြု တောင်းပန်တိုးလျှိုး ပြောဆိုနေရပါတယ်။
ဒီအခြေအနေမှာ စစ်အာဏာသိမ်း ထိုင်းဗိုလ်ချုပ် ပရာဝစ်ကို ရိုးလက်စ်နာရီတွေများစွာ ပိုင်ဆိုင်ပြီး ပိုင်ဆိုင်မှု စစ်ဆေးဖို့ တောင်းဆိုရာမှာ ရိုးလက်စ်ဗိုလ်ချုပ်လို့ ခေါ်တွင်ခဲ့မှု၊ ဘုရင်စနစ်ကို ဦးထိပ်ထား လုပ်စားနေတဲ့ နိုင်ငံလို့ အသံကုန်ဟစ် ဆန္ဒထုတ်ဖော်ခဲ့ရာက ဖမ်းဆီးခံခဲ့ရတဲ့ အီကာချိုင်က ထိုင်းအကျဉ်းထောင်တွေထဲမှာ တရုတ် ကျားဖြန်ရာဇဝတ်သားတွေ ကြောက်တာ တရုတ်ကို ပြန်မပို့ဖို့ တစ်ခုသာရှိပါတယ်။
ပြန်ပို့ရင် သေဒဏ်ခံရမှာကို သာ စိုးရိမ်ပြီး ဘန်ကောက်အထူးထောင်မှာ ဒီတရုတ်တွေဟာ ထောင်တွင်းအလုပ်မလုပ်ရ၊ နိုင်ငံတော် အလံ အလေးပြုမှုမှာ ပါဝင်စရာမလို၊ တန်ကြေးကြီးလှတဲ့ ဆယ်လ်မွန်ငါးကြီးတွေနဲ့ တခြား တန်ဖိုးမြင့် အစားအသောက်တွေကို စိတ်ကြိုက်မှာယူ ချက်ခိုင်းပြီး စားသောက်နိုင်ကြကြောင်း၊ စိကရက်ဆိုရင် ဘတ် ၁၅၀၀၀ တန် စီးကရက်ကို သောက်ကြပြီး အဆောင် ၁၁ မှာ သူတို့အတွက် ဇိမ်ခံသီးသန့်အခန်းတွေ ထားရှိပေး ကာ ဂီတသံတွေကို အထူး အသံစနစ်တပ်ဆင်ပေးရာအခန်းတွေမှာကို လွတ်လပ်စွာ နားထောင် သီဆိုနိုင်ကြ ကြောင်း၊ တခြား ထိုင်းအကျဉ်းသားတွေကိုလည်း ကျွန်အဖြစ် ငွေပေးပြီး ခေါ်ယူလို့ ခိုင်းချင်သမျှ ခိုင်းကာ နေထိုင် ကြတယ်လို့ ဇန်နဝါရီ ၂၀ ရက်နေ့မှာပဲ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။
အီကာချိုင်ဟာ ထိုင်းနိုင်ငံရဲ့ အာဏာသိမ်းစစ်တပ်ခေါင်းဆောင်တွေအပေါ် အရဲရင့်ဆုံး ဝေဖန်တိုက်ခိုက်ခဲ့သဖြစ် လို့ ၂၀၁၈ ခုနှစ်ဝန်းကျင်က ပိုင်ဆိုင်တဲ့ ကား ၂ စီး မီးတင်ရှို့ခံရသလို အကြမ်းဖက်နှိပ်စက်ခံရမှု ၆ ကြိမ်ထက် မနည်းလည်း ခံခဲ့ရသူဖြစ်ပါတယ်။
Ref: Khaosod English
MKF-001
#MeKongNews








