ထိုင်း-မြန်မာနယ်စပ်မှာ မူးယစ်ဆေးသယ်သူနဲ့ ထိုင်းတပ်တို့ ပစ်ခတ်မှုဖြစ်လို့ လေးဦးသေ
မဲခေါင်၊ ဇန်နဝါရီ ၁၅
မူးယစ်မှောင်ခိုသမားတွေနဲ့ ထိုင်းနယ်ခြားစောင့်တပ်တို့ ထိုင်း-မြန်မာနယ်စပ်အနီးမှာ ဇန်နဝါရီ ၁၃ ရက် ညပိုင်းက အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ ထိုင်းဒေသတွင်း သတင်းတွေအရ သိရပါတယ်။
ချင်းရိုင်ခရိုင်၊ မယ့်ဖာလုံခရိုင်ခွဲအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ဒီပစ်ခတ်မှုမှာ မှောင်ခိုသမား ၄ ဦး သေဆုံးခဲ့ပြီး မူးယစ်ဆေးဝါး ၁၁၅၅ ကီလိုဂရမ် သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
မှောင်ခိုသမားတွေဟာ ထိုင်းနယ်ခြားစောင့်တပ်နဲ့ တွေ့တဲ့အချိန်မှာ ပစ်ခတ်ခဲ့တာကြောင့် တိုက်ပွဲပုံစံဖြစ်ပွားခဲ့ပြီး Ice မူးယစ်ဆေးတွေကို အိတ်တွေနဲ့ ထည့်သယ်ခဲ့တာလို့ ထိုင်းဒေသတွင်း သတင်းဌာနက ရေးသားပါတယ်။
Ref: MAESAIPRESS
MKF-001
#MeKongNews







