အာစီယံဒေသတွင်း

တီမောလက်စတေနိုင်ငံကို ၁၁ နိုင်ငံမြောက်အာဆီယံအဖွဲ့ဝင်အဖြစ် အာဆီယံက မူအားဖြင့်သဘောတူ

မဲခေါင် 12 Nov - 2022
တီမောလက်စတေနိုင်ငံကို အာဆီယံအဖွဲ့ရဲ့ ၁၁ နိုင်ငံမြောက်အဖွဲ့ဝင်နိုင်ငံအဖြစ် မူအားဖြင့်သဘောတူလိုက်တယ်လို့ ဖနွမ်းပင်မြို့မှာ ထိပ်သီးအစည်းအဝေးကြောင့်စုဝေးနေတဲ့အာဆီယံခေါင်းဆောင်တွေရဲ့ နိုဝင်ဘာ ၁၁ ရက် သောကြာနေ့မှာထုတ်ပြန်တဲ့ထုတ်ပြန်ချက်မှာပါဝင်ပါတယ်။ ဆက်စပ်အစည်းအဝေးတွေအပါအဝင် အာဆီယံအစည်းအဝေးတွေမှာ တီမောနိုင်ငံကို လေ့လာစောင့်ကြည့်သူအဖြစ် တက်ရောက်ခွင့်ပြုတော့မှာပါ။ တီမောလက်စတေ အပြည့်အဝအဖွဲ့ဝင်ဖြစ်ဖို့ မျှတတဲ့မှတ်ကျောက်တွေကိုအခြေခံတဲ့လမ်းပြမြေပုံတခုရှိနေလိမ့်မယ်လို့ ထုတ်ပြန်ချက်တွေမှာပါဝင်ပါတယ်။ စွမ်းရည်မြှင့်တင်ရေးအကူအညီတွေနဲ့ အာဆီယံမှာ အဖွဲ့ဝင်အပြည့်အဝဖြစ်ရေး လိုအပ်တဲ့အထောက်အပံ့တိုင်းကို ဖြည့်ဆည်းပေးပြီး တီမောလက်စတေကို အဖွဲ့ဝင်ဖြစ်ရေး သမိုင်းမှတ်တိုင်ကို အောင်မြင်မှုရဖို့ အဖွဲ့ဝင်နိုင်ငံအားလုံးနဲ့ ပြင်ပနိုင်ငံတွေက ထောက်ပံ့လိမ့်မယ်လို့ အာဆီယံခေါင်းဆောင်တွေက ပြောပါတယ်။ အချိန်အတော်ကြာအောင် တီမောလက်စတေရဲ့အဖွဲ့ဝင်ဖြစ်ခွင့်ကို အာဆီယံက ဆွေးနွေးခဲ့တယ်လို့ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းကပြောပါတယ်။ လူဦးရေ ၁.၃၇ သန်းရှိတဲ့တီမောနိုင်ငံဟာ ၂၀၀၂ ခုနှစ်မှာ အင်ဒိုနီးရှားနိုင်ငံဆီကနေ လွတ်လပ်ရေးရခဲ့ပြီး ၂၀၁၁ ခုနှစ်မှာ အာဆီယံအဖွဲ့ဝင်ဖြစ်ခွင့်အတွက်

တီမောလက်စတေနိုင်ငံကို အာဆီယံအဖွဲ့ရဲ့ ၁၁ နိုင်ငံမြောက်အဖွဲ့ဝင်နိုင်ငံအဖြစ် မူအားဖြင့်သဘောတူလိုက်တယ်လို့ ဖနွမ်းပင်မြို့မှာ ထိပ်သီးအစည်းအဝေးကြောင့်စုဝေးနေတဲ့အာဆီယံခေါင်းဆောင်တွေရဲ့ နိုဝင်ဘာ ၁၁ ရက် သောကြာနေ့မှာထုတ်ပြန်တဲ့ထုတ်ပြန်ချက်မှာပါဝင်ပါတယ်။

ဆက်စပ်အစည်းအဝေးတွေအပါအဝင် အာဆီယံအစည်းအဝေးတွေမှာ တီမောနိုင်ငံကို လေ့လာစောင့်ကြည့်သူအဖြစ် တက်ရောက်ခွင့်ပြုတော့မှာပါ။

တီမောလက်စတေ အပြည့်အဝအဖွဲ့ဝင်ဖြစ်ဖို့ မျှတတဲ့မှတ်ကျောက်တွေကိုအခြေခံတဲ့လမ်းပြမြေပုံတခုရှိနေလိမ့်မယ်လို့ ထုတ်ပြန်ချက်တွေမှာပါဝင်ပါတယ်။

စွမ်းရည်မြှင့်တင်ရေးအကူအညီတွေနဲ့ အာဆီယံမှာ အဖွဲ့ဝင်အပြည့်အဝဖြစ်ရေး လိုအပ်တဲ့အထောက်အပံ့တိုင်းကို ဖြည့်ဆည်းပေးပြီး တီမောလက်စတေကို အဖွဲ့ဝင်ဖြစ်ရေး သမိုင်းမှတ်တိုင်ကို အောင်မြင်မှုရဖို့ အဖွဲ့ဝင်နိုင်ငံအားလုံးနဲ့ ပြင်ပနိုင်ငံတွေက ထောက်ပံ့လိမ့်မယ်လို့ အာဆီယံခေါင်းဆောင်တွေက ပြောပါတယ်။

အချိန်အတော်ကြာအောင် တီမောလက်စတေရဲ့အဖွဲ့ဝင်ဖြစ်ခွင့်ကို အာဆီယံက ဆွေးနွေးခဲ့တယ်လို့ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းကပြောပါတယ်။

လူဦးရေ ၁.၃၇ သန်းရှိတဲ့တီမောနိုင်ငံဟာ ၂၀၀၂ ခုနှစ်မှာ အင်ဒိုနီးရှားနိုင်ငံဆီကနေ လွတ်လပ်ရေးရခဲ့ပြီး ၂၀၁၁ ခုနှစ်မှာ အာဆီယံအဖွဲ့ဝင်ဖြစ်ခွင့်အတွက် တရားဝင်လျှောက်ထားခဲ့ပါတယ်။

အခုနှစ်အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံက အာဆီယံကို နောက်ဆုံးအဖြစ် ၁၉၉၉ ခုနှစ်မှာ အဖွဲ့ဝင်ဖြစ်လာခဲ့ပါတယ်။

၁၉၆၇ ခုနှစ်မှာ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်းနဲ့ ဖိလစ်ပိုင် ၅ နိုင်ငံတို့နဲ့စတင်တည်ထောင်ခဲ့တဲ့ အာဆီယံအဖွဲ့ကို ၁၉၈၄ ခုနှစ်မှာ ဘရူနိုင်း၊ ၁၉၉၅ ခုနှစ်မှာ ဗီယက်နမ်နဲ့ ၁၉၉၇ ခုနှစ်မှာ မြန်မာနဲ့ လာအိုတို့က ထပ်မံပူးပေါင်းခဲ့ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

မြစ်ငါးဖမ်းသမားများအတွက် ပိုးဟပ်မွေးမြူရောင်းချသူ တစ်လ ဘတ်တစ်သိန်းကျော် ဝင်ငွေရ

မဲခေါင်၊ စက်တင်ဘာ ၃ ထိုင်းနိုင်ငံ၊ ဖစ္စနူလော့ခရိုင်နေ ၂၉ နှစ်အရွယ် ထိုင်းအမျိုးသမီးသည် မြစ်ငါးဖမ်းသမားများအတွက် ငါးစာအဖြစ် ပိုးဟပ်များကို မွေးမြူရောင်းချခြင်းမှ
နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

အရှေ့တောင်အာရှကျားဖြန့်များ ပြိုလဲမသွားဘဲ မြန်မာ၊ လာအိုနှင့် မလေးရှားတို့သို့ ရွှေ့ပြောင်းလည်ပတ်နေ

မဲခေါင်၊ စက်တင်ဘာ ၃ ကမ္ဘောဒီးယား သတင်းအချက်အလက်ဝန်ကြီးဌာနက ကျားဖြန့်လုပ်ငန်း အဆောက်အအုံပေါင်း ၂၅၀ ကျော်ကို ပိတ်သိမ်းခဲ့ပြီး နိုင်ငံခြားသား ၄၈၀၀၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

မွေးဖွားနှုန်း ကျဆင်းလွန်းနေသဖြင့် ရင်သွေးတစ်ဦးမွေးသည့် မိဘတိုင်း ဒေါ်လာ ၇ သောင်းပေးမည်ဟု စင်ကာပူ မက်လုံးပေးနေရ

မဲခေါင်၊ ဩဂုတ် ၂၇ စင်ကာပူနိုင်ငံတွင် မွေးဖွားနှုန်းကျဆင်းပြီး သက်ကြီးရွယ်အိုနှုန်း များပြားလာသည့် လူဦးရေကျုံ့မှု အန္တရာယ်ကြောင့် ရင်သွေးတစ်ဦး မွေးဖွားသည့်မိဘတိုင်းအား စင်ကာပူဒေါ်လာ ၇ သောင်း ထောက်ပံ့ပေးသွားမည်ဟု ဝန်ကြီးချုပ် လောရန့်ဝေါင်က လှုံ့ဆော်ကမ်းလှမ်းခဲ့သည်။ ယမန်နှစ်က စင်ကာပူနိုင်ငံရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

မယ်ဆိုင်တွင် ရပ်ထားသည့်ကားအတွင်း ICE ၁၀၀ ကီလိုဂရမ် သိမ်းဆည်းရမိပြီး မယ်ဟောင်ဆောင်နေ အမျိုးသားတစ်ဦးကို ဖမ်းဆီး

မဲခေါင်၊ ဩဂုတ် ၂၆ ယမန်နေ့ညနေပိုင်းက ချင်းရိုင်ခရိုင်၊ မယ်ဆိုင်ရှိ ဘန်ပိုင်ယန်ကျောင်းရှေ့ ရပ်ထားသော အနက်ရောင် ကားတစ်စီးကို မသင်္ကာသဖြင့် ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေး ICE ၁၀၀ ကီလိုဂရမ် သိမ်းဆည်းရမိပြီးနောက် အနီးအနားရှိ နေအိမ်တစ်လုံးကို ဝင်ရောက်ရှာဖွေရာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

ကမ္ဘာ့ပထမဆုံး တစ်ကိုယ်တော် ဖိုက်တာဂျက်ပိုင်းလော့ ဖြစ်လာရန် ထိုင်းမိဖုရား ဆုသီတာ စတင်လေ့ကျင့်

မဲခေါင်၊ ဩဂုတ် ၂၀ ပြီးခဲ့သည့် ဆီးဂိမ်းမှာပင် ရွက်လွှင့်ပြိုင်ပွဲ၌ ဦးဆောင်ယှဉ်ပြိုင်ခဲ့သလို အားကစားနည်းများစွာကို ကျွမ်းကျင်သည့် ထိုင်းမိဖုရားကြီး ဆုသီတာသည် ကမ္ဘာ့ပထမဆုံး တစ်ကိုယ်တော် ဖိုက်တာဂျက်လေယာဉ်မောင်းသည့် မိဖုရားဖြစ်လာနိုင်စေရန် ယနေ့မှစတင်ပြီး ထိုင်းတော်ဝင်လေတပ်၌ ဆွီဒင်ထုတ် Gripen ဖိုက်တာဂျက်လေယာဉ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

မြန်မာဘက်မှ တရုတ်မြေရှားလုပ်ကွက်များကြောင့် ရေထုညစ်ညမ်းမှု အထောက်အထားများကို တရုတ်သံရုံးမှတစ်ဆင့် တရုတ်အစိုးရထံ ထိုင်းပြည်သူ့ပါတီ တင်သွင်း

မဲခေါင်၊ ဇူလိုင် ၁၅ မြန်မာနိုင်ငံ နယ်စပ်ဒေသများတွင် တရားမဝင် တူးဖော်နေသည့် မြေရှားနှင့် ရွှေတူးဖော်ရေး လုပ်ကွက်များကြောင့် ထိုင်းဘက်သို့ စီးဆင်းလာသည့် မြစ်ချောင်းများအတွင်း အန္တရာယ်အလွန်များသော ရေထုညစ်ညမ်းမှုများ ဖြစ်ပေါ် နေရမှုကို ကိုင်တွယ်ဖြေရှင်းပေးရန် အထောက်အထား အချက်အလက်များစွာဖြင့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

ကိုရီးယား BTS အဖွဲ့ ဖျော်ဖြေပွဲလက်မှတ်အတုများကို ဘတ် ၁ ဒသမ ၈ သန်းဖိုး လိမ်ရောင်းသူ ၅ ဦးကို ဖမ်းဆီး

မဲခေါင်၊ ဇူလိုင် ၁၄ ဒီဇင်ဘာလတွင် ဘန်ကောက်သို့ ၃ ရက်ကြာ လာရောက်ဖျော်ဖြေမည့် ကမ္ဘာကျော် ကိုရီးယားတေးဂီတအဖွဲ့ BTS ၏ ဖျော်ဖြေပွဲလက်မှတ်အတုများကို လိမ်ရောင်းခဲ့ကာဘတ် ၁ ဒသမ ၈ သန်း လိမ်လည်ခဲ့သူ ၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်ဘက်သို့ သုံးဘီးဆိုင်ကယ် မောင်းနှင်ကြသူများအား အလုပ်အကိုင် လုယူနေသည်ဟု ထိုင်းတက္ကစီသမားများ စွပ်စွဲနေ

မဲခေါင်၊ ဇူလိုင် ၁၃ ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့ မြန်မာ – ထိုင်းနယ်စပ်၊ အမှတ် (၁) ချစ်ကြည်ရေးတံတားမှတဆင့် မယ်ဆိုင်မြို့နယ်အတွင်း သုံးဘီးဆိုင်ကယ်ဖြင့် ခရီးသည်များ လိုက်ပါပို့ဆောင်နေကြရာ ယင်းသုံးဘီးမောင်းနှင်သူများမှာ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်ပြီး ထိုင်းတက္ကစီသမားများ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now